တနင်္သာရီတိုင်း မြိတ်မြို့ကနေ တနင်္သာရီမြို့ဘက်သို့ လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၂ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၉ ရက်က နံနက်ပိုင်းက မြိတ်မြို့ကနေ တနင်္သာရီမြို့ဘက်သို့ လာတဲ့ စစ်ယာဉ် ၈ စီးကို ကမ်းတိုရွာကြားမှာ တစ်ကြိမ်နဲ့ ကော့မပြင်းရွာလမ်းပိုင်းမှာ တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ယာဉ်တန်းမှာ စစ်ယာဉ် ၂ စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်သားတွေ ထိခိုက်ဒဏ်ရာ ရရှိမှုများခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တနင်္သာရီ ပကဖ ဇုန် ၅၊ ဇုန် ၃ နဲ့ ကျားနက်တပ်စိတ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

Video -တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ

0 Shares:
You May Also Like
Read More

ဆင်ပေါင်ဝဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် ၈ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုံးမြှောင်ဂိတ်ကနေ ဝါးစေ့မြှောင်ဂိတ်ကိုလာတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေဟာ ဧပြီ ၂၃ ရက် ညနေပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ယောက်အပါအဝင် ၈ ယောက်သေခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၅ တပ်ရင်းထံက သိရပါတယ်။
Read More

အာရှလမ်း စိုးမိုးနိုင်ရေး ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များ တတံကူးကျေးရွာအနီး တိုက်ပွဲ ဖြစ် (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တတံကူးကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ် မင်းထောင့်ဆိပ်ကမ်းမှ ထွက်လာတဲ့ စစ်ကော်မရှင်ရေယာဉ်တွေကို ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မင်းထောင့်ဆိပ်ကမ်းမှ ထွက်လာတဲ့ စစ်ကော်မရှင်ရေယာဉ်တွေကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖြူးမြို့နယ် စိုးမိုးနယ်မြေများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့် (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေအတွင်း လုံခြုံရေး ကင်းလှည့်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပကဖအသံက ဖော်ပြထားပါတယ်။
Read More

အမှတ် ၁၀၀၉ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရင်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်ရုပ်သံမှတ်တမ်းဖိုင်ထုတ်ပြန် (ရုပ်/သံ)

အမှတ် ၁၀၀၉ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရင်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်ရုပ်သံမှတ်တမ်းဖိုင်ထုတ်ပြန် (ရုပ်/သံ)
Read More

ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင်မှာ ဝန်းရံတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၂၃ ရက် မနေ့က မနက် ၆ နာရီဝန်းကျင်ခန့်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ စစ်တောင်းမြစ်ဝှမ်း - ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးထံက သိရပါတယ်။