ပဲခူးတိုင်း၊ မင်းလှမြို့နယ်က ဖားလေးကွင်း (မြောက်စု) ကျေးရွာကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၈၀ ကျော်အရွယ် အငြိမ်းစား ကျောင်းဆရာမကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့၊ မနက် ၂ နာရီအချိန်က မင်းလှမြို့နယ် တာကလေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျည်တွေဟာ ဂန့်ဂေါ်ပင်အုပ်စု၊ ဖားလေးကွင်း (မြောက်စု) ကျေးရွာက နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျေးရွာအတွင်းက အသက် ၈၀ ကျော်အရွယ် အငြိမ်းစားကျောင်းဆရာမကြီး ဒေါ်တင်ရီ ခြေထောက်ပြတ် သေဆုံးခဲ့ပြီး မွေးစားသမီးဖြစ်သူ စိတ်ဝေဒနာသည် မခိုင်သင်းကြည်မှာ လက်ချောင်း ၃ချောင်းပြတ်ကာ ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကလည်း မင်းလှမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေချိန် ရန်ကုန်-ပြည်လမ်းပေါ် ဖြတ်သန်း မောင်းနှင်တဲ့ ခရီးသွားကားကို ထိမှန်ခဲ့တာကြောင့် ပြည်သူ ၃ ယောက် သေဆုံးခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ ရွာငံမှာ စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေ၊ နွားဘန်းကြီးရွာကို ဝင်စီးပြီး အမျိုးသမီး ၂ ယောက်ကို အကြောင်းမဲ့ဖမ်းဆီးသွား

ရှမ်းတောင်၊ ဓနုဒေသ ၊ ရွာငံမြို့မှာ မြို့အဝင်စစ်ဆေးရေးဂိတ်အပါအဝင် မြို့ထဲတပ်စွဲထားတဲ့ စစ်အုပ်စုတွေပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက ကျေးရွာတွေကို ဝင်ရောက်စီးနင်းရင်း အမျိုးသမီး၂ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ကျောက်မဲမြို့တွင် ဒေသခံ အမျိုးသား (၂)ဦး မြေမြှုပ်မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒေသခံ အမျိုးသား (၂) ယောက် မြေမြှုပ်မိုင်းကို နင်းမိခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာနက ရှေ့တန်းစစ်မျက်နှာတွေမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ကျည်ကာ Helmet တွေနဲ့ ကျည်ကာ Plate ပြား အစုံ (၁၀၀) တပ်ဆင်

ပြည်သူကာကွယ်ရေးတပ်မတော် PDF ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနက ရှေ့တန်းစစ်မျက်နှာတွေမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ကျည်ကာ Helmet တွေနဲ့ ကျည်ကာ Plate ပြား အစုံ (၁၀၀) ကို အောက်တိုဘာ ၉ ရက်မှာ နေပြည်တော်အနီး ရှေ့တန်းစစ်မြေပြင်ဆီ သွားရောက်တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

နေပြည်တော်မှာ ရေကြီးနေတာကြောင့် စစ်အုပ်စု၏ ကပစ ၁ နဲ့ ကပစ ၄ တို့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးများ ရပ်ထားရ…

“အခုက နေပြည်တော်မှာ နှစ်တိုင်း ရေကြီးတော့မယ့် အနေအထား ရှိတယ်။ ငလျင်ကလည်း တစ်ခါခံရတယ်။ အခုလည်း ရေက ကြီးနေတယ်။ မနှစ်ကလည်း ရေကြီးလို့ဆိုပြီး Production တွေ ရပ်နားခဲ့ရသေးတယ်။ အဲ့လိုဆိုတော့ ခြေလျင်တပ်ရင်းအတွက် လက်နက်ပစ္စည်းတွေ လျော့နည်းနေမှာဖြစ်တယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မုံရွာမှာ စစ်ကြောင်းထိုး လူဖမ်းတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ၂ရက်ဆက် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်​မှာ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
Read More

စစ်ကောင်စီက MNDAA ထိန်းချုပ်ထားတဲ့မြို့တွေကို ၃ လအတွင်း ၂၅ ကြိမ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၃၀ ကျော်သေဆုံးခဲ့ရ

ရှမ်းမြောက်ဒေသက MNDAA ထိန်းချုပ်သိမ်းပိုက်ထားတဲ့ မြို့တွေကို စစ်ကောင်စီက ၃ လ အတွင်း လေကြောင်းကနေ ၂၅ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးခဲ့ရကြောင်း MNDAA က အသိပေး ထုတ်ပြန်ပါတယ်။