တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် ခ.မ.ရ (၅၆၁) တပ်ရင်းက တပ်ကြပ်ကြီးတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၃)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်က တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခ.မ.ရ (၅၆၁) တပ်ရင်းက တပ်ကြပ်ကြီးတစ်ယောက် လက်နက်မပါဘဲ ကိုယ်လွတ်ရုန်းထွက်ပြေးကာ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းသက်တမ်း ၅နှစ်ရှိပြီဖြစ်တဲ့ အလင်းဝင်လာသူ တပ်ကြပ်ကြီးဟာ တပ်တွင်းက အရာရှိတွေရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး လက်အောက်ငယ်သားတွေအပေါ် ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေကို မခံနိုင်တော့တာ​ကြောင့် ထွက်ပြေးအလင်းဝင်လာတာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၃ က ဆိုပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်ကြပ်ကြီးကို ကောင်းမွန်စွာထားရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ စီစဉ်ဆောင်ရွက်နေတယ်လို့ မြိတ်ခရိုင် တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပုလောမြို့နယ် ပြင်းဖြူရွာကို စစ်အုပ်စု ဝင်ရောက်မွှေနှောက်ပြီး PDF နေအိမ်လို့ထင်တဲ့ အိမ် ၁ လုံး မီးရှို့ဖျက်ဆီးခဲ့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပြင်းဖြူရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မွှေနှောက်ခဲ့ပြီး PDF တွေရဲ့ နေအိမ်လို့ သူတို့ ယူဆတဲ့ အိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

OWIC ကတ် ပြန်ထုတ်ပေးမည်ဟု စစ်ကောင်စီ ကြေညာ

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကို လာမယ့် မတ်လ ၂၀ ရက်ကစပြီး ထုတ်ပေးသွားမယ်လို့  စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကနေ မတ်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလာပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်း ပြည်သူကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တဲ့ PLA (ဓာတ်ပုံသတင်း)

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်အောက်ခံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA (အမှတ် ၈၁၅ တပ်ဖွဲ့ ၊ အနောက်မြောက်စစ်ဒေသ) ဆေးတပ်ဖွဲ့က စိုးမိုးနယ်မြေအတွင်းရှိ အဖိနှိပ်ခံပြည်သူလူထုကို အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်သူများကို တုန်လှုပ်ခြောက်ခြားစေနိုင်သော စွမ်းပကားရှိသည်ဟု ကျော်ကြားပြီး နှစ် ၆၀ ကျော် ပျောက်ဆုံးနေသည့် မြောက်ဦးခေတ် “ယတြာခေါင်းလောင်း” ကြီးကို တူးဖော်ရရှိဟု ဆို

ရခိုင်ပြည်သူတွေအတွက် အလွန်တန်ဖိုးရှိပြီး သမိုင်းဝင်အရေးပါလှတဲ့ မြောက်ဦးခေတ် "ယတြာခေါင်းလောင်း" ကြီးကို ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကုန်းတော်ရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှ ပြန်လည်တူးဖော်ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်( ၃/၂၀၂၄) ရဲ့ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပါတ်စဥ် (၈) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသ၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပါတ်စဥ် (၈) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ တောင်သာ ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။