မြန်မာပြည်မှာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဘေးဒုက္ခရောက်ရှိခဲ့ရတဲ့ ပြည်သူတွေကို အကူအညီပေးရေး ဒေါ်လာသန်း ၁၀၀ ပံ့ပိုးဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အတည်ပြုလိုက်ကြောင်း Reuters သတင်းဌာနက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းက လှုပ်ခတ်သွားတဲ့ ပြင်းအား ၇.၇ ရှိတဲ့ ငလျင်ကြောင့် လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့ရပြီး အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ရပါတယ်။

ငလျင်အပြီး နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် အပစ်အခတ်ရပ်စဲခဲ့တဲ့ စစ်ကောင်စီဟာ ငလျင်ဒဏ်သင့်နေရာတွေနဲ့ သူတို့လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ကျူးလွန်ခဲ့တဲ့အတွက် မြန်မာပြည်သူတွေ ပိုမို ဆင်းရဲဒုက္ခရောက်ခဲ့ရပါတယ်။

မတ်လ ၂၉ ရက်နေ့မှာ ငလျင်ကြောင့် မန္တလေးမြို့မှာ ပြိုကျသွားတဲ့ ကွန်ဒိုမီနီယံအောက် ပိတ်မိနေသည့် အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးတွေက ရှာဖွေနေစဉ် ( ဓာတ်ပုံ စိုင်းအောင်/ AFP/ Getty)

အာရှဖွံ့ဖြိုးရေးရန်ပုံငွေကနေ ထုတ်ပေးတဲ့ အဆိုပါ အကူအညီပေးရေးရန်ပုံငွေဟာ အမိုးအကာ၊ ရေနဲ့ သန့်ရှင်းရေး ဝန်ဆောင်မှုတွေ၊ အစားအစာ၊ အမျိုးသမီးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးအထောက်အပံ့တွေနဲ့ စိတ်ဒဏ်ရာကုစားရေး တိုင်ပင်ဆွေးနွေးမှုတွေအတွက် အကျုံးဝင်တယ်လို့ ADB က ဆိုပါတယ်။

“မြန်မာပြည်သူတွေအတွက် ADB ရဲ့ အကြီးမားဆုံးကူညီထောက်ပံ့မှုဖြစ်တဲ့ ဒီ ဒေါ်လာသန်း ၁၀၀ ပံ့ပိုးမှုကနေ အကူအညီတွေ အရမ်းလိုအပ်နေတဲ့ အိမ်ထောင်စုတွေအတွက် စားနပ်ရိက္ခာ၊ ရေ၊ အမိုးအကာနဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ ပေးအပ်သွားမှာဖြစ်ပါတယ်၊ ရေရှည်အသက်မွေးဝမ်းကျောင်း ကူညီမှုတွေ၊ အလုပ်အကိုင်တွေနဲ့ ရပ်ရွာကြံ့ခိုင်ဖို့တွေကိုလည်း ပံ့ပိုးပေးသွားမှာဖြစ်တယ်” လို့ ADB ဥက္ကဋ္ဌ Masato Kanda က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

အခုလို ADB က ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီတာဟာ ကြိုဆိုရမယ့်ကိစ္စဖြစ်ပေမယ့် ဒီအကူအညီတွေ လူသတ်စစ်တပ်လက်ထဲ ရောက်မသွားစေဖို့ နဲ့ စစ်တပ်က အလွဲသုံးစား မလုပ်နိုင်အောင် ADB အနေနဲ့ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်ဖို့တွေ လိုအပ်ကြောင်း မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆိုကြပါတယ်။

မူရင်းသတင်း – ADB approves US$100 million relief grant for Myanmar

0 Shares:
You May Also Like
Read More

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်များအတွက် ဒေါ်လာ သန်းတစ်ထောင်နီးပါး ကုလ အကူအညီတောင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခွဲနဲ့ သူတို့အိမ်ရှင်တွေအတွက် အခုနှစ်အတွင်း ကယ်ဆယ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး တောင်းခံထားကြောင်း ကုလသမဂ္ဂက မတ်လ ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။ 
Read More

AA ဟာ ရိုဟင်ဂျာမွတ်ဆလင်များကို ဖိနှိပ်နေတယ်လို့ HRW ထပ်မံစွပ်စွဲထား

မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ ကန့်သတ်မှုတွေချမှတ်ထားပြီး အနိုင်ကျင့်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ (HRW) က ဇူလိုင်လ ၂၈ ရက်မှာ စွပ်စွဲထားပါတယ်။
Read More

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဒီနှစ်လည်း အာဆီယံထိပ်သီးညီလာခံ တက်ရောက်ခွင့်ရမှာ မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် အတည်ပြု

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်လော်ဘီတွေ ဝါဒဖြန့်နေသလို အာဆီယံ ထိပ်သီးညီလာခံအစည်းအဝေး တက်ရောက်ခွင့်ရရှိမှာ မဟုတ်ဘူးလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း မလေးရှား Bernama သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသည့် ဂျပန်နိုင်ငံ ပါတီစုံလွှတ်တော်အမတ်များသမဂ္ဂ အရေးပေါ် အစည်းအဝေးကျင်းပ

မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးတဲ့ ဂျပန်နိုင်ငံ ပါတီစုံလွှတ်တော်အမတ်များသမဂ္ဂရဲ့ အရေးပေါ် အစည်းအဝေးကို ဧပြီ ၄ ရက် ဒီနေ့ မနက်ပိုင်းက ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်အမတ်များရုံး အဆောက်အဦးရဲ့ အထူးအစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
Read More

ဆေးဝါးကျွမ်းကျင်သူများပါဝင်မည့် အမေရိကန် ခရစ်ယာန်အဖွဲ့ Samaritan’s Purse ငလျင်ဒဏ်သင့်ဒေသများကို လာရောက်ကူညီမည်

အမေရိကန်နိုင်ငံက ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ခရစ်ယာန်အဖွဲ့တစ်ခုဟာ မြန်မာပြည်က ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီဖို့ လာရောက်မယ့်အကြောင်း ခရစ်ယာန် တရားဟောဆရာကြီး ဖရန်ကလင်းဂရေဟန် က သူ့ရဲ့ ဖေ့ဘွတ်(ခ်) စာမျက်နှာကတဆင့် အသိပေးပါတယ်။
Read More

အလုပ်သမားနေ့တွင် AAC ရွှေ့ပြောင်းအလုပ်သမား ကယ်ဆယ်ရေးဂေဟာကို မြေပိုင်ရှင် လာရောက်ဖျက်ဆီး

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ကူညီဖြေရှင်းပေးနေတဲ့ AAC အဖွဲ့ရုံးကို အဆောက်အဦး တည်ဆောက်ထားရာ မြေပိုင်ရှင်က အဖွဲ့တစ်ဖွဲ့ ငှါးရမ်းကာ ဖျက်ဆီးစေခဲ့တယ်လို့ AAC ဒါရိုက်တာ ဦးခိုင်ကြီးထံက သိရပါတယ်။