စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ လယ်ထွန်ဖို့ထွက်လာတဲ့ ပျူစောထီးတွေကို ချုံခိုတိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး လက်နက်နဲ့ ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Ngwe Dwin Revolution Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ ငွေတွင်းရွာထဲကနေ လယ်ထွန်ဖို့ထွက်တဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ကြို ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ပျူစောထီးတပ်ဖွဲ့ဝင် ၁ယောက် နေရာတင်သေဆုံးခဲ့ပြီး နောက်ထပ် ၁ ယောက်လည်း မျက်နှာကို ကျည်ထိမှန်ပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိကာ အဆိုပါဒဏ်ရာနဲ့ပဲ ရွာပြန်ရောက်ချိန် သေဆုံးသွားခဲ့တယ်လို့ Ngwe Dwin Revolution Force တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့က ငွေတွင်းပျူရွာအခြေကို သွားကပ်တယ်။ ငွေတွင်းပျူတွေက ၅ ယောက်လောက်ရှိမယ်။ လယ်ထွန်ဖို့လုပ်နေကြတာ။ အဲ့ထဲမှာ ပျူစောထီး တင်ချိုဆိုတဲ့ကောင်က သေနတ်ပါတယ်။ အဲ့ဒါနဲ့ ကျနော်တို့လည်း ဝင်ပစ်တာပါ။ လယ်ထွန်တဲ့ကောင်က နေရာတင် လဲကျပြီး သေတယ်။ တင်ချိုကတော့ မျက်နှာထိပြီး ကျန်တဲ့ကောင်တွေနဲ့အတူ သူတို့စခန်းကို ပြန်ပြေးပါတယ်။ စခန်းရောက်တော့မှ သွေးထွက်လွန်ပြီး သေတယ်” လို့ Ngwe Dwin Revolution Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် တစ်တောင့်ထိုးသေနတ်အပါအဝင် လွယ်အိတ် ၁ လုံး၊ လေးခွ ၁ ချောင်း၊ ဖုန်း ၁ လုံး၊ ဓား ၁ ချောင်းနဲ့ နွား ၂ ကောင်တို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ ငွေတွင်းရွာနေ ပျူစောထီးတွေက အခင်းဖြစ်နေရာကို လာရောက်ရှင်းလင်းရင်း သေဆုံး အလောင်းကိုကောက်ကာ ရွာအတွင်း ပြန်လည်ဝင်ရောက်သွားခဲ့တယ်လို့ Ngwe Dwin Revolution Force တာဝန်ရှိသူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၂၁) တပ်ရင်း Ngwe Dwin Revolution Force နဲ့အတူ တိုက်နယ် (၉၊ ၁၀၊ ၁၁) တို့နဲ့ နယ်ခံမဟာမိတ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

အရာတော်မြို့နယ်အတွင်းက ငွေတွင်းရွာဟာ စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစလို့ လက်နက်ကိုင် ပြည်သူ့စစ်ဖွဲ့ခဲ့တာဖြစ်ကြောင်းနဲ့ လက်ရှိမှာ ပျူစောထီးခေါင်းဆောင် ကျော်ဆွေဆိုသူက ဦးဆောင်အုပ်ချုပ်နေတာဖြစ်ကြောင်း သိရပါတယ်။

“ငွေတွင်းရွာက ပျူရွာစဖြစ်တာ ၄နှစ်ပိုင်းထဲရှိလာပြီဗျ။ တော်တော်ဆိုးတယ်ပြောရမယ်။ ပျူရွာစဖြစ်တော့ အရင်က NLDထောက်ခံခဲ့တဲ့ ပြည်သူတွေကို နှိပ်စက်တယ်။ ပိုက်ဆံတောင်းတယ်။ မုဒိန်းမှုတွေလည်းရှိတယ်။ ဒီနောက်ပိုင်းတော့ ပြည်သူတွေလည်း မနေနိုင်လို့ထွက်လာကြတာ အခုဆို ရွာမှာ လက်နက်ကိုင်ပျူတွေ၊ စခတွေနဲ့ သူတို့မိသားစုတွေပဲရှိပါတော့တယ်” လို့ Ngwe Dwin Revolution Force တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

နေပြည်တော်မှာ အမေရိကန်ဆေးပညာရှင်အဖွဲ့ အရေးပေါ်ဆေးရုံဖွင့်လှစ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု စတင်…

အမေရိကန်ပြည်ထောင်စုအခြေစိုက် ဆေးပညာရှင်အဖွဲ့ Samaritan’s Purse အဖွဲ့က နေပြည်တော်မှာ အရေးပေါ်ဆေးရုံ ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်နေပြီလို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ စစ်တပ်က စက်တပ်လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲမှုကြောင့် ပြည်သူ ၄ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စက်တပ် လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ - တောင်သာမြို့နယ်ဆီက သိရပါတယ်။
Read More

သီပေါနဲ့ နောင်ချိုမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ရာ နေအိမ်တွေ ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နယ်နဲ့ နောင်ချိုမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ပြည်သူကို ဦးတည်ကာ လေကြောင်းကတဆင့် နေ့စဥ် လာရောက်ဗုံးကြဲနေပြီး လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေရာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စေတုတ္တရာတွင် ပြည်သူ့စစ်ဖွဲ့သည့် စစ်တပ်ဒေါက်တိုင်များအား ပကဖ ရှင်းလင်းနေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ကမြို့နဲ့ အနီးဆုံး ကျေးရွာတွေမှာ စစ်ကောင်စီအလိုကျ ပြည်သူ့စစ် ဖွဲ့စည်းပေးနေသူတွေနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေကို မြို့နယ်ပကဖက  လိုက်လံ သုတ်သင် ရှင်းလင်းနေတာကြောင့် စစ်တပ်ယန္တရားအောက်ကနေ အမြန်ဆုံးထွက်ခွာကြဖို့ စေတုတ္ထရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက​ မောင်းကို ပြောပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် “TRI” ဗျူဟာ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ "TRI"  ဗျူဟာ (ဗျူဟာအမှတ် ၉၃ ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား ပုံရိပ်တွေကို "TRI" ဗျူဟာက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ် အကြိုလှုပ်ရှားမှု Cobra Column 2 Venom စစ်ကြောင်း ပါဝင်ဆင်နွှဲ

ဥက္ကရစ်ထစခန်းကို ထိုးစစ်ဆင်အောင်ပွဲယူခဲ့တဲ့ တော်လှန်ရေးအင်အားစုများထဲမှ စစ်ကြောင်းတစ်ကြောင်းဖြစ်တဲ့ Cobra Column 2 Venom စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီးစောဝင်းမြင့် နဲ့အဖွဲ့ဝင်များက မကြာခင်ကျရောက်တော့မယ့် ၃၇နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်၊ ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသဘိတ် အကြိုလှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့တယ်လို့ သိရပါတယ်။