မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့နယ်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဆီမီးခုံသတင်းအဖွဲ့ တာဝန်ခံဆီက သိရပါတယ်။

ဇွန်လ ၁၈ရက် နေ့လယ် ၂နာရီလောက်မှာ အကြမ်းဖက်စစ်အုပ်စုက ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ နဘူးအိုင်ရွာတောင်ဘက် ရွှေဘုံသာရွာနဲ့ မြင်သာရွာအနီးကို ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မြင်သာရွာသားတစ်ယောက် ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“ဆုံးသွားတဲ့ ဒေသခံက မြင်သာရွာကပါဗျ။ ဗုံးသီးစ ထိလို့ ဆုံးတာပါ၊ အိမ်အထိအခိုက်တော့ အတိအကျ မသိရဘူးဗျ။ မြင်သာရွာက အခုမှ ကြဲခံရတာဗျ” လို့ ဆီမီးခုံသတင်းအဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ လေကြောင်းပစ်ခတ်တဲ့အပြင် မြို့သာဘက်ကနေလည်း မြင်သာရွာဘက်ကို ဟောင်ဝှစ်ဇာနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ မြို့သာရွာဟာ တိုက်နယ်အဆင့်ရှိ ရွာကြီးတစ်ရွာဖြစ်တဲ့အပြင် ရဲစခန်းလည်း ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်တာမျိုး မရှိသေးပေမယ့် သတိထားပြီး နေနေရတယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၅ ရက်နေ့ကလည်း တဲကြီးရွာထဲကို စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ အမျိုးသမီး ၂ ယောက် ထိမှန်ဒဏ်ရာရပြီး ရွာပြင်မှာလည်း မပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးတစ်လုံး ကျန်ရှိနေတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

SSNDF/ KNDF ဗျူဟာအမှတ် (၉) ဖွဲ့စည်းခြင်းနဲ့ စစ်သင်တန်းဆင်းပွဲ ကျင်းပကြောင်း KNDF တရားဝင်ထုတ်ပြန်…

SSNDF/ KNDF ဗျူဟာအမှတ် (၉) ကို ယခင်ရှမ်းတောင်မှာ လှုပ်ရှားခဲ့တဲ့ တပ်ရင်းတွေနဲ့ ဒရုန်းအဖွဲ့ကို ပေါင်းစည်းပြီး SSNDF / KNDF B - 101, SSNDF / KNDF B - 102, SSNDF / KNDF B-103 တွေအဖြစ် ပြောင်းလဲဖွဲ့စည်းထားတယ်လို့ ကရင်နီအမျိုသားများကာကွယ်ရေးတပ်-KNDF က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

လယ်ဝေးနယ်တွင် ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်သည့် စစ်အုပ်စု တိုက်ခိုက်ခံရ၍ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းအုပ်စု အောင်ချမ်းသာရွာ နန်းချိုးချောင်း ရေကျော်မှာ ဂိတ်ဖွင့်ပြီး အတင်းအဓမ္မဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့  ဝရဇိန်တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ခင်ဦးမှာ စစ်တပ်ထုတ်ကုန် အရက်၊ဘီယာတွေကို ဖျက်ဆီးနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမှာ စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ အရက်နဲ့ဘီယာတွေကို ဖျက်ဆီးပစ်ခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံက သိရပါတယ်။
Read More

မိုးမောက်နဲ့ ဗန်းမော်ကြား KIA သိမ်းပိုက်ထားတဲ့ တပ်စခန်းကို စစ်ကောင်စီ ပြန်လည်ထိုးစစ်ဆင်နေ

စစ်ကောင်စီက မိုးမောက်နဲ့ ဗန်းမော်မြို့ကြားက KIA ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်နေတယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။ 
Read More

ဘောလခဲမြို့ ကာကင်းဗျူဟာမြောက်သည့် ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု သိမ်းပိုက်ရရှိ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အနီးက ကာကင်းဗျူဟာမြောက်တဲ့ စစ်ကောင်စီရဲ့ ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဂန့်ဂေါခရိုင် “Yawland Operation” စစ်ဆင်ရေးအတွင်း ပျူစောထီးစခန်းနှစ်ခု သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စုဝင် ၄၂ ဦး သေဆုံး

“ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ မျက်မြင်ရုပ်အလောင်းက ၂၀ ဝန်းကျင်လောက် ကျွန်တော်တို့ တွေ့ခဲ့တာရှိတယ်။ ရန်သူဘက်က ဆက်သွယ်ရေးစက်ကနေတဆင့် သိရတာမျိုးလည်းရှိတယ်။ ပြီးတော့ ရန်သူဘက်က သတင်းရင်းမြစ်တွေကနေ သိရတာပါ” လို့ ဂန့်ဂေါခရိုင်စစ်ဌာနမှ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။