စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဝမ်ပေါင်ကုမ္ပဏီသို့ ကြေးနီ သယ်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71Local People Defense Force Monywa အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၈ ရက် မနက်ပိုင်းက မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ သံပြားကာယာဉ်၊ Jummer ယာဉ်တွေ လုံခြုံရေးယူပြီး ဝမ်ပေါင်ကုမ္ပဏီသို့ ကြေးနီသယ်လာတဲ့ ယာဉ်တန်းကို မုံရွာ- ချောင်းဦးလမ်းပိုင်း ခင်မွန်ရွာဘက်စုံစစ်တပ်ခြံအနီး ပဒေသာမိုင်း ၄ လုံး တစ်ပွိုင့်နဲ့ ဖောက်ခွဲတိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ကင်းပုန်းတွေ ချထားတဲ့ကြားက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယာဉ်တန်းထဲက ၄ စီးမြောက်ယာဉ်ကို ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တန်းတိုက်ခိုက်ခံရတဲ့အတွက် လမ်းပိုင်းကင်းပုန်းယူထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ လက်နက်ငယ်တွေ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး မိုင်းအဖွဲ့နဲ့ Area 71 LPDF Monywa အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Area 71 LPDF Monywa

0 Shares:
You May Also Like
Read More

ဂမုန်းရေလှောင်တမံ အနီး တိုက်ပွဲက သေဆုံးသွားတဲ့ စစ်ကောင်စီ အလောင်း ၁၂လောင်းကို လာရောက်ယူဆောင်ခြင်းမရှိ (ရုပ်/သံ)

ဂမုန်းရေလှောင်တမံအနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သေဆုံးသွားတဲံ စစ်သား အလောင်း ၁၂ လောင်းကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ လယ်ကွင်းထဲတွင် စွန့်ပစ်ထားခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။ 
Read More

စစ်တောင်းမြစ်အရှေ့ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်မြစ်အရှေ့ခြမ်းမှာ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းက အင်အား ၁၀၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Nay Pyi Taw PDF-Battalion 901မှ ထုတ်ပြန်ထားပါတယ်။
Read More

သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း၊ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Myanmar Defense Force မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကော်သူးလေထိန်းချုပ်နယ်မြေ သောင်ရင်းမြစ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်ရဲဘော်ရဲဘက်များအတွက် ဂုဏ်ပြုပွဲကျင်းပ (ရုပ်/သံ)

ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တပ်မဟာ (၇)အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၈ ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်ရဲဘက်တွေကို မေလ ၂၁ ရက်မှာ ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူများ လယ်ယာရိတ်သိမ်းနေချိန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့ ပန်းရံပျူစခန်းနဲ့ သီလုံးပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပန်းရံပျူစခန်းနဲ့ သီလုံးပျူစခန်းကို ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် – PRF မှ ထောက်ပို့ငွေများ မြေပြင်တိုက်ရိုက် စီးဆင်းရဲ့လား (ရုပ်/သံ)

လက်ရှိမှာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF က ထောက်ပို့ငွေတွေကို PDF တပ်ရင်း/စစ်‌ကြောင်း‌တွေရဲ့ ရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက် အဓိကအသုံးပြုနေပြီး ၂၆  ကြိမ်မြောက် တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်ကို ပေးအပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်တချို့ကို ရုပ်သံနဲ့တကွ ဖော်ပြလိုက်ပါတယ်။