အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ရှမ်းတောင်၊ ကရင်နီတိုင်းစစ်ဌာန နည်းဗျူဟာ အမှတ် (၁၁) မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲကို ကရင်နီပြည်တနေရာမှာ ဇွန် ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို တိုင်းစစ်ဌာန စစ်ဆင်ရေးအရာရှိ၊ ဗျူဟာ (၁၁) ဗျူဟာမှူးအပါအဝင် တပ်ရင်းမှူးများ၊ မဟာမိတ်အဖွဲ့အစည်းများက တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားအတွင်း စစ်ရေးချီတက်ခြင်း၊အလံတင်အလေးပြုခြင်း၊ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းများကို အလေးပြုခြင်းနဲ့ သစ္စာအဓိဌာန်ရွတ်ဆိုခြင်း၊ တာဝန်ရှိသူများမှ မိန့်ခွန်းပြောကြားခြင်း၊ သင်တန်းအတွင်း ထူးချွန်ဆုရရဲဘော်တွေကို ဆုချီးမြင့်ခြင်း၊ စစ်ရေးသရုပ်ပြခြင်များလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်မြေပြင်တပ်မှူးများသင်တန်းကို ဗျူဟာ ၁၁ လက်အောက်ရှိ အမှတ်(၁၁၀၂)တပ်ရင်း၊ အမှတ်(၁၁၀၆)တပ်ရင်း၊ အမှတ်(၁၁၀၇)တပ်ရင်းနဲ့ အမှတ်(၁၁၀၉)တပ်ရင်းများမှ သင်တန်းသား (၁၅၀)ဦး တက်ရောက်ပြီးစီးခဲ့တယ်လို့ အဆိုပါတပ်ရင်းများမှ သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရှမ်းပြည်နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စုကြောင့် ပြည်သူ (၅၁) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်..

ရှမ်းပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ၅၁ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဇူလိုင်လ ၂၉ ရက်အထိ ရှမ်းပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၂) ယောက်နဲ့ အမျိုးသား (၂၉) ယောက် စုစုပေါင်းအရပ်သား (၅၁) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

ပေါက်ခေါင်းတွင် လက်နက်ကြီးတပ်ဆင် အထိုင်ချတပ်စွဲနေသည့် စစ်တပ် ဝင်ရောက်တိုက်ခိုက်ခံရပြီး ၄ ဦး သေ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းနဲ့ ပြည်အစပ် ပေါက်ခေါင်းမြို့နယ်ထဲက ချောင်းကောင်းကျေးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးပြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင်၊ အမှတ် (၂) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ 
Read More

ကြို့ပင်ကောက်ကရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့နေ

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဝက်လက်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၁၀ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာတော်ကုန်းရွာကို စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၁၀ ယောက်နီးပါး သေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမြို့ကို စစ်ကောင်စီတပ် တစ်ရက်အတွင်း ၂ ကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူတစ်ယောက် ဒဏ်ရာရပြီး ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

ညီနောင် ၃ ဖွဲ့ တစ်ဖက်သတ် အပစ်ရပ်ကာလ ၁ လ ထပ်မံ သက်တမ်းတိုး

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ​ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့က တစ်ဖက်သတ် အပစ်ရပ်ကာလကို ၁ လ ထပ်မံသက်တမ်းတိုးကြောင်း ဒီနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။