စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။

ခန္တီးမြို့ အခြေစိုက် ခလရ ၅၂ တပ်ရင်းမှ ပြည်သူ့စစ် ၁ ယောက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်က NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ခန္တီးမြို့နယ် ပကဖ ဆီကို လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပကဖ တွေအနေနဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးပြီး ရန်သူ့တပ်ဖွဲ့ဝင်(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေကို ဆက်တိုက် အလင်းဝင်၊ လက်နက်ချလာစေဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ချောက်တွင် ပေါ်တာဆွဲခံရသည့် ကိုရီးယားဘာသာစကားသင်တန်းကျောင်းမှ လူငယ်များအား စစ်တပ်မှ ငွေကျပ်သိန်း ၇၀ အထိ တောင်းပြီး ပြန်လွှတ်…

"ဖမ်းဆီးခံရတဲ့လူငယ် ၁၃ယောက်မှာ (စက်တင်ဘာလ) ၄ ရက်နေ့ ညနေပိုင်းက ၉ ယောက် ပြန်လွတ်လာတယ်။ ၅ ရက်နေ့ နေ့လည်ပိုင်းကျ ၄ယောက် ပြန်လွတ်လာတယ်တယ် ။ လူငယ်တွေကို သူတို့မိဘတွေက ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ခံဝန်ကတိတွေ ထိုးပြီး ငွေကျပ်သိန်း ၆၀၊ ၇၀နဲ့ သွားရောက်ရွေးခဲ့ရပါတယ်။ မိဘတွေမှာ ရှာကြံ ချေးငှားပေးရတာပေါ့။" လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပေါ်တာဆွဲဖို့ထွက်လာသည့် စစ်အုပ်စုကားကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကားထိခိုက်ပျက်စီးပြီး သေဆုံးသူတွေလည်းရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကားထိခိုက်ပျက်စီးပြီး ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ရှဲဒိုးက  မောင်းကိုပြောပါတယ်။
Read More

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘားအံလာမည့်အတွက် လုံခြုံရေးတိုးမြင့်ပြီး အစစ်ဆေးတင်းကြပ်နေဟုဆို

ကရင်ပြည်နယ်၊ ဘားအံမြို့ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမည်ဆိုသည့်အတွက် လုံခြုံရေးတိုးမြင့်ထားပြီး၊ အစစ်ဆေးလည်းတင်းကြပ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ လက်ရှိမှာတော့ စစ်ကော်မရှင်တပ်သားတွေဟာ ဘားအံမြို့နေရာတော်တော်များများမှာ ကင်းချထားပြီး စစ်ဆေးမှုများ တင်းကြပ်ထားသလို မြို့ဝင်၊ မြို့ထွက်အားလုံးမှာလည်း စစ်ဆေးမှုတွေ တိုးမြင့်လုပ်ဆောင်နေတယ် ဆိုပါတယ်။
Read More

တောင်သာမှာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်ဘက်၊ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။
Read More

မိတ္ထီလာ သူနာပြုသင်တန်းကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်က အစိုးရသူနာပြု သင်တန်းကျောင်းမှာ ကျောင်းသူတစ်ယောက် မီးလောင် သေဆုံးနေခဲ့တယ်လို့ သိရပါတယ်။
Read More

သဲဖြူရွာက ညီအစ်ကို  ၂ ယောက်ကို စစ်အုပ်စု ခေါင်းဖြတ်သတ်ခဲ့

တနင်္သာရီမြို့နယ်ရှိ သဲဖြူရွာက ညီအစ်ကို ၂ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ KNU - Mergui - Tavoy District က သြဂုတ်လ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။