ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်တို့ရဲ့ ဖုန်းခေါ်ဆိုမှုအတွင်းက အသံဖိုင် ပေါက်ကြားလာရာက ရာထူးကနေ နှုတ်ထွက်ဖို့ ဖိအားတွေ ဖြစ်လာခဲ့တာ‌ကြောင့် ထိုင်းဝန်ကြီးချုပ်က ကြာသပတေးနေ့ အစောပိုင်းမှာ လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။

ပတွန်တန် ဝန်ကြီးချုပ်အဖြစ် အာဏာရပြီး ၁၀ လအကြာမှာ အဆိုပါ အသံဖိုင်ကြောင့် ဒုတိယ အင်အားအကြီးဆုံး ဖက်ဖူကြိုင်ထိုင်းပါတီက ညွန့်ပေါင်းအစိုးရအဖွဲ့ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

ဖုန်းခေါ်ဆိုမှုအတွင်း ပတွန်တန်ဟာ ထိုင်းစစ်တပ်ကို ဆန့်ကျင်ဘက်အဖွဲ့အဖြစ် ရည်ညွှန်းခဲ့တာကြောင့် ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာနဲ့ စစ်တပ်ကို ထိခိုက်ပျက်စီးစေတယ်လို့ ဖက်ဖူကြိုင်ထိုင်းပါတီကက အကြောင်းပြချက်ပေးပြီး ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ညွန့်ပေါင်းအဖွဲ့ကနေ နှုတ်ထွက်ခဲ့ပါတယ်။

“ပေါက်ကြားလာတဲ့ ကမ္ဘောဒီးယားခေါင်း‌ဆောင်နဲ့ ပြောဆိုထားတဲ့ အသံဖိုင်က လူထုကို အဆင်မပြေ ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်” လို့ ကြာသပတေးနေ့ မနက်က သတင်းစာရှင်းလင်းပွဲမှာ ပတွန်တန်က ပြောပါတယ်။

“ကျွန်မတို့မှာ ရန်ဖြစ်ဖို့ အချိန်မရှိဘူး။…အစိုးရအနေနဲ့ စစ်တပ်ကို နည်းမျိုးစုံနဲ့ ပံ့ပိုးကူညီဖို့ အဆင်သင့်ရှိတယ်” လို့ သူမက ဆိုပါတယ်။

ဖက်ဖူကြိုင်ထိုင်းရဲ့ ညွန့်ပေါင်းကနေ နှုတ်ထွက်မှုကိုတော့ သူမက မှတ်ချက်မပြုခဲ့ပါဘူး။

အသံဖိုင်နဲ့ပတ်သက်လို့ သူမက ဟွန်ဆင်နဲ့ နယ်စပ်ကိစ္စကို ညှိနှိုင်းနေမှုသာဖြစ်ပြီး စစ်တပ်နဲ့ ဘာပြဿနာမှမရှိဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

ဖက်ဖူကြိုင်ထိုင်းရဲ့နှုတ်ထွက်မှုဟာ သက်ဆင်နဲ့ တော်ဝင်ဝါဒီ ရှေးရိုးစွဲတွေအကြား ညှိနှိုင်းမှုကနေ ပေါ်ပေါက်လာတဲ့ ဖြူထိုင်းခေါင်းဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ကို ယိုင်နဲ့လာစေတာပါ။
ဖိအားတွေကြောင့် အကယ်၍ ပတွန်တန်နှုတ်ထွက်သွားခဲ့ရင် ပါလီမန်အနေနဲ့ နောက်ထပ်အစိုးရဖွဲ့ဖို့ ၂၀၂၃ ရွေးကောက်ပွဲမတိုင်ခင်က ရွေးချယ်ထားတဲ့ ကျန်တဲ့ ကိုယ်စားလှယ် ၅ယောက်ကနေ ဝန်ကြီးချုပ်သစ် ရွေးချယ်ရမှာပါ။

အဲလိုမှမဟုတ်ရင်တော့ ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပရမှာပါ။

ရွေးကောက်ပွဲထပ်လုပ်ဖြစ်ရင်တော့ လက်ရှိပါလီမန်မှာ အင်အားအများဆုံးလည်းဖြစ်၊ ထိုင်းရဲ့လူကြိုက်အများဆုံးပါတီလည်းဖြစ်၊ ယခင် ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီအဖွဲ့ဝင်တွေနဲ့ ပြန်လည်စုဖွဲ့ထားတဲ့ ပြည်သူ့ပါတီက အနိုင်ရဖို့ များနေပါတယ်။

ပတွန်တန်ရဲ့ ဖြူထိုင်းပါတီကတော့ ထိုင်းတွေအနေနဲ့ ညီညွတ်ကြပြီး အစိုးရကို အားပေးထောက်ခံကြဖို့ ဗုဒ္ဓဟူးနေ့ညမှာ ထုတ်ပြန်ပြောဆိုပါတယ်။

News – BangkokPost
0 Shares:
You May Also Like
Read More

အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး ဖမ်းဆီးထားသူများအား လွှတ်ပေးဖို့ စစ်ကောင်စီကို အမေရိကန် တိုက်တွန်း

စစ်ကောင်စီအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို အကြီးတန်းအရာရှိ Sean O’Neill က ပြောကြားလိုက်ပါတယ်။
Read More

ကုလသမဂ္ဂသံတမန်တွေကို NUG လူ့အခွင့်အရေးဝန်ကြီးက မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ရှင်းလင်းပြောကြား

အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးက ဦးအောင်မျိုးမင်းဟာ စက်တင်ဘာလ (၁၉)ရက် မနက်ပိုင်းက ကုလသမဂ္ဂ အဆောက်အဦးမှာ ကျင်းပပြုလုပ်တဲ့ သံတမန်ရေးရာ ရှင်းလင်းပွဲကို တက်ရောက်ပြီး သံတမန်တွေကို လက်ရှိမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ဆိုင်ကလုန်းရာဂီကြောင့် မြန်မာပြည်သူလူထု ကြုံတွေနေရတဲ့ ရေဘေးဆိုင်ရာအခြေအနေတွေ ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ့အရေး သက်ဆိုင်သူတွေ တွေ့ဆုံဆွေးနွေးချိန်တန်ပြီလို့ မလေးရှားဝန်ကြီးချုပ်ပြော

မလေးရှားဝနန်ကြီးချုပ် အန်ဝါအီဘရာဟင်က စစ်ခေါင်းဆောင်နဲ့ တော်လှန်ရေးအဖွဲ့တွေအကြား သီးခြားတွေ့ဆုံမှုကနေ အသီးအပွင့်တွေ ဖြစ်ထွန်းလာကြောင်း၊ ကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်အတွက် နှစ်ဖက်အကြား တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ ပထမဆုံးအနေနဲ့ အထိုင်ချထားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။
Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီများ အမေရိကန် ဆိုင်းငံ့

အမေရိကန်အနေနဲ့ ယူကရိန်းကို ပေးအပ်တဲ့  စစ်ရေးအကူအညီတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ယောက်က မတ်လ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။
Read More

စစ်ဖြစ်နေသည့်အဖွဲ့အားလုံး စားပွဲဝိုင်းခေါ်ပြီး မြန်မာ့အရေး တွေ့ဆုံညှိနှိုင်းရန် မလေးရှားဝန်ကြီးဟောင်း တိုက်တွန်း

မြန်မာ့ပဋိပက္ခအတွင်း လက်နက်ကိုင်အဖွဲ့အားလုံးကို စားပွဲဝိုင်းခေါ်ပြီး စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် အာဆီယံဥက္ကဋ္ဌတာဝန်ကို အောင်အောင်မြင်မြင် ဆောင်ရွက်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းက မလေးရှားအစိုးရကို တိုက်တွန်းပါတယ်။
Read More

အာဆီယံ AHA Centre က ငလျင်အတွက်အကူအညီများပေးအပ်

မြန်မာနိုင်ငံက အင်အားပြင်းငလျင်​ဘေးအတွက် အာဆီယံ AHA Centre က လှူဒါန်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတွေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။