ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ပြိုင်းစေ့ကေရွာစစ်စခန်းကို အာရက္ခတပ်တော် AA က တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်း ကာကင်းစခန်းဖြစ်တဲ့ ပြိုင်းစေ့ကေကျေးရွာရှိ စစ်တပ်စခန်းကို အာရက္ခတပ်တော် (AA)က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး အမှတ် ၃၂ ရဲတပ်ရင်းကိုလည်း ပိတ်ဆို့တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး ဖမ်းဆီးရမိသူလည်း များစွာရှိတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့သိမ်းတိုက်ပွဲမှာ နှမ်းဖဲတောင်တပ်စခန်း၊ မင်းတပ်တောင်တပ်စခန်းနဲ့ လိပ်ခမော် တပ်စခန်းတွေကို AA က တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

မြစ်ကြီးနားတွင် ဆိုလာပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုလာပလပ်ခုံအပူလွန်ကဲရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့  သိရပါတယ်။
Read More

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းက ကျေးရွာကို စစ်အုပ်စုလက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့ စစ်က မီးရှို့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်အုပ်စုလက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်က နောင်ထော်ယန်းပိုင်းကျေးရွာကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာရှင်ကြောင့် ချုပ်ငြိမ်းခဲ့ရတဲ့ လူ့အခွင့်အရေးတွေ ပြန်ရတဲ့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CRPH အဖွဲ့ဝင်များ ပြောကြား (ရုပ်/သံ)

(၇၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် “ငါတို့အသံ၊ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး” ကမ်ပိန်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်များက ယခုလိုပဲ ပြောကြားခဲ့ပါတယ်။
Read More

ခမရ ၆၀၃ တပ်ရင်းကို ရိက္ခာပို့လာတဲ့ စစ်ယာဉ်တန်းနဲ့ ထိုးဝါးချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု စစ်သား ၅ ယောက်သေပြီး ခဲယမ်းအချို့သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့နယ် တောင်ငူ-လိပ်သိုလမ်းမပေါ်မှာ ခမရ ၆၀၃ တပ်ရင်းကို ရိက္ခာပို့ပြန်လာတဲ့ စစ်ယာဉ်တန်းနဲ့ ထိုးဝါးချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက် ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Kenni Twilight Zoneမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်မြို့နယ် မှော်တောင် ဆန်းကြွယ်ရွာမှာ စစ်ကော်မရှင်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်တောင်း၊ ဆန်းကြွယ်ရွာမှာ စစ်ကော်မရှင်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး အရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေထံက သိရပါတယ်။
Read More

စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီ တပ်မ ၃၃ နှင့် အုန်းတော ၆၀၀၅ တင့်ကားတပ်တို့ ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်များ ပိတ်ဆို့တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ တပ်မ ၃၃ နဲ့ အုန်းတော ၆၀၀၅ တင့်ကား တပ်တို့ ပူးပေါင်းစစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်လျက်ရှိတယ်လို့ YOUNG WOLF PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။