ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၃ ယောက် သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၇၀၃ (မီးနဂါးတပ်ဖွဲ့) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၀ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ အင်္ဂနီရုံးတိုင်းကျေးရွာ ကားလမ်းဘေးမှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား(၃) ယောက် နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အနီးတစ်ဝိုက်ရှိ စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုတွေ ရှိပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရွှေကျင်မြို့နယ်၊ ရွှေကျင်-သံဆိပ်ကားလမ်းပေါ်မှာ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းတွေဟာ ရှမ်းရွာဂိတ်ကစလို့ အင်္ဂနီရုံးတိုင်းရွာအထိ ကားလမ်းတစ်​လျှောက် လမ်းကင်းယူကာ ရိက္ခာပို့ဆောင်နေတာတွေ ရှိနေတယ်လို့ မီးနဂါးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကော်သူးလေနိုင်ငံတော်ထူထောင်မှု ကရင့်တော်လှန်ရေးနှင့် ကရင့်အမျိုးသား ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ် သည့် လုပ်ရပ်ဟု KNU ဆို

ကော်သူးလေ အစိုးရကိုဖွဲ့စည်းပြီး ကော်သူးလေးနိုင်ငံတော် ထူထောင်တယ်လို့ ကြေညာခဲ့တဲ့ စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA ရဲ့ လုပ်ရပ်ဟာ ကရင့်တော်လှန်‌ရေးနဲ့ ကရင့်အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်တာသာဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံးနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ KNU က ထုတ်ပြန်ပါတယ်။ 
Read More

ရဲဘော် ရာဇာနှင့် ရဲဘော် သီဟလေး သင်သွားလိုရာကို လွတ်လပ်စွာ သွားနိုင်ပါပြီ

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ရဲဘော် ရာဇာနဲ့ ရဲဘော် သီဟလေးတို့ဟာ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရှေ့ဆင့်နောက်ဆင့်ပဲ ရဲဝင့်စွာ အသက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရပ်ကွက် ၂ ခုက စစ်ကောင်စီခန့် ရပ်ကွက်အာဏာပိုင်တွေ ဗုံးပစ်တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေတွေရှိနေတဲ့ ရပ်ကွက်ရုံး၂ခု တစ်နေ့တည်းဗုံးပစ်တိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

မန္တလေးမြို့က မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို တော်လှန်လူငယ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ဆားတောင်တွင် အကြမ်းဖက်စစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှုများ ရှိကာ လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အစပ်နဲ့ ဆားတောင်မြို့ အနောက်ဘက်ခြမ်းမှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ထိတွေ့တိုက်ပွဲတွေရှိခဲ့ပြီး စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ဖာပွန်ခရိုင်တပ်ရင်း ၁ က ဇန်နဝါရီလမှာ မြေပြင်နဲ့ ဝေဟင်စစ်ဆင်ရေး ၉ ကြိမ် ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ ယောက်ထက်မနည်း သေဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၂၅ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ (P27001) -Spring Warriors Column က ဇန်နဝါရီ ၁ လအတွင်း ညောင်လေးပင်ခရိုင်မှာ မြေပြင်နဲ့ ဝေဟင် စစ်ဆင်ရေး ၉ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။