ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ People Defence Force Thandaung က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၇ ရက် မနက်ပိုင်းက တောင်ငူခရိုင်၊ တပ်မဟာ(၂)၊ တပ်ရင်း (၅) လက်အောက်ခံ People Defence Force Thandaung အဖွဲ့၊ တပ်ရင်း (၅) လက်အောက်ခံပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့လမ်းကင်းတို့ ကမ်းနီ-ဂုံမင်းအိုင်ရွာ အနီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ People Defence Force Thandaung က ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်က ထိခိုက်ကျဆုံးမှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လမ်းကင်းအဖွဲ့ထံကနေ စစ်သုံးပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

၉ နှစ်အရွယ် ကလေးငယ်အပါ ၁၂ ယောက်သေဆုံးခဲ့တဲ့ ငါန်းမြာကြီးရွာကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်လာပါတယ်။
Read More

တန့်ဆည်မှာ စစ်တပ်ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းမှုနှင့် ငလျင်ဒဏ် ပြိုင်တူ ခံစားနေရသည့် မြန်မာတွင် လူပေါင်း ၆ သန်းကျော် အရေးပေါ် အကူအညီ လိုအပ်နေ

အာဏာသိမ်း စစ်ကောင်စီလက်အောက် ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ငလျင်ဒဏ် အကြီးအကျယ် ခံစားရပြီးတဲ့နောက် အရေးပေါ် အကူအညီတွေ လိုအပ်နေသူ အရေအတွက်ဟာ ၆ သန်းကျော်အထိ ရှိလာပြီလို့ UNICEF က ပြောပါတယ်။
Read More

KNDF တပ်ရင်း ၆ မှာ တော်လှန်ရေးရဲဘော်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင် ပြသ

ကရင်နီပြည်အတွင်း စစ်အာဏာရှင်စနစ် လက်နက်ကိုင် တော်လှန်ရေးကို အခြေခံပြီး Karenni Arts Creation(KAC)အဖွဲ့က ရိုက်ကူးထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF အမှတ် (၆) တပ်ရင်းမှာ လာရောက်ပြသခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဘေးသင့် ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော် Eagle

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် ၉၀၁ တပ်ရင်း ၊ နေပြည်တော် PDF က ရဲဘော် ၁ ယောက်ဟာ ရေတာရှည်မြို့နယ်မှာ ရေဘေးသင့်ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တယ်လို့ အမှတ် ၉၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။