ပြီးခဲ့တဲ့ မတ်လ (၂၈) ရက်မှာ ဖြစ်ပွားခဲ့တဲ့ အင်အား (၇.၇) အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် အကျဉ်းထောင်အဆောက်အအုံ ပျက်စီးခဲ့မှုအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ဖက်လက်မောင်း ဒဏ်ရာရရှိခဲ့တယ်လို့ Suu Foundation က ဇွန်လ ၁၉ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မှာ အသက် ၈၀ ပြည့်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းငလျင်ကြီးအတွင်း ဒဏ်ရာရခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီက လုံလောက်တဲ့ ဆေးကုသပေးမှု ရှိမရှိကို မသိရဘဲ စိုးရိမ်ပူပန်စရာအခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

စုဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ ဂျင်းတော့ (Jean Todt) နဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာ မိုက်ကယ် မာရက်ခရော့စဘီ (Dr Michael Marett-Crosby) တို့က “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ ကောင်းကောင်းမွန်မွန် ရှင်သန်နေထိုင်နိုင်ရေးအတွက် ကျွန်တော်တို့ အင်မတန် စိုးရိမ်ပူပန်မိပါတယ်။ ကုလသမဂ္ဂကလည်း သူ့ကို လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ သူရဲ့ အသက် (၈၀) ပြည့်မွေးနေ့မှာ စုဖောင်ဒေးရှင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုပြီး ဒါဟာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် မရှိမဖြစ်လိုအပ်သော ခြေလှမ်းတစ်ရပ်ဖြစ်တယ်” လို့ ပြောကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဖြစ်တဲ့ François Zimeray နဲ့ Catalina de la Sota တို့ကလည်း “စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်ကစလို့ လုံးဝလျှို့ဝှက်ထားပြီး သူ့ရဲ့ အသက်အရွယ်နဲ့ ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိထားတယ်လို့ ယူဆရတဲ့ အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်၊ သူ ထောင်ထဲမှာ သေဆုံးသွားနိုင်တာကို ကျွန်တော်တို့ အလေးအနက် စိုးရိမ်နေရပါတယ်။ ကမ္ဘာကြီးကလည်း ဒီအခြေအနေကို လျစ်လျူရှုထားတယ်လို့ ခံစားရပါတယ်” လို့ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အသက် ၈၀ အရွယ်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း နိုင်ငံတော်အာဏာလုယူချိန်ကတည်းက မတရားဖမ်းဆီးအကျဥ်းချထားခဲ့ပြီး အကျဥ်းချထားရာ နေရာကိုတောင် ဖုံးကွယ်ထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဆိုင်ရာ အထူးအကြံပေး ပါမောက္ခ ရှောင်တာနယ်ကလည်း ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ထဲမှာ ဆေးကုသခွင့် လုံလုံလောက်လောက်ရမှာမဟုတ်ဘူးလို့ လူမှုကွန်ရက်အကောင့်ကနေ ပြောဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့မှာ အမေရိကန်၊ ဗြိတိန်၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂတို့ကလည်း မွေးနေ့ဆုတောင်းစကား ဆိုထားပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမှာ လမ်းပိုင်း ကင်းယူဖို့လာတဲ့ စစ်အုပ်စုကို ပစ်ခတ်ရာ ၄ ယောက် သေ၊ သေနတ် ၅ လက်ရရှိ၊ စစ်တပ်က ဗုံးကြဲ မီးရှို့လို့ ပြည်သူ (၃) ယောက် သေဆုံး၊ နေအိမ် ၃၇ လုံး မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်းမှာ ကင်းယူဖို့လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ ၄ ယောက် သေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အုတ်တွင်းမြို့နယ်တွင် မင်္ဂလာဆောင်ကို စစ်တပ်ဗုံးကြဲရာ ဘေးအိမ်ကိုထိပြီး ညီအစ်မ ၃ ဦးထဲမှ ၁၆ နှစ်အရွယ် မိန်းကလေး သေဆုံး၊ ၁၀ နှစ်အရွယ် အမြွှာ ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် မင်္ဂလာဆောင်တစ်ခုကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ညီအစ်မ ၃ ယောက်ထဲက ၁ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၃ တပ်စခန်းမှာ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

ဂွမြို့နယ် ဂန့်ဂေါ်တောင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းမှူး ဒရုန်းဗုံးသီး ထိမှန်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်နယ် ဂွမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ဂန့်ဂေါ်တောင်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရခိုင့်တပ်တော် AA က ဒရုန်းနဲ့ ဗုံးကြဲချခဲ့လို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းမှူး ထိခိုက်သေဆုံးပြီး စစ်သားတချို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

DMO Local PDF တပ်ရင်း ၂ မှ အသက် ၂၆ နှစ်အရွယ် ဒုတပ်ရင်းမှူး၏ ဈာပန

ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) ရဲ့ တပ်ရင်း (၂) ဒုတပ်ရင်းမှူး ဟင်နရီလုအောင်ရဲ့ စျာပနအခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။