မနက်ဖြန် ဇွန် ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၈၀ ပြည့်မွေးနေ့ ကမ်ပိန်းအတွက် မွေးနေ့ဆုတောင်းဗီဒီယိုပေါင်း ၈၀,၀၀၀ ပြည့်သွားပြီဖြစ်တယ်လို့ ကမ်ပိန်းစာမျက်နှာကနေ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

“အမေ့မွေးနေ့မတိုင်ခင် ၁ ရက်အလိုမှာ မွေးနေ့ဆုတောင်း ၈၀၀၀၀ ပြည့်သွားပါပြီ။ ပါဝင် ဆုတောင်းပေးတွေအားလုံးနဲ့ ဆုတောင်းတွေကို ရရှိအောင်ကူညီပေးကြသူသူအားလုံးကို ကင်မ်နဲ့ ကမ်ပိန်းဖြစ် မြောက်ရေးကော်မတီက ကျေးဇူးအထူးတင်ရှိပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့အရေအတွက်အများဆုံး ဂင်းနစ် စံချိန်တင်ဖို့ ရည်ရွယ်ထားတဲ့ မွေးနေ့ဆုတောင်းဗီဒီယိုတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ရက်ဖြစ်တဲ့ မနက်ဖြန် ဇွန် ၁၉ ရက်နေ့ထိ ပေးပို့နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်လက်အောက်ခံ Army Rum အရက်စက်ရုံကို ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

စစ်အာဏာသိမ်းမှု (၄) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်တပ်လက်အောက်ခံ Army Rum အရက်စက်ရုံကို ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အနောက်ပိုင်းခရိုင် (ရန်ကုန်တိုင်း) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၁)ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ကုတ်မှာ တာဝန်ကျတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ် (နပခ) က တပ်ကြပ်​ကြီးနဲ့ တပ်သား လက်နက်ခဲယမ်းတွေယူပြီး PDF ဆီ ထွက်ပြေးခိုလှုံံ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ တာဝန်ကျနေတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ် (နပခ) က တပ်ကြပ်​ကြီး၁ယောက်နဲ့ တပ်သားဖြစ်သူတို့ သရက်ခရိုင် အမှတ် ၄တပ်ရင်းထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့အတွက် ထိုက်သင့်တဲ့ဆုကြေးငွေတွေ ချီးမြှင့်သွားမယ်လို့ တပ်ရင်းသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။​
Read More

စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၂၀၀ ကျော် ထိုင်းဘက်ထွက်ပြေး

စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲမှုကြောင့် သောကြာနေ့ကစလို့ အရပ်သား ပြည်သူ ၂၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံလာကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
Read More

NUG အောက်မှ ခွဲထွက်လာသည့် ဂဠုန်စစ်ကြောင်း MLA ထံ ပူးပေါင်း 

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ထံကို တော်လှန်ရေးစစ်ကြောင်းတစ်ခုဖြစ်တဲ့ ဂဠုန်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ပြီး အလုံးစုံ ပူးပေါင်းလာခဲ့တယ်လို့ MLA ကမနေ့က ဖေဖော်ဝါရီလ ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။ 
Read More

ကော်သူးလေ အုပ်ချုပ်မှုနယ်မြေထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်

KNU ရဲ့ ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်းက နေရာတချို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။