လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုသဘောထားနဲ့ သွေဖီတဲ့ လုပ်ရပ်တွေ မလုပ်ခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း လုပ်ဆောင်မှာမဟုတ်ဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အတွက် မွေးနေ့ ဆုမွန်စကားပြောကြားရာမှာ NUG အစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ လူထု သဘောထားနဲ့ သွေဖီသောလုပ်ရပ်များကို မလုပ်ခဲ့သလို၊ ကျွန်တော်တို့အနေနဲ့လည်း လူထုသဘောထားနဲ့ သွေဖီသော မည်သည့်လုပ်ရပ်မျိုးကိုမှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြည်သူကို ကတိပြုပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်က ပြည်သူနဲ့အတူ လူထုလှုပ်ရှားမှုမှာ ထဲထဲဝင်ဝင် ပါဝင်နေတဲ့အတွက် ဝမ်းသာပီတိ ဖြစ်မိသလို ဒေါ်အောင်ဆန်းစုကြည်ဟာ ကင်မ်ရဲ့ မိခင်ဖြစ်သလို မြန်မာနိုင်ငံရဲ့ တိုင်းပြုပြည်ပြုမိခင် တစ်ယောက်ဖြစ်တယ်လို့လည်း ဒူဝါလရှီးလက ပြောကြားထားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံမှုကနေ လွတ်မြောက်ဖို့အတွက်၊ သားဖြစ်သူ “Kim” ကိုယ်တိုင်၊ ပြည်သူနဲ့အတူ လူထုလှုပ်ရှားမှုမှာ ဖိဖိစီးစီးပါဝင်နေတာကို တွေ့ရလို့လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ “Kim” ဟာ သူ့မိခင် အသက် (၈၀) ပြည့်အချိန်အထိ၊ အကျဉ်းကျခံနေရလိမ့်မယ်လို့ မျှော်လင့်ထားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေးလောကဓံတွေကို ကြံ့ကြံ့ခံဖြတ်သန်းနေတဲ့ မိခင်ဖြစ်သူအတွက် သားဖြစ်သူ “Kim” ဟာ လေးစား ဂုဏ်ယူနေမှာ အသေအချာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သားဖြစ်သူ “ကင်ရဲ့ မိခင်” ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ တိုင်းပြုပြည်ပြုမိခင် တစ်ယောက်ဖြစ်တယ်လို့လည်း ကျွန်တော်တို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ” လို့ ယာယီသမ္မတက ဆိုပါတယ်။

နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ယာယီသမ္မတက နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် လူထုတော်လှန်ရေးနည်းနဲ့ လူထုနိုင်ငံရေး နည်း ပေါင်းစပ်ပြီးတော့ တွန်းလှန်တိုက်ပွဲဝင်ဖို့ တိုက်တွန်းထားပါတယ်။

“စစ်အာဏာရှင်စနစ် အမြစ်ပြတ် ဖျက်သိမ်းရေးဟာ နွေဦးတော်လှန်ရေးရဲ့ မူလလုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင် ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် လူထုတော်လှန်ရေးနည်းနဲ့ လူထုနိုင်ငံရေး နည်းပေါင်းစပ်ပြီးတော့ တွန်းလှန်တိုက်ပွဲဝင်ကြဖို့ဟာ နွေဦးတော်လှန်ရေးရဲ့ အခြေခံလမ်းစဉ် ဖြစ်ပါတယ်။ ” လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်စခန်းများ၊ သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြား ရရှိခဲ့သည့် “သိမ်းငှက်စစ်ဆင်ရေး” ထိုးစစ်ကို စပါးရိတ်သိမ်းရာသီနှင့် စစ်ရှောင်အခက်အခဲများကြောင့် ရပ်ဆိုင်းထား

အရပ်သားတွေ စစ်ရှောင်နေရမှုနဲ့ စပါးရိတ်သိမ်းရာသီ ရောက်ရှိလာတာကြောင့် မော်လိုက်ခရိုင်အတွင်းက  သိမ်းငှက်စစ်ဆင်ရေး ထိုးစစ်ကို ရက်အကန့်အသတ်မရှိ ရပ်နားထားကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

ချောင်းဦးရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းများဖြင့်တိုက်ခိုက်၊ စစ်အုပ်စုက ၅ ဦးသေပြီး ၁ ဦး ဒဏ်ရာရ…

" အခက်အခဲကတော့မရှိခဲ့ပါဘူး။ ၆၀မမ ၂လုံးပစ်သွင်းတာမှာ ၁လုံးပဲကွဲပါတယ်။ ပစ်ခတ်မှုတော့မဖြစ်ပါဘူး။ သူတို့ဘက်တုံ့ပြန့်တာမျိုးတော့မရှိပါဘူး။ သေတဲ့၁ကောင်ကို နမခကို ပြန်ခေါ်သွားတယ်ဆိုတော့ အကောင်ကြီးထဲကဖြစ်နိုင်ချေရှိပါတယ်။ သူ့ရဲ့နာမည်နဲ့ရာထူးကိုမသိရလို့သာမထုတ်ပြန်တာပါ။ ကျန်တဲ့ ၄ကောင်က ချောင်းဦးမှာပဲသဂြိုလ်ပါတယ်။" လို့ Cahung U People's Defence Force တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ရှောင်ကျေးရွာများထဲမှ အရပ်သားပိုင်ပစ္စည်းနှင့် အိမ်မွေးတိရစ္ဆာန်များကို စစ်အုပ်စု ခိုးယူသယ်ဆောင်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကြောင့် တိမ်းရှောင်နေရတဲ့ ကျေးရွာတွေထဲကို ပျူစောထီးနဲ့ စစ်အုပ်စုတွေက ဝင်ရောက်စီးနင်းရင်း အရပ်သားပိုင်ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခိုးယူသယ်ဆောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ထန်းတပင် ထွေအုပ်ရုံးမှာပြုလုပ်တဲ့ စစ်အုပ်စုအစည်းအဝေး တိုက်ခိုက်ခံရပြီး ထွေအုပ် ဒု-ညွန်မှူးတစ်ဦး သေဆုံး၊ ရန်ကုန် − မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်အုပ်စု ရဲစခန်းနှင့် ဂိတ်စခန်းများ တိုက်ခိုက်ခဲ့ရပြီး စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ ရဲစခန်းကို ဒေသကာကွယ်ရေး တပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာ ဒုတိယညွန်ကြားရေးမှူးတစ်ဦး သေဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားများကို ဆေးတပ်ဖွဲ့က လက်တွေ့သင်တန်းပို့ချခဲ့ (ဓာတ်ပုံသတင်း)

ရာမညမွန်‌တပ်တော် (NMSP(AD)/ RMA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားတွေကို ရာမညမွန်တပ်တော်နဲ့ Ye Guerrilla Force ဆေးတပ်ဖွဲ့က လက်တွေ့သွားရောက်ပြသသင်တန်းပေးခဲ့တယ်လို့ Ye Guerrilla Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးနှင့် မတ္တရာတွင် စစ်ကောင်စီ တစ်ရက်တည်း လေကြောင်းတိုက်မှုကြောင့် ၅ လသား ကလေးငယ်အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅လသား ကလေးငယ် အပါအဝင် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။