ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ အင်းစိန်ဘူတာအပါအဝင် မီးရထားစက်ခေါင်းစက်ရုံနဲ့ မြို့ပတ်ဒီဇယ်စက်ရုံ (တိုင်း ၇) နားက မီးရထား ပင်စင်စားတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်ဆိုသူတွေက အတင်းအကျပ် ဖယ်ရှားခိုင်းထားကြောင်း နေထိုင်သူ ၁ ယောက်က မောင်းကို ပြောပါတယ်။

အင်းစိန်မြို့နယ်အတွင်းက မီးရထားပင်စင်စား ဝန်ထမ်းဟောင်းတွေနေထိုင်ရာ အထက်ပါနေရာတွေက နေအိမ်တွေကို ဇွန်လ ၂၀ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့အတွက် အာဏာပိုင်ဆိုသူတွေက အတင်းအကျပ် တောင်းဆိုနေတယ်လို့လည်း သိရပါတယ်။

အာဏာပိုင်တွေက သူတို့ရဲ့ပြောကြားချက်အပေါ် နေထိုင်သူတွေမလိုက်နာရင် စစ်တပ်နဲ့ ရဲခေါ်ယူပြီး အင်အားသုံးဖယ်ရှားသွားမှာဖြစ်​ကြောင်းနဲ့ ဒီလိုမျိုးအင်အားသုံးဖြေရှင်းရမယ်ဆိုရင် ဘာပစ္စည်းမှ ယူဆောင်ခွင့်ပေးသွားမှာ မဟုတ်ကြောင်း၊ ဖျက်ရုံဖျက်ပြီး ပစ္စည်းပုံထားတဲ့ အိမ်တွေကိုပါ ထပ်မံအရေးယူဖမ်းဆီးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

“စက်ရုံပိုင်ရှင် MAE က စစ်တပ်ကိုခေါ်ပြီး အတင်းမောင်းထုတ်နေတာပါ။ အခုက မဖျက်ရင် အရေးယူမယ်ဆိုလို့ ကိုယ့်အိမ်ကို ကိုယ့်ဘာသာ ဖျက်နေကြရတယ်။ ကုန်သလောက်တော့ရှိနေပါပြီ။ အခုက ချက်ချင်းပြောင်းဖို့မလွယ်တော့ အိမ်ငှားရှာဖို့ အချိန် တစ်လလောက် အချိန်ပေးပါဆိုပြီး တောင်းဆိုထားတာကိုလည်း သူတို့က ဘာအကြောင်းပြချက်မှ မရဘူးပြောပါတယ်” လို့​ နေထိုင်သူ ၁ ယောက်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီ ဖယ်ရှားခိုင်းနေတဲ့ နေရာတွေထဲ အင်းစိ န်ပန်းခြံ ဘူတာရုံနားတစ်ဝိုက် အပါအဝင် အနောက်ကြို့ကုန်းမြို့ပတ် ဒီဇယ်စက်ရုံနဲ့ ပိန္နဲကုန်းရပ်ကွက် စက်ခေါင်းစက်ရုံနားက နေအိမ် ၂၀၀ နီးပါး ပါဝင်ကြောင်းသိရပါတယ်။

” စက်ခေါင်းစက်ရုံက ရထားသံလမ်းအနောက်ဘက်ခြမ်း မြို့ပတ်ဒီဇယ်စက်ရုံနဲ့ အင်းစိန်ဘူတာက ရထားသံလမ်း အရှေ့ဘက်ခြမ်းပါ။ ၃ နေရာလုံးက နီးနီးလေးပါ” လို့ နေထိုင်သူ ၁ယောက်က ပြောခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာရပြီးချိန်ကစလို့ စစ်ကောင်စီက နိုင်ငံတစ်ဝန်း အရပ်သားတွေနေထိုင်ရာ အိုးအိမ်တွေကို မကြာခဏဆိုသလို ကျူးကျော်ဝင်​ရောက် နေထိုင်သူတွေအဖြစ် တံဆိပ်ကပ် ဖယ်ရှားနေတာလည်း ဖြစ်ပါတယ်။

မီးရထားပင်စင်စား ဝန်ထမ်းဟောင်းများ၏ နေအိမ်များ ဖျက်ထားရသည်ကို တွေ့ရစဥ် (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြု

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

ကြံ့ခိုင်ရေးကို မဲပေးပါက စစ်မှုထမ်းကမ်းလွတ်ခွင့်ရမည်ဟု မဲဆွယ်သည့် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ ကွေ့ချောင်းရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဟာ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကို မဲပေးရင် စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်လို့ မဲဆွယ်ခဲ့ပြီးတဲ့နောက် ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

ဝေါမြို့နယ်မှာ စစ်ကောင်စီရဲ့ X-Ray စစ်ဆေးဂိတ်ကို ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်ခဲ့…

ပဲခူးခရိုင်၊ ဝေါမြို့နယ်က ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ X-Ray စက်တပ်ဆင်ထားတဲ့ စစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဆီက သိရပါတယ်။
Read More

ကျွန်းစုမှာ အရပ်သားတွေဆီက ခြိမ်းခြောက်ငွေတောင်းနေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခု ရှိနေပြီး အဲဒီအဖွဲ့အကြောင်း မြို့နယ် ပကဖ စုံစမ်းနေ

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက PDF တွေအပေါ် ပြည်သူတွေအထင်အမြင်လွဲမှားစေနိုင်တဲ့ ကိစ္စတွေလုပ်ဆောင်နေကြောင်းနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေမရှိကြောင်း ကျွန်းစုမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော် ပကဖထံ ပြည်သူ့ကာကွယ်ရေး ထောက်ပံ့တပ်စု (CSC-Japan) လာရောက်တွေ့ဆုံ ထောက်ပံ့ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော် (ပကဖ) ကို ပြည်သူ့ကာကွယ်ရေး ထောက်ပံ့တပ်စု (CSC-Japan) က လာရောက်တွေ့ဆုံပြီး ထောက်ပံ့ခဲ့တယ်လို့ နေပြည်တော် ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ဖာပွန်က ခေါပုတ်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ကြောင်း တောင်ပိုင်းစစ်ဒေသက တရား၀င် ထုတ်ပြန်

ဖာပွန်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိခဲ့မှုအတွကိ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။