ရန်ကုန်တိုင်း၊ သာကေတနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဌာနဆိုင်ရာရုံးနဲ့ လုံခြုံရေးချထားရာနေရာတွေကို ဇွန် ၁၈ ရက် (မနေ့ညပိုင်း) မှာ ကိုယ်စီ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာမြို့ပြပြောက်ကျားအဖွဲ့ဝင်တွေက မောင်းကို ပြောပါတယ်။

ဇွန်လ ၁၈ ရက်၊ မနေ့ည ၇ နာရီ မိနစ်၂၀ အချိန်က စစ်ကောင်စီအလိုကျ အလုပ်လုပ်ပေးနေတဲ့ သာကေတမြို့နယ်၊ မြို့နယ် ဥပဒေရုံးကို ပြင်းအားမြင့် မိုင်းတွေနဲ့သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force (FLA) အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကို Freeland Attack Force (FLA) နဲ့ Anonymous Fighters Force (AFF) တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အခင်းနေရာကနေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မိုင်းခွဲတိုက်ခိုက်ခံရမှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဂတ်(စ်) ဆိုင်မီးပွိုင့်ကနေ အမှတ် ၁ ရဲစခန်းရှိရာအထိ မြင်တော်သာလမ်းမကြီးတလျှောက် လမ်းပိတ်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

“မိုင်းတွေပဲသုံးခဲ့တာပါ။ အသေးစိတ်က ပြောမရပါဘူး။ အခြေအနေကတော့ လမ်းမကြီးကိုပိတ်ချပြီး စစစ်တယ် ၊ သာကေတ တချို့ရပ်ကွက်ထဲ ဧည့်စာရင်းစစ်တာတွေ လုပ်တယ်။ စစ်တပ်ဘက် အထိအခိုက်ကတော့ အခုထိမသိရသေးဘူး” လို့ Freeland Attack Force (FLA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အလားတူ အဲ့ဒီနေ့ ည ၁၀ နာရီကျော်အချိန်မှာလည်းမြောက်ဥက္ကလာပမြို့နယ်၊ မြို့နယ်ခန်းမအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေရှိရာကို မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ က လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။

“လက်ပစ်ဗုံးတွေက ဘန်ကာထဲအထိကျလို့ ရဲ ၂ကောင် ထိတယ်လို့ သိထားပါတယ်။ အခုမနက်လည်း အဲ့နား ပြည်သူတွေ အသွားအလာနည်းသွားတယ်။” လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အထက်ပါမြို့နယ်တွေဟာ ရန်ကုန်တိုင်းအတွင်းစစ်အုပ်ချုပ်ရေးယန္တရား အားကောင်းရာ မြို့နယ်တွေဖြစ်ပြီး အရပ်သားလူငယ်တွေ ပေါ်တာဆွဲ ဖမ်းဆီးခံရမှု နေ့စဥ်နဲ့အမျှရှိနေတဲ့ မြို့နယ်တွေလည်း ဖြစ်ပါတယ်။

လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရသည့် မြောက်ဥက္ကလာပ မြို့နယ်ခန်းမနှင့် လက်ပစ်ဗုံးများ (ဓာတ်ပုံ FLA)

0 Shares:
You May Also Like
Read More

စဉ့်ကူးနှင့် သပိတ်ကျင်းတွင် တစ်ရက်တည်းမှာပဲ စစ်အုပ်စု ၃ကြိမ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၃ ဦး ဒဏ်ရာရပြီး စာသင်ကျောင်းနှင့် နေအိမ်တချို့ ထိမှန်ပျက်စီး

မန္တလေးတိုင်းမှာရှိတဲ့ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်က ကျေးရွာတွေကို စစ်အုပ်စုဟာ တစ်ရက်တည်းမှာပဲ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားတယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ ဆီက သိရပါတယ်။
Read More

စီမံချက်အရ BNRA ရဲ့ စစ်ဆေးရေးဂိတ် ၃ ခုကို NUG ခရိုင်တပ်ဖွဲ့တွေက စီးနင်းပြီး လက်နက်များသိမ်းဆည်းခဲ့ဟု ဆို

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် နဲ့ ဆားလင်းကြီးမြို့နယ်ထဲက ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ရဲ့ စစ်ဆေးရးဂိတ် ၃ ခုကို NUG ခရိုင်တပ်ဖွဲ့ဝင်တွေက စီးနင်းရှင်းလင်းခဲ့တယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။
Read More

အခြေခံပညာ ကျောင်းဆရာဆရာမများကို ရန်ပြုမှာမဟုတ်ကြောင်းနှင့် ပညာရေးကိစ္စရပ်များအတွင်း ဝင်ရောက်စွတ်ဖက်မည် မဟုတ်ကြောင်း CDF – Asho ပြော

မကွေးတိုင်း၊ ငဖဲဒေသမှာ အခြေခံပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးချုပ်နှောင်တာအပါအဝင် ပညာသင်ကြားမှုနဲ့သက်ဆိုင်တဲ့ ကိစ္စတွေထဲ ဝင်ရောက်စွက်ဖက်တာမျိုးတွေ လုံးဝလုပ်ဆောင်သွားမှာမဟုတ်ကြောင်းနဲ့ ဒီလိုမျိုး လုပ်ဆောင်သူတွေကိုလည်း တားမြစ်အရေးယူသွားမှာဖြစ်​ကြောင်း ချင်းကာကွယ်ရေးတပ်-အရှိုရဲ့ သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။
Read More

မြောက်ဥက္ကလာပ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး၊ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်၊ ၂ ယောက် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ထုတ်ပြန်ထားပါတယ်။
Read More

KNU ထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

KNU ထိန်းချုပ်ထားတဲ့ မူးမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ယူဆောင်ကာ KNU ထံ အလင်းဝင်လာတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

SSRY တပ်ခွဲ ၃ – Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း - Southern Shan Revolution Youth (SSRY)၊ တပ်ခွဲ ၃ - Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။