ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခအရေးနဲ့ ပတ်သက်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ လျှို့ဝှက်ဖုန်းပြောဆိုခဲ့တဲ့ အသံမှတ်တမ်း ပေါက်ကြားလာပြီးနောက် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ ဆန္ဒပြနေတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။

ဘန်ကောက်မြို့၊ ထိုင်းအစိုးရအိမ်တော်ရှေ့မှာ ထိုင်းနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကျောင်းသားတွေနဲ့ ပြည်သူ့ကွန်ရက် (PDRC) တို့ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူတချို့က ဇွန်လ ၁၉ ရက် ဒီနေ့မှာ ဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားနဲ့ ဖုန်းပြောမှုအတွင်း ဟွန်ဆန်ကို ဦးလေးလို့ ခေါ်ဝေါ်သုံးစွဲမှုကို ကန့်ကွက်ထားသလို အဆိုပါဖုန်းပြောဆိုတဲ့ မှတ်တမ်းဟာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစေတဲ့အပြင် နယ်မြေပိုင်နက်၊ အမျိုးသားအကျိုးစီးပွားနဲ့ ထိုင်းစစ်တပ်အပေါ် သက်ရောက်မှုရှိတယ်လို့လည်း ဆန္ဒပြသူတွေက ပြောဆိုထားပါတယ်။

ဒါ့အပြင် ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ကနေ ဖုကျိုင်ထိုင်းပါတီက နုတ်ထွက်ထားပြီး ဆန္ဒပြသူတွေရဲ့ သဘောဆန္ဒအတိုင်း ပေထုန်တန်ကို ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ပေးဖို့ ဖိအားပေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် ပေထုန်တန်ရဲ့ လုပ်ရပ်ကြောင့် ညွန့်ပေါင်းအစိုးရအဖွဲ့ထဲမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေပြီး လက်ရှိ အစိုးရအဖွဲ့ကို ဖျက်သိမ်းကာ ဝန်ကြီးချုပ် ထပ်မံရွေးချယ်ရေးအတွက် ရွေးကောက်ပွဲ ထပ်မံပြုလုပ်ဖို့ ဖိအားပေးနေတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ထိုင်းစစ်တပ်အနေနဲ့လည်း ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အလုံးစုံ ကာကွယ်သွားမယ်လို့ ကြေညာထားပြီး စစ်တပ်က အာဏာသိမ်းဖို့ အလားအလာရှိနေတယ်လို့လည်း ထိုင်းနိုင်ငံရေးလှုပ်ရှားသူတချို့က သုံးသပ်ထားပါတယ်။

ထိုင်းနိုင်ငံရေးအခြေအနေ မတည်မငြိမ်မှုတွေကြောင့် ထိုင်းရောက် မြန်မာတွေအနေနဲ့လည်း ဆန္ဒပြမှု၊ လူစုလူဝေးတွေကနေ ဝေးဝေးနေဖို့၊ အများပြည်သူနဲ့ သက်ဆိုင်ရာနေရာတွေမှာ သတိထား သွားလာနေဖို့နဲ့ သတင်းမီဒီယာတွေက သတင်းတွေကိုလည်း စောင့်ကြည့်ဖို့ မြန်မာ့အရေး အကူအညီပေးသူတွေက အကြံပြုတိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – Thai PBS
0 Shares:
You May Also Like
Read More

မြန်မာပြည်သူတွေခံစားနေရတဲ့ ဒုက္ခကို ပြည်ပရောက်မြန်မာတွေ နိုင်တဲ့ဘက်က ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ ကို ပြည်ပရောက်မြန်မာတွေက နိုင်တဲ့ဘက်ကကူညီပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ရန်ပွဲအပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မှာ အဖွဲ့စုံ စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးမှုအချို့ရှိ

“မနေ့ညနေက မဲဆောက်ဈေးကို အရင်ဝင်စစ်တယ်။ ဆိုင် ၅ ဆိုင်လောက်ပါသွားတယ်ကြားပါတယ်။ တောမောင်းရုံး page မှာလည်း သတင်းတွေ တက်လာပါတယ်။ လူတွေ ဘယ်နှစ်ယောက် ပါသွားတာလဲတော့ အတိအကျ မသိရသေးဘူး။ ဖမ်းတယ်ဆိုတာကတော့ သေချာပါတယ်။ ပြီးတော့ မြို့အဝင်အထွက် လေယာဉ်ကွင်းတို့၊ အာရှလမ်းမကြီးတို့၊ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ ရှိတယ်။ အရင်ကထက်တော့ ပိုတင်းကျပ်နေတယ်” လို့ အဝေးရောက်ဧရာဝတီအဖွဲ့ (OIA) က ကိုဖိုးသင်္ကြန်က မောင်းကို ပြောပါတယ်။
Read More

မြန်မာအပါအဝင် အာရှရွှေ့ပြောင်းများကို တောင်ဆူဒန်နိုင်ငံဆီ ထရမ့်အစိုးရ ပြည်နှင်ဒဏ်ပေး

အမေရိကန်အစိုးရက မြန်မာနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေက ရွှေ့ပြောင်းတွေကို ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အရှေ့အာဖရိကနိုင်ငံ တောင်ဆူဒန်ဆီ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးရှေ့နေတွေက ဖက်ဒရယ်တရားသူကြီးကို အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း စာထုတ်ပေးရန် ဂျပန်နိုင်ငံထံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တောင်းဆို

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ရှင်းရှင်းလင်းလင်းအသိအမှတ်မပြုဘူးဆိုတဲ့အကြောင်း စာထုတ်ပေးဖို့အတွက် ဂျပန်နိုင်ငံထံ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုလိုက်ပါတယ်။
Read More

ဘန်ကောက်မှာ အသက် ၇၀ အရွယ်အမျိုးသားကို မြန်မာတဦးက ပစ်သတ်မှုဖြစ်ပွား၊ သေနတ်လုရင်း ပစ်ခတ်မိခြင်းဟု ဆို

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသားတဦးဟာ ၎င်းရဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ရဲ့ လုပ်ငန်းခွင်ဆီ ဝင်ရောက်တာကို ပိတ်ပင်ခံရတာကြောင့် အသက် ၇၀ အရွယ် ထိုင်းအမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ‌ဖော်ပြပါတယ်။ 
Read More

ဆယ်စုနှစ်များစွာ စစ်ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ စစ်ကောင်စီကို အမြန်ဆုံး အရေးယူပေးဖို့ ကုလစင်မြင့်မှာ တောင်းဆို

စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို  ဥပဒေရှေ့မှောက်မှာ တာဝန်ခံစေရေး နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ အရေကြီးအဆိုကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလစင်မြင့်မှာ  တိုက်တွန်းပြောကြားလိုက်ပါတယ်။