မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မရဲစခန်းမှာ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၃ ယောက် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

အဆိုပါ နိုင်ငံရေးအကျဥ်းသား ၁၃ယောက်ဟာ ဇွန်လ ၁၇ရက်နေ့မှာ ထွက်ပြေးကာ ၁၈ရက်နေ့ မနက်ပိုင်းမှာ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ရောက်ရှိလာခဲ့တာပါ။ သူတို့ဟာ အချုပ်ခန်းကနေ ထွက်ပြေးဖို့ ကြိုးစားနေတာ ၃လကျော်လောက် ရှိပြီလို့လည်း ဆိုပါတယ်။

“သူတို့ ဒီအချုပ်ခန်း ဖောက်ဖို့ကြိုးစားတာ သုံးလေးလလောက် ကြာခဲ့ပြီပေါ့နော်။ အချုပ်ခန်းဖောက်၊ ဖောက်ပြီးတော့ ၁၃ဦးလုံးက နှစ်ယောက် သုံးယောက် တစ်တွဲစီ အလှည့်ကျထွက်တာပေါ့။ တစ်သုတ်ပြီး တစ်သုတ် ထွက်တယ်။ သူတို့ပြေးတာကို မြင်တဲံ့သူက အနောက်က လိုက်ပစ်တယ်။ လူစုတွေကွဲပြီးမှ ဟိုပြေးဒီပြေးနဲ့ တစ်ညလုံး ပြေးရင်းလွှားရင်း ဒုက္ခတွေရောက်ကြတာပေါ့။ မနက်မိုးလင်းမှ ကျေးရွာတွေဆီ ရောက်ပြီး ကျနော်တို့က ကြိုဆိုပေးနိုင်ခဲ့တာပါ။” လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူတွေဟာ နွေဦးတော်လှန်ရေးကာလအတွင်း နိုင်ငံရေးခံယူချက်နဲ့ တော်လှန်ရေးအလုပ်တွေ လုပ်ကိုင်ရင်း စစ်ကောင်စီအာဏာပိုင်တွေရဲ့ ပုဒ်မ ၅၀(က)၊ ၅၂(က) တို့နဲ့ ဖမ်းဆီးခံထားရသူတွေဖြစ်ပြီး အများဆုံး ၃နှစ်ကျော် ၄နှစ်နီးပါး အထိ အကျဥ်းကျခံခဲ့ရသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ထွက်ပြေးလာကြသူ ၁၃ယောက်ထဲမှာ အမျိုးသား ၁၂ယောက် ပါဝင်ပြီး ကျန်တဲ့ အသက် ၄ဝ အရွယ်အမျိုးသမီးဖြစ်သူကတော့ စစ်ကောင်စီထောင်ထားတဲ့ မိုင်းကို နင်းမိပြီး အဲဒီဒဏ်ရာနဲ့ပဲ သွေးထွက်လွန်ကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ နိုင်ကျဥ်းတစ်ယောက်ရဲ့ မိခင်ဖြစ်ပြီး အကျဥ်းကျနေတဲ့ သားဆီကိုလာရင်း ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

“ပြေးလာကြတဲ့ ၁၃ယောက်က အဖွဲ့ ၃ဖွဲ့ ခွဲပြီး ပြေးကြတာ။ အဲ့မှာ ၄ယောက် အဖွဲ့တစ်ဖွဲ့က ရွာတစ်ရွာနားရောက်ခါနီး စခတွေရဲ့ မိုင်းကို နင်းမိတယ်ပေါ့။ စခတွေက မြို့အနီးဝန်းကျင်က လမ်းတွေရယ် မြို့ပတ်လည်နေရာတွေမှာ မိုင်းတွေ ထောင်ထားတာပါ။ အဲ့ဒါ ၄ယောက်စလုံး ဒဏ်ရာရကြပါတယ်။ အဲ့ထဲက တစ်ယောက်တည်းသော အမျိုးသမီးပဲ သွေးထွက်လွန်ပြီး ဆုံးတာပါ။ သူရယ် သူ့သားရယ် လာတာ။ နှစ်ယောက်လုံး နိုင်ငံရေးလုပ်လို့ ဖမ်းခံထားရတာ” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက ပြောပါတယ်။

ကိုမင်းဒဿရဲ့ ပြောပြချက်အရ လွတ်မြောက်လာသူတွေထဲမှာ ထီးလင်းနယ်ခံ ၁၁ယောက်နဲ့ ချင်းပြည်နယ် မင်းတပ်နယ်က ၂ယောက် ပါဝင်ကြောင်း၊ ထီးလင်းမြို့မရဲစခန်းအတွင်း အချုပ်ခန်း ၂ ခန်းရှိရာမှာ လက်ရှိထွက်ပြေးလွတ်မြောက်လာသူ ၁၃ယောက်ရဲ့အခန်းအပြင် မလွတ်မြောက်ခဲ့တဲ့ လူ ၁၀ယောက် ထားရရှိရာ အခန်းတစ်ခန်းလည်းရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးလွတ်မြောက်လာသူတွေကို ဆေးဝါးကုသမှု ပေးထားပြီး နောက်ပိုင်းမှာ သက်ဆိုင်ရာ မိသားစုတွေဆီ ပြန်လည်နေထိုင်လိုသူတွေကို ပို့ဆောင်ပေးသွားဖို့ရှိတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းမူမြို့၊ ရွှေဧကရာဇ်ရွှေဆိုင်မှ ဓားပြတိုက်လာသူ ၄ဦးကို ဧရာဝတီမြစ်ကြောင်းအတွင်း PDF များဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ကနေ ရွှေဆိုင်ဓားပြတိုက်ပြီး ပြန်လာတဲ့အဖွဲ့ကို တိုက်ရာပါပစ္စည်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဧရာဝတီမြစ်ကြောင်းတစ်နေရာမှာ အသင့်စောင့်ကြို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

ရွေးကောက်ပွဲအတု ကမ်ပိန်းစာသားများ ရွတ်ပေးရန် အနုပညာရှင်များကို စစ်ကော်မရှင် စေခိုင်းထား၊ ညှိနှိုင်းမှု မဟုတ်တော့ဘဲ ပြင်းထန်စွာ ဖိအားပေးနေဟု ဆို

အကြမ်းဖက်စစ်ကော်မရှင်ဟာ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ပြည်တွင်းမှာကျန်နေတဲ့ အနုပညာရှင်တွေအနေနဲ့ ပြည်သူ စိတ်ဝင်စားအောင် ကမ်ပိန်းလုပ်ပေးဖို့ အသည်းအသန် ကြိုးစားနေရာကနေ ခြိမ်းခြောက်ဖိအားပေးတဲ့အဆင့်အထိ ရောက်လာပြီလို့ သိရပါတယ်။
Read More

ရွှေပေါက်ပင်ရဲစခန်းကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၁ဦးနှင့် ပျူ ၁ ဦး သေပြီး ၄ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ရွှေပေါက်ပင်ရပ်ကွက်က ရဲစခန်းကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်မှုမှာ ရဲ ၁ ယောက်နဲ့ ပျူစောထီး ၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ရ ရှိခဲ့တယ်လို့ ဆိပ်ဖြူတစ်ကိုယ်တော်ကျားဇိုး (LDF) က မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီတပ်က စစ်မှုထမ်းဆင်း စစ်သား ၆ ဦး သေနတ် ၅ လက်၊ ခဲယမ်းများနှင့်အတူ ဒီးမော့ဆို DMO Local PDF ဆီ အလင်းဝင်လာ .

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို DMO Local PDF ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းဆင်း စစ်သား ၆ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာတွင် စစ်သား ၂ယောက်ကို PLA ရဲဘော်များ ရုတ်တရက်တွေ့ပြီး ပစ်ခတ်၊ စစ်သား ၂ ယောက်လုံး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကော်မရှင်တပ်သား ၂ ယောက်ကို တိုက်ခိုက်ရာ ၂ ယောက်လုံး သေဆုံးသွားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မြင်းခြံခရိုင်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။