ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းက ရဲဘော်တွေဟာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားချုပ်နှောင်ခံရခြင်းကနေ အမြန်ဆုံးလွတ်မြောက်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကိုလည်း ဦးစီးဦးဆောင် အမြန်ဆုံး ပြုနိုင်ပါစေကြောင်း ဆုတောင်းခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးလည်း အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ရဲဘော်တွေက ဆု တောင်းပေးခဲ့ကြပါတယ်။

Video-မြင်းခြံခရိုင် အမှတ် ၄-၁၀ တပ်ရင်း

0 Shares:
You May Also Like
Read More

သာယာဝတီမြို့နယ်အတွင်း ခမရ ၃၅ တပ်ရင်းမှာ အထိုင်ချထားသည့် မဒေ့ါဂိတ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း သာယာဝတီမြို့နယ်အတွင်း အထိုင်ချထားတဲ့ ခမရ ၃၅ တပ်ရင်းရဲ့ မဒေါ့ဂိတ်စခန်းကို တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့မှာ ငလျင်ဒဏ်ခံထားရသည့် အဆောက်အအုံဖြိုချရာ လမ်းမပေါ် ပြိုကျမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ငလျင်ဒဏ်ခံထားရတဲ့ အဆောက်အအုံဖြိုချရာ လမ်းမ ပေါ်ပြိုကျခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

Phoenix -Special Warfare Force က ကျည်ကာများ စမ်းသပ်ထုတ်လုပ်မှု အောင်မြင် (ရုပ်/သံ)

Phoenix -Special Warfare Force က ထုတ်လုပ်တဲ့ Level 3 plus နဲ့  Level 4 အဆင့်ကျည်ကာပြားများ ကို ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ မောင်းကို အတည်ပြုပြောဆိုပါတယ်။
Read More

ဆိပ်ဖြူမြို့နယ် သံဇလုံဂိတ်တိုက်ပွဲတွင် ရေနံသာစစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်စခန်းက စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရေနံသာစစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ ကျဆုံးခဲ့ရ တယ်လို့ Yenanthar Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ် အထိနာကာ ကျေးရွာများကို ဝင်ရောက်မီးရှို့ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်က မဲဇလီရဲစခန်းနဲ့ မင်းဘူးမြို့နယ်က လက်ပတောစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်း တပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

ဘုံတိုရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူ တစ်ဦး၏ နာရေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ သေဆုံးသူ အရေအတွက် ၄၀ ကျော် အထိရှိလာပြီဖြစ်ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါ အရပ်သားတွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။