စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ရဲ့ ဦးဆောင်မှုနဲ့ မဟာမိတ်တပ်ပေါင်းစုက ဇွန်လ ၁၉ ရက် မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီး PLA က အမျိုးသမီး ရဲဘော်တွေလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကန့်ဒေါင့်ရဲစခန်းကို PLA ဦးဆောင်တဲ့ ပူးပေါင်းတပ်က ဇွန်လ ၂ ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး ရက်သတ္တပတ် နှစ်ပတ်ကျော်အကြာ ဇွန်လ ၁၉ ရက်မှာတော့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က ဇွန်လ ၂ ရက်ကနေ စခန်းသိမ်းနိုင်ခဲ့တဲ့ ဇွန်လ ၁၉ ရက်အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ် (၂၀၀) ကျော် ပြုလုပ်ခဲ့ပြီး ဗုံးသီးအလုံးရေ (၅၀၀) ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတွေနဲ့ Y12 ဗုံးကြဲလေယာဉ်တွေအပါအဝင် Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်၊ စက်တပ်လေထီးတွေနဲ့ လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့တဲ့ကြားက PLA က အမျိုးသမီးရဲဘော်တွေပါ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဇွန်လ ၁၀ ရက် နေ့လယ်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွားရာနေရာကို လေကြောင်းပစ်ကူ လာပေးတဲ့ စစ်ကောင်စီရဲ့ F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစီးကို PLA က ပစ်ချနိုင်ခဲ့ပြီး လေယာဉ်မှူး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အဆိုပါစခန်းမကျရေးအတွက် လေကြောင်းပစ်ကူ အမြောက်အမြားအပြင် မြေပြင်စစ်ကူစစ်ကြောင်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေပါ ပေးပို့ပြီး ခုခံတိုက်ခိုက်ခဲ့တယ်လို့ PLA က ဆိုပါတယ်။

ဒါ့အပြင် ကန့်ဒေါင့်ကျေးရွာနဲ့ ၃ မိုင်ခွဲခန့်သာ ကွာဝေးတဲ့ စစ်ကောင်စီပြည်သူ့စစ် (ပျူစောထီး) တွေ အခြေစိုက်ရာ အင်မထီးရွာကို Mi17 ရဟတ်ယာဉ်နဲ့ အကြိမ်ကြိမ် စစ်ကူပို့ခဲ့ပြီး အင်မထီးရွာက ထွက်လာတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီပူးပေါင်း စစ်ကူစစ်ကြောင်းတွေကို PLA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ဖြတ်တောက်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းကနေလည်း Y12 နဲ့ ကန့်ဒေါင့်ရဲစခန်းကို ရိက္ခာထုပ်တွေ၊ ခဲယမ်းတွေ ချပေးခဲ့ပေမယ့် ရွာအတွင်းကျရောက်ကာ စစ်ကောင်စီတပ်သားတွေ လာရောက်ယူဆောင်ချိန် တော်လှန်ရေးရဲဘော်တွေရဲ့ ပစ်ခတ်ဟန့်တားမှုတွေကြောင့် မရယူနိုင်ခဲ့ဘူးလို့ သိရပါတယ်။

ကန့်ဒေါင့်ရဲစခန်းဟာ အချက်အချာကျပြီး အိန္ဒိယနိုင်ငံအထိပါ လမ်းပေါက်တဲ့ အာဆီယံလမ်းမကြီး (ပုလဲ -ဂန့်ဂေါလမ်းပိုင်း) ပေါ်မှာ တည်ရှိပြီး မဟာဗျူဟာအရ အလွန်အရေးပါတဲ့အပြင် အနောက်မြောက်ဖက် မိုင် ၃၀ ကျော်အကွာမှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၃) နဲ့ အနောက်တောင်ဖက် ၃၅ မိုင်ခန့်မှာ (ကပစ ၂၄) တို့ တည်ရှိနေတာဖြစ်ပါတယ်။

ပုလဲမြို့မရဲစခန်းပြီးရင် ဒုတိယအကြီးဆုံး ရဲစခန်းဖြစ်တဲ့ ကန်ဒေါင့်စခန်းဟာ ဘန်ကာတွေ၊ မိုင်းကွင်းတွေ၊ ကတုတ်ကျင်းတွေနဲ့ ခံစစ်အထပ်ထပ်ပြင်ထားတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့အတူ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း (ကျားသစ်နက်တပ်မတော်)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့နဲ့ အညာမြေတပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်မှ ၂ ကြိမ်ထွက်ပြေးခဲ့ဖူးသည့် စစ်မှုထမ်းတပ်သား ၃ ကြိမ်မြောက်တွင် အောင်မြင်စွာ အလင်းဝင်လာနိုင်ခဲ့

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အခြေစိုက် အမှတ် (၄၃၁) ခြေမြန်တပ်ရင်းကနေ  စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို NUG အစိုးရ လက်နက်တပ်ဆင်ပေး

စစ်ကိုင်းတိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို နာဂဒေသ (ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပဲခူးခရိုင်အမှတ် ( ၂ ) တပ်ရင်းဆီ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့ အလင်းဝင်လာ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်အမှတ် ( ၂ ) တပ်ရင်း - P2 3702 ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ် အင်အားစု (SSRY) တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၈) တပ်ရင်း - ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ် အင်အားစု (SSRY) တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် မောင်းနှင်လာသည့် ရဲကားကို ကြားဖြတ်တိုက်ခိုက်၊ ရဲ ၂ ဦး သေပြီး လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ၊ ရဲကားကိုပါ မီးရှို့ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်က ရဲကား ၁ စီး တိုက်ခိုက်ခံရမှုမှာ ကားပေါ်ပါတဲ့ ရဲ ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF တာဝန်ရှိသူ ​၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

CDF – KKG တပ်ရင်း (၂) ရဲ့ အပတ်စဉ် ( ၅ ) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ 

Chinland Defense Force, Kalay - Kabaw - Gangaw (CDF - KKG) တပ်ရင်း (၂) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် မနေ့က နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။