မကွေးတိုင်း ၊ ဆောမြို့နယ်ရှိ ဆီပေပါ သိုလှောင်ရုံကို စစ်အုပ်စုက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် စက်သုံးဆီပေပါတွေ မီးလောင်ပျက်စီးသွားတယ်လို့ ယောအလင်းတန်းဆီက သိရပါတယ်။
ဇွန်လ ၂၁ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ တံတားဦးလေတပ်ကနေ တက်လာတဲ့ Y 12 တစ်စီးဟာ ဆောမြို့၊ဒေသအခေါ် ပြင်ခြောက်နားတစ်ဝိုက်ကို ဗုံးသီး (၃) လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆော-ဆိပ်ဖြူ ကားလမ်းဘေး ခြံတစ်ခြံထဲမှာ သိုလှောင်ထားတဲ့ စက်သုံးဆီပေပါ ၈၀ ခန့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ဆီပေပါတွေက အဲ့မြို့နားတစ်ဝိုက် ရောင်းချနေတဲ့သူတွေ သိုလှောင်ထားတဲ့ ပေပါတွေပါ၊ PDF နဲ့ မဆိုင်ပါဘူး၊ မကြာခဏဆိုသလို အတင်၊အချတွေတော့ ရှိပါတယ်” လို့ ယောအလင်းတန်းမှ ကိုအောင်ကြီးက မောင်းသတင်းဌာနကို ပြောပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေမရှိပေမယ့်လည်း ယာယီတဲတစ်လုံး နဲ့ စက်သုံးဆီပေပါ အလုံး ၈၀ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အနီးနားကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာမျိုးမရှိသလို ဇွန်လထဲမှာ ဆောနယ်အတွင်း အခုလို လေကြောင်းကြဲခံရတာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ထိတွေ့တိုက်ပွဲ မဖြစ်ပွားဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ Y – 12 ဟာ ဆောနယ်ဘက်ကိုတစ်ကြိမ်သာ ကြဲပြီးနောက် ဆက်လက်ပျံသန်းသွားကာ ပေါက်နယ်အနောက်ခြမ်းကို ၁၀ ကြိမ်ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ သိရပါတယ်။

ပုံစာ – လေကြောင်းပစ်ခတ်မှုကြောင့် မီးလောင်သွားတဲ့ ဆီပေပါများ
0 Shares:
You May Also Like
Read More

ဗိုလ်တစ်ထောင် ရေတပ်က ဗိုလ်ကြီး ၁ ဦးနှင့် ဘားအံ ရတဖ ၂၂ က ရဲတပ်သား ၁ ဦး ကျားသစ်နက်စစ်ကြောင်းဆီ အလင်းဝင်လာ

ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရေတပ်က ဗိုလ်ကြီး ၁ ယောက်နဲ့ ဘားအံအခြေစိုက်  ရတဖ ၂၂ (ရဲတပ်ရင်း) က ရဲတပ်သား ၁ ယောက် အလင်းဝင်ရောက်လာတယ်လို့ ကျားသစ်နက်စစ်ကြောင်း (Black Panther Column) က ထုတ်ပြန်ထားပါတယ်။
Read More

ခမရ (၅၅၇)တပ်ရင်းမှ တပ်သား(၁)ဦး တနင်္သာရီမြို့နယ် ပကဖထံ လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇)တပ်ရင်းက စစ်သား(၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မောင်ရွှေလေးရေတပ်စခန်းကို ဆုံးရှုံးသွားခဲ့တဲ့ စစ်ကောင်စီရေတပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ရုရှားရေတပ်သင်္ဘောများ မြန်မာနိုင်ငံကို ရောက်ရှိနေဟုဆို

စစ်ကောင်စီရေတပ်နဲ့ ရေကြောင်းစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ဖို့ မြန်မာနိုင်ငံကို ရုရှားရေတပ်သင်္ဘောအုပ်စုတစ်စု ရောက်ရှိနေကြောင်း စစ်ကောင်စီရဲ့မီဒီယာကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

ရေဘေးသင့် ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော် Eagle

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် ၉၀၁ တပ်ရင်း ၊ နေပြည်တော် PDF က ရဲဘော် ၁ ယောက်ဟာ ရေတာရှည်မြို့နယ်မှာ ရေဘေးသင့်ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တယ်လို့ အမှတ် ၉၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းဆီ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့ အလင်းဝင် (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းဆီ အခုတစ်ပတ်အတွင်း စစ်​ကောင်စီတပ်သား ၂ ယောက်က လက်နက်နဲ့ အလင်းဝင်​ရောက်လာခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲတွင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၄) ဦး သေဆုံးပြီး ကလေးငယ် (၂) ဦးအပါ (၁၄) ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် (၂၃) လုံးနှင့် စာသင်ကျောင်း (၂) ကျောင်း ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်မှာ ဟန်ပြ အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄) ယောက် သေဆုံးခဲ့ပြီး ကလေးငယ် (၂) ယောက် အပါအ၀င် (၁၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။