ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့မှာ ကျောင်းပို့သွားတဲ့ ဆိုင်ကယ်ကို ကားက ဝင်တိုက်မိတာကြောင့် ကျောင်းသား ၂ယောက်နဲ့ အမျိုးသမီး ၁ယောက် စိုးရိမ်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၁၉ရက် ဒီနေ့ မနက်ပိုင်းလောက်မှာ ကလေးတွေကို ကျောင်းလာပို့တဲ့ ဆိုင်ကယ် ၂စီးကို ကားတစ်စီးက ကျော်တက်ရာမှာ အရှိန်မထိန်းနိုင်ဘဲ အနောက်ကနေ ဝင်တိုက်ခဲ့တာကြောင့် ကျောင်းသား ၂ယောက်နဲ့ အမျိုးသမီး ၁ယောက် စိုးရိမ်ရတဲ့အတွက် ဘားအံ ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး နောက်ထပ် ၂ယောက်ကတော့ ကမမောင်း ဆေးရုံမှာသာ ကျန်ခဲ့တယ်လို့ သိရပါတယ်။

“ထိတာက ကလေးက ခြေထောက်ထိတယ်။ ခေါင်းတွေထိတယ်။ လွင့်ထွက်သွားတာဆိုတော့ ဘာတွေကျိုးကုန်မှန်းတော့ မသိဘူး။ ဓာတ်မှန်တွေဘာတွေရိုက်မှ သိရမယ်။ ကားကကျော်တက်ပြီး အနောက်ကနေ တိုက်သွားတာ.. ကလေးတွေနဲ့ ကျောင်းသားမိဘတစ်ယောက်က အခြေအနေမကောင်းလို့ ဘားအံကို ပို့ထားလိုက်တယ်။ ကျန်တဲ့ ၂ ယောက်ကတော့ မစိုးရိမ်ရလို့ ရွာမှာပဲကျန်ခဲ့တာ” လို့ ကမမောင်း နယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။
ကားတိုက်ခံရတဲ့ အဆိုပါ ကလေးငယ် ၂ယောက်ဟာ ၄တန်း ကျောင်းသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ ကားသမားကိုတော့ လက်ရှိမှာ ရဲက စစ်ဆေးနေပြီး မြောင်းထဲ ထိုးကျသွားတဲ့ ကားကိုလည်း ပြန်လည်ဆွဲတင်တာမျိုးတွေ မလုပ်ရသေးဘူးလို့ သိရပါတယ်။

“ကားသမားကတော့ ကမမောင်းမှာပဲ ရှိနေတယ်။ သူက ကမမောင်းသား မဟုတ်ဘူး။ ရဲနဲ့ စကားပြောပြီး ကျန်ခဲ့တယ်.. ကျနော်တို့ ထွက်လာတုန်းက။ သူ့ကားက ပရိုဘောက် အဖြူရောင်၊ တိုက်ပြီးတော့ သူ့ကားက အရှိန်လွန်ပြီးတော့ မြောင်းထဲကျသွားတယ်။ ပြန်တောင် ဆွဲမတင်ရသေးဘူး” လို့ အထက်ပါ နယ်ခံက ပြောပြခဲ့ပါတယ်။

ပုံစာ – ကားတိုက်ခံရသည့် ကျောင်းသားများ
0 Shares:
You May Also Like
Read More

ထားဝယ်က စစ်တပ်ရဲ့ မဲချောင်း ၈ မိုင် တပ်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီ တပ်သား ၅ ယောက် သေပြီး တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မဲချောင်း ၈ မိုင်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ထီးလင်းက စစ်ကောင်စီတပ်သား ၁ ယောက် ဂန့်ဂေါခရိုင် တပ်ရင်း ၁၈ ဆီ လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆုချီးမြင့်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်း - Yaw National Revolution Force ဆီကို ထီးလင်းမြို့က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာမှ ရေရှည်စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံ့ကူညီ

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာက ရေရှည်စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက အရပ်သားတွေကို တိုက်ရိုက်တိုက်ခိုက်နေလို့ လက်တုံ့ပြန်တိုက်ခိုက်တော့မယ်လို့ CNDF ဆို

အပြစ်မဲ့ အရပ်သားတွေ ထိခိုက်သေဆုံးရတာများလာလို့  စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်တော့မယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က အသိပေးပြောဆိုလိုက်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်… မိုးကုတ်နှင့် သပိတ်ကျင်းအစပ်မှာလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။