တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဘုတ်ခြံအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သား စုဆောင်းခံထားရတဲ့ စစ်သား (၂) ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ (၂၁) ရက် ဒီနေ့မှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဘုတ်ခြံအခြေစိုက် ခလရ (၁၇) က တပ်ကြပ်ကြီးစာရေး (အကူ) ၁ ယောက်နဲ့ ဒုတပ်ကြပ် (၁) ယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ (၃၅) နယ်မြေ၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သား ၂ ယောက်ဟာ MA-1 ရိုင်ဖယ် (၁) လက်၊ MA-2 စက်ကလေး (၁) လက်၊ လက်ပစ်ဗုံး (၂) လုံး၊ M-14 နင်းမိုင်း (၁) ခု၊ ကျည်ဘောက် (၁၅)ခု၊ ကပစထုတ် ၅.၅၆ ကျည် (၇၉ဝ) တောင့် ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
အလင်းဝင် စစ်သားတွေဟာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း အခြေခံစစ်သင်တန်း အပတ်စဉ် (၂) တက်ရောက်ဖို့ အတင်းအဓမ္မ စစ်သားစုဆောင်းခံခဲ့ရကာ ခလရ (၁၇) မှာ တာဝန်ချထားခံခဲ့ရတာဖြစ်ပြီး အခုချိန်မှာတော့ အလင်းဝင်စစ်သား ၂ ယောက်ကို ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားရှိထားတယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဆိုပါတယ်။

မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းအနေနဲ့ စစ်အောက်စီလက်အောက်ကနေ ရုန်းထွက်လာမယ့် သူတိုင်းကို အမြဲလက်ကမ်း ကြိုဆိုနေတာ​ကြောင့် စစ်ကောင်စီတပ်အတွင်း အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိတာဝန်ထမ်းဆောင်နေရသူတွေအနေနဲ့ သတ္တိမွေးပြီး ရုန်းထွက်ခဲ့ဖို့ တိုက်တွန်းထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

NUG ကို တရားဝင် ပြည်သူ့အစိုးရအဖြစ် ILO မှတဆင့် စတင်အသိအမှတ်ပြုမှုရရှိရေး ထိုက်သင့်သည့်အောင်မြင်မှု ရရှိနေပြီဟု ယာယီသမ္မတ ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင် ပြည်သူ့အစိုးရအဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကတဆင့် စတင်အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းနေရာ ထိုက်သင့်တဲ့ အောင်မြင်မှု ရရှိနေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။
Read More

စလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် ဌာနဆိုင်ရာရုံးများကို တိုက်ခိုက်…

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးယန္တရားအောက်ရှိ ဌာနဆိုင်ရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဗမာ့တပ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သရက်ခရိုင် PDF တပ်ရင်း (၄)မှ ပြည်သူလူထုနှင့် တွေ့ဆုံပြီး ကျေးရွာချင်းဆက်လမ်းများ ပြုပြင်ပေးနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် တပ်ရင်း အမှတ် (၄) က စိုးမိုးနယ်မြေအတွင်းရှိ ကျေးရွာတွေမှာ လူထုတွေ့ဆုံပွဲနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကြို့ပင်ကောက်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် မိဘ ၂ ပါး သေဆုံးကာ သားနှင့်သမီး ကျန်ရစ်ခဲ့

ပဲခူးတိုင်း၊ ကြိုပင်ကောက်မြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဇနီးမောင်နှံ သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကိုင်းခရိုင် တပ်ရင်း (၁) ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး စစ်အုပ်စုထံ ဝင်ရောက်သွားသည်ဟု ဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမှတ် (၁) စစ်ဒေသ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၁) ကကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက်ဟာ စစ်အုပ်စုထံ အလင်းဝင်ရောက်သွားတယ်လို့ အဆိုပါတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။
Read More

စာသင်ကျောင်းမှာ ‘ကျောင်းဆရာဆရာမများ စာသင်ရပ်ရန်’ ဆိုပြီး စာကပ်သွားလို့ အုပ်ကြီးက စစ်တပ်ကိုလှမ်းတိုင်၊ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ဒေသခံတွေ ထွက်ပြေးရ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မင်းပြားကျေးရွာစာသင်ကျောင်းမှာ ကျောင်းဆရာဆရာမများ စာသင်ရပ်ရန် ဆိုတဲ့ စာလာကပ်ထားလို့ဆိုပြီး အုပ်ချုပ်ရေးမှူးက ဓာတ်ပုံရိုက်ကာ အကြမ်းဖက်စစ်တပ်ကို အကြောင်းကြားခဲ့လို့ စစ်တပ်က ကား ၂စီးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတွေလည်း ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။