အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရချိန်မှာ အမေရိကန်က လက်နက်ချဖို့ ပြောဆိုလာမှုကို အီရန်ထိပ်တန်းခေါင်းဆောင်က ဗုဒ္ဓဟူးနေ့မှာ ပယ်ချလိုက်ပါတယ်။

နောက်ပြီး အမေရိကန်ရဲ့ စစ်ရေးအရ ပါဝင်ပတ်သက်မှုကြောင့် ပြန်လည်ပြင်ဆင်လို့ မရနိုင်အောင်အထိ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေနိုင်တယ်လို့လည်း သူက ပြောဆိုကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ဖော်ပြတဲ့ တရားဝင်ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

အီရန်ကို “ချွင်းချက်မရှိ အညံ့ခံဖို့” နဲ့ Ayatollah Ali Khamenei ဘယ်မှာရှိတယ်ဆိုတာကို အမေရိကန်က သိပေမယ့် “အနည်းဆုံး အခုအချိန်မှာတော့” သူ့ကို သတ်ဖို့ အစီအစဉ်မရှိကြောင်း အမေရိကန်သမ္မတ ထရမ့်ရဲ့ လူမှုကွန်ရက်ပို့စ်မှာ ပြောဆိုထားပြီးနောက် Khamenei က အခုလို မှတ်ချက်ပေးခဲ့တာပါ။

အစ္စရေးရဲ့တိုက်ခိုက်မှု စတင်ပြီးကတည်းက Khamenei ကို လူရှေ့သူရှေ့မှာ တစ်ခါပဲ တွေ့ခဲ့ရတာပါ။

ပဋိပက္ခကို စတင်စေခဲ့တဲ့ အစ္စရေးရဲ့ သောကြာနေ့က တိုက်ခိုက်မှုအပြီး အစောပိုင်းမှာတော့ ထရမ့်အနေနဲ့ ခပ်ခွါခွါနေခဲ့ပေမယ့် အပစ်အခတ်ရပ်စဲရေးထက် “ပိုကြီးတာ” ကို လိုချင်ကြောင်း ပြီးခဲ့တဲ့ရက်မှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေလည်း ထပ်မံ စေလွှတ်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့အစောပိုင်းက အစ္စရေးနိုင်ငံ Tel Aviv ကို အီရန်က တိုက်ခိုက်မှုအတွင်း ဒုံးကျည်တွေကို ကြားဖြတ် ပြန်ပစ်လွှတ်ဖို့ အစ္စရေး Iron Dome လေကြောင်းရန် ကာကွယ်ရေးစနစ်က ပစ်ခတ်ခဲ့ပါတယ်။ (ဓာတ်ပုံ Leo Correa / Associated Press)

“အီရန်နိုင်ငံ၊ လူမျိုးနဲ့ သမိုင်းကို သိတဲ့ အမြော်အမြင်ရှိတဲ့သူတွေအနေနဲ့ ဒီနိုင်ငံကို ဘယ်လို ခြိမ်းခြောက်စကားမှ လာမပြောနဲ့၊ ဘာလို့ဆို အီရန်နိုင်ငံဟာ လက်နက်ချ အညံ့ခံမယ့်နိုင်ငံမဟုတ်လို့ပဲ” လို့ သူက ပြောပါတယ်။

“အမေရိကန်ရဲ့ စစ်ရေးအရ ဘယ်လို ပါဝင်စွက်ဖက်မှုမျိုးမဆို သူတို့အတွက် ပြင်မရနိုင်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ မလွဲမသွေ ဖြစ်စေမယ်ဆိုတာကို အမေရိကန်တွေအနေနဲ့ သိသင့်တယ်” လို့ Khamenei က ဆိုပါတယ်။

အီရန်အရာရှိတစ်ယောက်ကလည်း အမေရိကန်ရဲ့ စွက်ဖက်မှုဟာ “အားလုံးအတွက် ထိခိုက်မယ့်စစ်ပွဲမျိုး” ဖြစ်စေတဲ့ အန္တရာယ်ရှိတယ်လို့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ သတိပေးခဲ့ပါတယ်။

နောက်ထပ် အီရန်အရာရှိတစ်ယောက်ကလည်း နိုင်ငံအနေနဲ့ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ ယူရေနီရမ်သန့်စင်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပြီး အငြင်းပွားဖွယ် နျူကလီးယားအစီအစဉ်ကို လက်လျှော့ဖို့ ထရမ့်ရဲ့ ပြောဆိုချက်ကို ပယ်ချထားပါတယ်။

မူရင်းသတင်း – Iran’s leader rejects call to surrender, saying U.S. intervention would cause ‘irreparable damage’

 

0 Shares:
You May Also Like
Read More

အရပ်သားများကို ဗုံးကြဲနေသည့် စစ်အုပ်စု၏ ရွေးကောက်ပွဲ စိတ်ကူးလို့တောင်မရဘူးဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ ဆို

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က မြန်မာပြည်ရဲ့ လက်ရှိအခြေအနေကို ထောက်ပြပြီး အရပ်သားတွေကို ဗုံးကြဲနေတဲ့ စစ်အုပ်စုက နောက်လမှာလုပ်မယ့် ရွေးကောက်ပွဲကို စိတ်ကူးလို့တောင်မရဘူးလို့ နိုဝင်ဘာ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
Read More

အုန်းဖျန်ဗုံးပေါက်ကွဲမှု ဝမ်းနည်းရှုတ်ချကြောင်း KNU ထုတ်ပြန်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖျန်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပစ်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဘုရားသုံးဆူက တရုတ်ငွေလိမ်ဂိုဏ်းတွေ နေရာပြောင်း

ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓာတ်အား၊ လောင်စာနဲ့ အင်တာနက် ဖြတ်တောက်ပြီး ရက်ပိုင်းအကြာမှာ ဘုရားသုံးဆူက တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ နေရာပြောင်းရွှေ့သွားတယ်လို့ ထိုင်းလုံခြုံရေးသတင်းရင်းမြစ်တွေက ပြောဆိုကြောင်း Bangkok Post က ဖေဖော်ဝါရီလ ၁၃ ရက်မှာ ရေးသားဖော်ပြထားပါတယ်။
Read More

တရုတ်သမ္မတ ရှီ နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဟာ အကြမ်းဖက် မင်းအောင်လှိုင်၏ ရာဇဝတ်မိတ်ဖက်များ ဖြစ်သည်ဟု JFM ထုတ်ပြန်

မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နရန်ဒြာမိုဒီတို့ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို အားပေးကူညီမှုတွေ တိုးမြှင့်ပေးအပ်နေပြီး သူတို့ဟာ အကြမ်းဖက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရာဇဝတ်မိတ်ဖက်တွေဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ထားပါတယ်။
Read More

ဒေါ်နယ်ထရမ့် ဂျပန်ရောက်ချိန် မြန်မာ့အရေး ကူညီပေးရန် ဂျပန်ရောက်မြန်မာများ တောင်းဆိုဆန္ဒပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဂျပန်နိုင်ငံကို ရောက်ရှိလာချိန်ကာလမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိရောက်စွာ ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုဆန္ဒတဲ့ လှုပ်ရှားမှုကို ဂျပန်ရောက်မြန်မာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းမှာ မွေးတဲ့ကလေးတွေနဲ့ ရွှေ့ပြောင်းလုပ်သား ၅ သိန်းနီးပါးကို ထိုင်းအစိုးရက နိုင်ငံသားဖြစ်ခွင့်ပေး

ထိုင်းနိုင်ငံမှာ ၁၉၈၄ ခုနှစ်ကတည်းက နေထိုင်လာခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ထိုင်းမှာ မွေးတဲ့ ကလေးငယ်တွေ ၄၈၃,၀၀၀ ခန့်ကို နိုင်ငံသားဖြစ်ခွင့်ပေးဖို ထိုင်းအစိုးရက အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။