တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် ခ.မ.ရ (၅၆၁) တပ်ရင်းက တပ်ကြပ်ကြီးတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၃)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်က တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခ.မ.ရ (၅၆၁) တပ်ရင်းက တပ်ကြပ်ကြီးတစ်ယောက် လက်နက်မပါဘဲ ကိုယ်လွတ်ရုန်းထွက်ပြေးကာ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းသက်တမ်း ၅နှစ်ရှိပြီဖြစ်တဲ့ အလင်းဝင်လာသူ တပ်ကြပ်ကြီးဟာ တပ်တွင်းက အရာရှိတွေရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး လက်အောက်ငယ်သားတွေအပေါ် ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေကို မခံနိုင်တော့တာ​ကြောင့် ထွက်ပြေးအလင်းဝင်လာတာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၃ က ဆိုပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်ကြပ်ကြီးကို ကောင်းမွန်စွာထားရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ စီစဉ်ဆောင်ရွက်နေတယ်လို့ မြိတ်ခရိုင် တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူငယ် ၂၃၀ ကျော် ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ ၂၀၂၅  ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်လူရွယ် ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း  Rangoon Scout Network (RSN) က ထုတ်ပြန်လိုက်ပါတယ်။
Read More

လားရှိုးက ရိုးရာ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

လားရှိုးက ရိုးရာ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီက လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ စက်ရုံထိခိုက်ပျက်စီးခဲ့ရပြီး လူထိခိုက်မှုတော့ မရှိခဲ့ကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဘုတလင်တွင် အလင်းဝင်ချင်သည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦးကို တော်လှန်ရေးတပ်များက ကယ်ထုတ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ချိတ်ဆက် အလင်းဝင်ရောက်လိုတဲ့ စစ်မှုထမ်းတပ်သား ၁ ယောက်ကို ခက်ခက်ခဲခဲ သွားရောက်ခေါ်ထုတ်ပေးခဲ့ရကြောင်း Budalin Mobile Team (BMT) ရဲ့ သတင်းတာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သပိတ်ကျင်းမြို့နယ် ဂေါက်ကွင်းကို အကြမ်းဖက်စစ်တပ် Cluster ဗုံး ကြဲချတိုက်ခိုက်

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်က ဂေါက်ကွင်းကို အကြမ်းဖက်စစ်တပ်က Cluster ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စက်ဘီးဖြင့် စစ်ရှောင်ထွက်ပြေးသည့် သားအမိကို စစ်တပ် ဗုံးလိုက်ကြဲ၊ သားအမိ ၂ ဦးလုံး သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ရှောင်ထွက်ပြေးတဲ့ သားအမိ ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ လိုက်လံဗုံးကြဲလို့ ၂ ယောက်လုံး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၁) ထံက သိရပါတယ်။
Read More

မြင်းခြံတွင် စစ်အုပ်စုဂိတ်စခန်း ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်က စစ်အုပ်စုအထိုင်စခန်းကို ပြောက်ကျားသွားရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၂ယောက် သေဆုံးကြောင်း Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။