ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ခပေါင်းချောင်းရေ မြင့်တက်လာတဲ့အတွက် ရပ်ကွက်အချို့နဲ့ ကျေးရွာ တွေမှာ ချောင်းရေဝင်ရောက်လာပြီး အရေးပေါ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန်လ ၂၀ ရက် ဒီနေ့ မနက်ပိုင်းမှာ ခပေါင်းချောင်းရေ ရုတ်တရက်မြင့်တက်လာပြီး ချောင်းဘေးရှိ မန်ကျဉ်းပင်၊ ဖိုးဆိပ်၊ ပွက်စုကျေးရွာတွေကို ရေဝင်ရောက်နေသလို မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်၊ မြစ် ကမ်းဘေးဆောက်လုပ်ထားတဲ့ အဆောက်အအုံတချို့ ရေစီးနဲ့အတူ မျောပါသွားတယ်လို့ သိရပါတယ်။

ရေစီးသန်တဲ့အတွက် ကျေးရွာတွေမှာလည်း ကမ်းပါးတွေ ပြိုကျခဲ့ပြီး အရေးပေါ်ရွှေ့ပြောင်းနိုင်ဖို့ ပရဟိတအဖွဲ့တွေက ကူညီရွှေ့ပြောင်းပေးလျက်ရှိတယ်လို့ သိရပါတယ်။

စစ်တောင်းမြစ်ရေရဲ့ စိုးရိမ်ရေမှတ်ဟာ ၆၀၀ စင်တီမီတာသတ်မှတ်ထားပြီး လက်ရှိ ၄၁၇ စင်တီမီတာသို့ ရောက်ရှိနေကာ နောက် ၂၄ နာရီအတွင်း ၄၄၇ စင်တာမီတာသို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ကျုံဒိုးမြို့နယ် သလွဲထော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက်သေဆုံးပြီး ကိုရင် ၁ ပါး အပါအဝင် ပြည်သူ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် သလွဲထော်ကျေးရွာကို ဧပြီ ၁၈ ရက် မနေ့ကအကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ယောက်သေဆုံးပြီး ကိုရင် ၁ ပါးအပါအဝင် ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်မြို့ပေါ်မှ စစ်ကော်မရှင်တပ်သား ချစ်မိုး ‌အလင်းဝင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သား ချစ်မိုး အလင်းဝင်ရောက်လာတယ်လို့ ဘုတလင်မြို့နယ်‌ရွေ့လျားစစ်‌ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ၏ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များကို အပြင်းထန်ဆုံး လက်တုံ့ပြန့်သွားမည်ဟု AYA PDF ထုတ်ပြန် (ရုပ်/သံ)

ဧရာဝတီတိုင်းအတွင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ လူနေကျေးရွာနဲ့ အိမ်ခြေအဆောက်အအုံ၊ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအား အပြင်းထန်ဆုံးလက်တုံ့ပြန်သွားမယ်လို့ AYA PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ အမတ ၃၁၈ တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နဘ် မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ အမတ ၃၁၈ တပ်စခန်းကို အောက်တိုဘာ ၈ ရက် နံနက် ၅ နာရီခန့်ကနေ ၁၀ နာရီခွဲအချိန်အထိ SF-Z ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက် ခိုက်ပြီး ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)ထံက သိရပါတယတိုက်ခိုက်ခံရတဲ့ အမတ ၃၁၈ အတွင်းရှိ လက်နက်ကြီး အထိုင်စခန်းနေရာ ထိခိုက်ပျက်စီးခဲ့ပြီး လက်နက်တိုက်နဲ့ အဆောက်အအုံတွေလည်း ပျက်စီးမှုရှိခဲ့ကာ စစ်ကောင်စီတပ်သား ၁ ယောက်သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

နေပြည်တော် ဟိုတယ်အေးချမ်းသာမှာ ပိတ်မိနေသည့် အမျိုးသား ၁ ယောက်ကို ငလျင်လှုပ်ခတ်ပြီး ၅ ရက်အကြာမှာ ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

နေပြည်တော် ဥတ္တရသီရိမြို့နယ် ဟိုတယ်အေးချမ်းသာအဆောက်အအုံမှာ ပိတ်မိနေသူ ၂ ယောက်ထဲက ၁ ယောက်ကို  ဒီနေ့ မတ်လ ၂ ရက် မနက်အစောပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။