ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ဂွမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို အာရက္ခတပ်တော် (AA) က ရှင်းလင်းခဲ့ရာ လက်ရှိအချိန်အထိ မြေမြှုပ်မိုင်း ၂၀၀၀ ကျော်အထိ ရှင်းလင်းခဲ့တယ်လို့ အာရက္ခမင်းသမီးမီဒီယာက သတင်းဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လနဲ့ ဒီဇင်ဘာလမှာ သံတွဲမြို့နဲ့ ဂွမြို့တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီအခြေချတပ်စွဲခဲ့တဲ့စခန်းတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေအပြင် ကားလမ်းမတွေ၊ ဒေသခံနေအိမ်တွေနဲ့ တောတောင်နေရာတွေကို မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

AA က မိုင်းရှင်းလင်းရေးလုပ်ဆောင်မှုအတွင်း သံတွဲမြို့မှာ မြေမြှုပ်မိုင်း ၅၀၀ ဝန်းကျင်နဲ့ ဂွမြို့နယ်မှာ မြေမြှုပ်မိုင်း ၁၅၀၀ ကျော်အထိ ရှင်းလင်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီစွန့်ပစ်ခဲ့တဲ့ လက်နက်တွေနဲ့ မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ ဗုံးသီးအချို့ကိုလည်း ရှင်းလင်းသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ရှိ AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းအနီးဝန်းကျင်နဲ့ မြို့ရွာတွေ၊ တောတောင်နေရာတွေ၊ ကားလမ်းမတွေမှာ စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကြောင့် ဒေသခံပြည်သူအချို့ မိုင်းနင်းမိပြီး ထိခိုက်သေဆုံးမှု မကြာခဏဖြစ်ပေါ်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ အာရက္ခမင်းသမီးမီဒီယာ)

0 Shares:
You May Also Like
Read More

ဇွဲကပင်တောင် တောမီးလောင်ကျွမ်းမှု ဟိုတယ်ဇုန်နှင့် နီးကပ်လာ 

ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်မှာ တောမီးလောင်ကျွမ်းမှု များပြားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပုလောမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်တော်စောင့်ကို ပစ်ခတ်ရှင်းလင်းရာ ရိုင်ဖယ်သေနတ်အပြင် ကစားစရာ သေနတ်နှင့် ကစားစရာ လက်ပစ်ဗုံး သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သက်တော်စောင့်ဖြစ်သူကို ပစ်ခတ်ရှင်းလင်းရာ ထိုသူတွေထံက သေနတ်အစစ်တွေ အပါအဝင် ကလေးကစားစရာ သေနတ်နဲ့ လက်ပစ်ဗုံးတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ပေါက် ကပစ (၂၄) မှ အကြမ်းဖက်စစ်ကြောင်း ပခုက္ကူဘက် ပြန်ထွက်လာလို့ လမ်းတလျှောက် ကျေးရွာများ ပြန်လည်တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ (၂၄) ကို ရောက်ရှိခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းက စစ်အုပ်စုနဲ့ ကားတန်းဟာ ပခုက္ကူမြို့ဘက်ကို ပြန်လည်ထွက်ခွာလာနေတာကြောင့် ဒေသခံတွေ ထပ်မံတိမ်းရှောင်နေရကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက မောင်းကို ပြောပါတယ်။
Read More

AA ရဲ့ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း AA တရားဝင်ထုတ်ပြန်၊ မကြာခင် ပြန်လွှတ်ပေးတော့မယ့် ကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း (၂၈) ယောက် သေဆုံးပြီး (၂၅) ယောက် ဒဏ်ရာရရှိခဲ့

ရက္ခိုင့်တပ်တော် AA ရဲ့ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၁) စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း (၂၈) ယောက် သေဆုံးပြီး (၂၅) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ AA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့မှာ စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၅၀)ကျော် လာရောက်ကြဲချတိုက်ခိုက်ရာ ​ဒေသခံတစ်ယောက် သေဆုံး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၅၀) ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်နေရာ ဒေသခံ ၁ ယောက် သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF က အမှတ် (၃၁) တပ်ရင်း ဖွဲ့စည်း…

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ စစ်ဗျူဟာ အမှတ် (၁) က ဖယ်ခုံမြို့နယ် အခြေစိုက်တဲ့ အမှတ်(၃၁)တပ်ရင်းကို စက်တင်ဘာလ ၂ ရက်က တိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။