၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသရဲ့ မြောက်ပိုင်းရှိ ရှမ်း-တရုတ် နယ်စပ် အနီးမှာရှိတဲ့ မိုင်းပေါက်ဒေသက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေဟာ ၁၀ နှစ်အတွင်းမှာ ၈ ဆခန့် များလာတယ်လို့ Shan Human Rights Foundation (SHRF) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ မိုင်းပေါက်ဒေသမှာ မြေရှားသတ္တုတွင်း ၃ ခုသာရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ်မှာတော့ ၂၆ တွင်းရှိနေတာကို ဂြိုလ်တုဓာတ်ပုံကနေ တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

မြေရှားသတ္တုတွင်း ၂၆ တွင်းထဲမှာ တချို့ သတ္တုတွင်းတွေဟာ မိုင်းပေါက်မြို့နဲ့ ၃-၄ ကီလိုမီတာ ခန့်လောက်သာ ကွာဝေးနေသလို တွေ့မြင်ရတဲ့ သတ္တုတွင်းတွေဟာ ကချင်ပြည်နယ်က မြေရှားသတ္တုတူး ဖော်ရေးလုပ်ငန်း ပုံစံနဲ့ အတိအကျတူညီနေတယ်လို့ သိရပါတယ်။

မိုင်းပေါက်ဒေသက မြေရှားသတ္တုတွေကို တူးဖော်ရာမှာ “In situ leaching” ဆိုတဲ့ နည်းလမ်းလို့ ခေါ်တဲ့ ဓာတုပစ္စည်းတွေကို တောင်ကုန်းတွေထဲကို ပိုက်တွေနဲ့ လောင်းထည့်ပြီး မြေရှား ထုတ်ယူနေတာဟာ သဘာ၀ပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေပြီး မြေပေါ်မြေအောက် ရေအရင်းအမြစ်တွေကိုလည်း ညစ်ညမ်းစေတယ်လို့ သိရပါတယ်။
အခုလို ‌မြေရှားသတ္တုတူးဖော်တဲ့ လုပ်ငန်းတွေဟာ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကျောင်းတွေကို ခြိမ်းခြောက်နေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် မိုးကြီးခဲ့ချိန်ကလည်း မိုင်းပေါက်မြို့ လယ်တစ်ခုလုံးဟာ ပတ်ဝန်းကျင်တောင်တန်းတွေကနေ တောင်ကျရေတွေ စီးဆင်းလာမှုကြောင့် မကြုံစဖူး ရေကြီးမှုဒဏ်ကို ခံစားခဲ့ရတဲ့အပြင် ရေထဲမှာလည်း မြေရှားသတ္တုတွင်းက အဆိပ်အတောက်တွေနဲ့ ညစ်ညမ်းနေခဲ့ပြီး ၃ ရက်အကြာမှသာ ရေတွေ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

“မြေရှားသတ္တုကနေ စွန့်ထုတ်တဲ့ ဓာတုစွန့်ပစ်ရေက မြေအောက်အထိ စိမ့်ဝင်ပါတယ်… အဲ့ဒီမြေအောက်ရေရဲ့ ညစ်ညမ်းမှုက တကယ်လို့ သတ္တုတူးပြီး ဆယ်နှစ်ကြာသည်အထိ မပျောက်သွားဘူး၊ ဒါကို ကချင်ဘက်က သုတေသနတချို့ လုပ်ထားတာရှိပါတယ်။ အဲ့ဒီအဆိပ်သင့်ရေကို သုံးစွဲမိတဲ့ ပြည်သူတွေက ကျောက်ကပ်၊ ကင်ဆာလို ရောဂါတွေ ခံစားရပါတယ်” လို့ SHRF မှ ယိင်းလျန်းဟန်က မောင်းသတင်းဌာနကို ပြောပါတယ်။

အဆိုပါမြေရှားသတ္တုတွင်းတွေထဲက တစ်ခုဆိုရင် မိုင်းပေါက်မြို့ရဲ့ တောင်ဘက် ၃ ကီလိုမီတာအကွာမှာ ရှိပြီး လယ်ယာမြေကို ဖြတ်သန်းကာ မြို့တစ်လျှောက် စီးဆင်းနေတဲ့ ဖိုင် ချောင်းဘေးမှာ တည်ရှိနေတာကြောင့် အဲဒီချောင်းနဲ့ အနီးနားက မြေအောက်ရေတွေဟာ ညစ်ညမ်းသွားနိုင်ဖွယ်ရှိသလို ထောင်ပေါင်းများစွာသော မြို့နေလူထုရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်အာဏာရှင်ကို တော်လှန်လိုသည့် တော်လှန်ပြည်သူများအား SSNDF / KNDF B-102 ဖိတ်ခေါ် (ရုပ်/သံ)

စစ်အာဏာရှင်ကို တော်လှန်လိုတဲ့ တော်လှန်ပြည်သူတွေကို ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF / KNDF) B-102 က အတူလက်တွဲဖို့ ဖိတ်ခေါ်နေပါတယ်။ 
Read More

မတ္တရာနှင့် ပုသိမ်ကြီးအစပ်ရှိ စခန်းများအား MDY PDF နှင့်ပူးပေါင်းတပ်များ သိမ်းပိုက်အပြီး စစ်အုပ်စု လေကြောင်း ဆက်တိုက် တိုက်ခိုက်နေ

မန္တလေးတိုင်း၊ မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်က အကြမ်းဖက်စစ်စခန်းတွေကို MDY PDF နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်အပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ကာ ပြန်လည် ထိုးစစ်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စတုတ္ထအကြိမ် လေလံပွဲမှာလည်း ဝယ်သူမရှိသေးသည့် ဒေါ်အောင်ဆန်းစုကြည် နှစ် ၂၀ ကျော် အကျယ်ချုပ်ကျခဲ့သည့် ခြံအမှတ် ၅၄

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းမှာ တည်ရှိတဲ့ ခြံ အမှတ် ၅၄ ကို ကျပ်ငွေ ၂၇၀ ဘီလီယံနဲ့ ဧပြီ ၂၉ ရက် ဒီနေ့မနက်ပိုင်းမှာ စတုတ္ထအကြိမ် လေလံတင်ရောင်းချခဲ့ရာ ဝယ်ယူတဲ့သူ မရှိခဲ့ဘူးလို့ သိရပါတယ်။
Read More

ကန်ချနဘူရီမှာ ရဲလိုက်ဖမ်းလို့ တရားမဝင် ရွှေ့ပြောင်းမြန်မာ ၂၈ ဦး၏ကား တိမ်းမှောက်၊ ထိခိုက်သေဆုံးသူမရှိဘဲ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ သောင်ဖာဖုမ်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၈ ယောက်ကို တင်ဆောင်လာတဲ့ မှောင်ခိုသမား မောင်းနှင်တဲ့ ကားတစီး ရဲလိုက်လို့ ထွက်ပြေးရင်း လမ်းဘေးကျပြီး တိမ်းမှောက်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်ကြောင်း၂ခု ရှေ့ဆက်နိုင်ရန် စစ်ကောင်စီ လေကြောင်းပစ်ကူသုံး လမ်းရှင်းနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ပခုက္ကူမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေက ​ကမ္မမြို့နဲ့ ပေါက်မြို့နယ်အတွင်း ဝင်ရောက်နေပြီး လေကြောင်းပစ်အကူအညီတွေနဲ့အတူ ရှေ့ဆက်တက်ဖို့ကြိုးစားနေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြု

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုခဲ့တယ်လို့ သိရပါတယ်။