စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ငွေတွင်းပျူစခန်းကနေ လယ်ထွန်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ယောက်သေဆုံးခဲ့တယ်လို့ Ngwe Dwin Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၉ ရက်က ငွေတွင်းပျူစခန်းက အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ လယ်ထွန်ဖို့ထွက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေက ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ပျူစောထီး ဖြိုးဦး နေရာမှာတင် သေဆုံးပြီး ပျူစောထီးတင်ချိုကတော့ ကျည်မှန်ဒဏ်ရာနဲ့ ငွေတွင်းပျူစခန်းပြန်အရောက်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တစ်တောင့်ထိုးသေနတ် ၁ လက်၊ လွယ်အိတ် ၁ လုံး၊ လေးခွ၊ ဖုန်း ၁ လုံး၊ ဓား ၁ ချောင်းနဲ့ နွား ၂ ကောင်သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မုံရွာခရိုင်အမှတ်(၂၁)တပ်ရင်း၊တိုက်နယ်(၉၊၁၀၊၁၁) နဲ့ နယ်ခံမဟာမိတ်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Ngwe Dwin Revolution Force

0 Shares:
You May Also Like
Read More

KNDF ဗျူဟာအမှတ် (၆) အပတ်စဉ် (၄) သင်တန်းဆင်းပွဲ (ရုပ်/သံ)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)  ဗျူဟာ အမှတ် (၆)၊ အပတ်စဉ် (၄) အခြေခံ စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်-KNDF က ဒီညမှာ ထုတ်ပြန်ပါတယ်။
Read More

ကမ္မမြို့ပေါ် ထမင်းထုပ်လာပို့သည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၁ ဦး သေ၊ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်မှာ ထမင်းထုပ်လာပို့တဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Tiger Warrior Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမြို့နယ် အထကကျောင်းထဲ စုဝေးနေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးသီးတွေကြဲ ချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်  အထကကျောင်းထဲ စုဝေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်န ဝါရီ ၂၈ ရက်က ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF)  အဖွဲ့ထံက သိရပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ မှ ဒုတပ်မမှူးဦးဆောင်ထွက်လာတဲ့ စစ်ယာဉ်တန်းအား ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲပြီး ပြောက်ကျားခြုံခိုတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ယောက် အလင်းဝင်ရောက်လာ (ရုပ်/သံ)

ဇွန်လ ၂၄ ရက်မှာ စစ်ကောင်စီတပ်သား ၁ ယောက်နဲ့ ဇွန်လ ၂၅ ရက်မှာ ၁ ယောက် မြိုင်ပကဖထံ ဆက်သွယ်အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ ဝယ်ယူထားတဲ့ ဒရုန်းတွေ စမ်းသပ်မှုပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက် ခိုက်ဖို့ ဒရုန်းတွေ ဝယ်ယူပြီး စမ်းသပ်မှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့ ဓားမဆိုင်းတပ်ရင်း ၂၈ ထံက သိရပါတယ်။