ကရင်နီပြည်နယ် ရှေ့တန်းတစ်နေရာမှာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က တော်လှန်ရဲဘော် ၂ ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ ကလလတ က မနေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်က ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) ရဲ့ ဗျူဟာ(၂)၊ တပ်ခွဲ(၁)က ရဲဘော် ငါးလော် နဲ့ လင်းယုန်တိုက်ခိုက်ရေးတပ်ခွဲက ရဲဘော်-မဲလုံးတို့ဟာ တိုင်းပြည်နဲ့လူမျိုးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော် ၂ ယောက်အတွက် ကလလတ ဗျူဟာ(၂)အနေနဲ့ ကျန်ရစ်သူမိသားစုတွေနည်းတူ
ကြေကွဲဝမ်းနည်းရတယ်လို့လည်း ဆိုပါတယ်။

ကျဆုံးရဲဘော်တွေ ရည်မှန်းခဲ့တဲ့ စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ကလလတ က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ရေဦးမှာ ပြည်သူပိုင်နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦးPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မတူပီ-မင်းတပ် လမ်းပိုင်းရှိ မိုင်တိုင် ၉၁ မိုင်တွင် လမ်းပြုပြင်နေသဖြင့် လမ်းပိတ်ထားကြောင်း CDF မတူပီ ထုတ်ပြန်ကြေညာ

ချင်းပြည်နယ်ရှိ မတူပီ-မင်းတပ် လမ်းပိုင်းက မိုင်တိုင် ၉၁ မိုင်မှာ လမ်းပြုပြင်နေတာကြောင့် လမ်းပိတ်ထားတယ်လို့ Chin Defense Force-Matupi က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

မစ်ရှင်လုပ်ဖို့ သွားသည့် PDF များနှင့် စစ်အုပ်စု လှည့်ကင်းကားများ ထိတွေ့ပစ်ခတ်မှုဖြစ်၊ ကားပေါ်ပါလာသည့် အကြမ်းဖက်စစ်သား ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မစ်ရှင်လုပ်ဆောင်ဖို့သွားတဲ့ တော်လှန်ရေးတပ်နဲ့ စစ်အုပ်စု ကင်းပတ်ကားတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ၂ ယောက် သေဆုံးပြီး တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၄) တပ်ရင်းထံက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ လက်ရုံးအထူးတပ်ဖွဲ့ အပတ်စဉ် (၇) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့  P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ အပတ်စဥ် (၇)သင်တန်းဆင်းပွဲကို  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

၂၀၂၅ တော်လှန်ရေးခရီး ‘ဆက်လျှောက်’ ကြဖို့ တိုက်တွန်းလှုပ်ရှားမှု

၂၀၂၄ ခုနှစ် ကုန်ဆုံးလို့ ၂၀၂၅ ကို ရောက်လာချိန်မှာလည်း အကြမ်းဖက် စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကို ခေါင်းငုံ့မခံဘဲ အာဏာရှင်တွေကို ဆန့်ကျင်ကြဖို့ Keep Moving On - ဆက်လျှောက် ဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို နှစ်သစ်ရဲ့အစ ဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

စစ်ကောင်စီ၏ တပ်မ (၇၇) မှ စစ်မှုထမ်းဆင်း ဒုတပ်စိပ်မှူး တစ်ဦးနှင့် တပ်သား တစ်ဦး လက်နက်မဲ့အလင်းဝင်

ပဲခူးတိုင်း၊ ပဲခူးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန် တပ်မဌာနချုပ် အမှတ် (၇၇) က ဒုတပ်စိပ်မှူး တစ်ယောက်နဲ့ တပ်သား တစ်ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ (လျှပ်စီးတပ်ခွဲ) က ဒီနေ့ ထုတ်ပြန်ပါတယ်။