လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုသဘောထားနဲ့ သွေဖီတဲ့ လုပ်ရပ်တွေ မလုပ်ခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း လုပ်ဆောင်မှာမဟုတ်ဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အတွက် မွေးနေ့ ဆုမွန်စကားပြောကြားရာမှာ NUG အစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ လူထု သဘောထားနဲ့ သွေဖီသောလုပ်ရပ်များကို မလုပ်ခဲ့သလို၊ ကျွန်တော်တို့အနေနဲ့လည်း လူထုသဘောထားနဲ့ သွေဖီသော မည်သည့်လုပ်ရပ်မျိုးကိုမှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြည်သူကို ကတိပြုပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်က ပြည်သူနဲ့အတူ လူထုလှုပ်ရှားမှုမှာ ထဲထဲဝင်ဝင် ပါဝင်နေတဲ့အတွက် ဝမ်းသာပီတိ ဖြစ်မိသလို ဒေါ်အောင်ဆန်းစုကြည်ဟာ ကင်မ်ရဲ့ မိခင်ဖြစ်သလို မြန်မာနိုင်ငံရဲ့ တိုင်းပြုပြည်ပြုမိခင် တစ်ယောက်ဖြစ်တယ်လို့လည်း ဒူဝါလရှီးလက ပြောကြားထားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံမှုကနေ လွတ်မြောက်ဖို့အတွက်၊ သားဖြစ်သူ “Kim” ကိုယ်တိုင်၊ ပြည်သူနဲ့အတူ လူထုလှုပ်ရှားမှုမှာ ဖိဖိစီးစီးပါဝင်နေတာကို တွေ့ရလို့လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ “Kim” ဟာ သူ့မိခင် အသက် (၈၀) ပြည့်အချိန်အထိ၊ အကျဉ်းကျခံနေရလိမ့်မယ်လို့ မျှော်လင့်ထားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေးလောကဓံတွေကို ကြံ့ကြံ့ခံဖြတ်သန်းနေတဲ့ မိခင်ဖြစ်သူအတွက် သားဖြစ်သူ “Kim” ဟာ လေးစား ဂုဏ်ယူနေမှာ အသေအချာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သားဖြစ်သူ “ကင်ရဲ့ မိခင်” ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ တိုင်းပြုပြည်ပြုမိခင် တစ်ယောက်ဖြစ်တယ်လို့လည်း ကျွန်တော်တို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ” လို့ ယာယီသမ္မတက ဆိုပါတယ်။

နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ယာယီသမ္မတက နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် လူထုတော်လှန်ရေးနည်းနဲ့ လူထုနိုင်ငံရေး နည်း ပေါင်းစပ်ပြီးတော့ တွန်းလှန်တိုက်ပွဲဝင်ဖို့ တိုက်တွန်းထားပါတယ်။

“စစ်အာဏာရှင်စနစ် အမြစ်ပြတ် ဖျက်သိမ်းရေးဟာ နွေဦးတော်လှန်ရေးရဲ့ မူလလုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင် ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် လူထုတော်လှန်ရေးနည်းနဲ့ လူထုနိုင်ငံရေး နည်းပေါင်းစပ်ပြီးတော့ တွန်းလှန်တိုက်ပွဲဝင်ကြဖို့ဟာ နွေဦးတော်လှန်ရေးရဲ့ အခြေခံလမ်းစဉ် ဖြစ်ပါတယ်။ ” လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံတွင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှု ရရှိရေး “ALL IN ONE PIECE MOVEMENT” ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု စတင်

မြန်မာနိုင်ငံသားတွေအတွက် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှု ပြန်လည်ရရှိစေဖို့ နိုင်ငံတကာလှုပ်ရှားမှုတွေကို သွေးသစ်လောင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း (Kim Aris) ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု All-in-One Piece ကိုစတင်ဖော်ဆောင်နေပြီလို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံတွင်းက သန်းပေါင်းများစွာသော ပြည်သူတွေ ဆက်လက်ရင်ဆိုင်ခံစားနေရတဲ့ အကြမ်းဖက်ခံရမှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့ ဖိနှိပ်ခံရမှု စတဲ့ ဒုက္ခတွေကို ထင်ဟပ်စေပါတယ်။
Read More

ကစားစရာ သေနတ်နှင့် အမှုတည်ဆောက်ပြီး ၆ နှစ်ကလေးကိုပါ ဖမ်းထားသည့် စစ်ကောင်စီ 

စစ်ကောင်စီဟာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး လူ ၁၆ ယောက်ကို စွပ်စွဲဖမ်းဆီးထားတယ်လို့ ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ယောချောင်းရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဗုံးကြဲလို့ ယောချောင်းတံတားနဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံး

ရခိုင်ပြည်နယ် စစ်တွေ-ရန်ကုန် ကားလမ်းဘေးက ယောချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ယောချောင်းတံတားအပါအဝင် လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မိုးကုတ်မြို့မှ ပြည်သူအချို့ စိုးရိမ်စိတ်ကြောင့် စွန့်ခွာတိမ်းရှောင်မှုများရှိနေ

သိပ်မကြာခင် အာဏာသိမ်း အကြမ်းဖက်စစ်တပ် ပြန်ဝင်လာဖို့ရှိနေတဲ့ မိုးကုတ်မြို့မှာ တိုက်ပွဲတွေဖြစ်မှာ စိုးရိမ်တဲ့အတွက် မြို့ပေါ်ကနေ ပြည်သူတချို့ စွန့်ခွာတိမ်းရှောင်နေကြတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မုံရွာ နမခ ယာဥ်တန်းအတွက် လုံခြုံရေးယူ စစ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား တစ်ယောက်ကို လက်နက်နဲ့တကွ အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ သြဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အရာတော်မှာ ကင်းလှည့်နေတဲ့ ပျူစောထီးတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်၊ ပျူစောထီး ၁ ဦး သေဆုံး…

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာ ပျူစောထီးစခန်းတစ်ဝိုက် ကင်းလှည့်နေတဲ့ ပျူစောထီးတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ၁ ယောက် သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်းအမှတ် ၁၉ - ရောင်နီဦးစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။