မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ တရားရင်ဆိုင်နေရတဲ့ CCTV ရုပ်သံဖိုင်ကို ဂါဒီယန်းသတင်းမှာ ဖော်ပြလာပါတယ်။

မှတ်တမ်းဖိုင်ဟာ ၂၂ ရက် သြဂုတ် ၂၀၂၂ က တရားခွင်အတွင်း CCTV ဖိုင်ဖြစ်ပြီး ဦးဟင်နရီဗန်ထီးယူကို သက်သေအဖြစ် စစ်ဆေးနေတာကိုလည်း ဗီဒီယိုဖိုင်အတွင်း တွေ့မြင်ရပါတယ်။

Video – Guardian News

0 Shares:
You May Also Like
Read More

ဇီးကုန်းမှာ ပေါ်တာဆွဲဖို့လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်အုပ်စု ဒိုးနွယ်ရွာကို ပေါ်တာဆွဲဖို့လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ စီးနင်းလာတဲ့ ဆိုင်ကယ်ယာဉ်တန်းကို ဒီဇင်ဘာ ၁၁ ရက် မနေ့က မနက်ပိုင်းမှာ ရှေ့ထွက်မိုင်းနဲ့ ဆီးကြိုတိုက်ခိုက်ခဲ့တယ်လို့ BTZM GBK PDF အဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ ၁၃၅ ယောက်အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ ၁၃၅ ယောက်အတွက် နိုဝင်ဘာ ၂၈ ရက် မနေ့က အရာတော်ရွှေဂျိုးဖြူအဖွဲ့မှ လှူဒါန်းတဲ့ စားနပ်ရိက္ခာတွေကို Shwebo Crocodile အဖွဲ့က သွားရောက်သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ရဲကားကို တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး၊ ရဲ ၂ ယောက် သေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ဒီကနေ့မနက်ပိုင်းက ရဲ ၂ ယောက် မောင်းနှင်လာတဲ့ ရဲကားကို တိုက်ခိုက်ခဲ့ရာ၊ အဆိုပါ ရဲနှစ်ယောက်သေဆုံးပြီး သေနတ် နှစ်လက်နဲ့ ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း-NPDF က ဒီကနေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်သားများ အခြေစိုက်နေရာတွေကို ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြိုပေါ်က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ရာ နေရာတွေကို တော်လှန်ရေး အင်အားစုတွေက အနီးကပ် မိုင်းထောင်ပြီး ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT) က ထုတ်ပြန်ပါတယ်။
Read More

နမခ က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ထွက်လာတဲ့ မိုးကာအုပ်ယာဉ် ၃ စီးနဲ့ သံပြားကာ ၁၀ စီးယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

စစ်ကောင်စီ တပ်သား ၄၀ ခန့်သေပြီး စခန်းစွန့် ထွက်ပြေးမှုများနှင့် မဲပလီဗျူဟာစခန်း တိုက်ခိုက်သိမ်းပိုက်မှု မှတ်တမ်း (ရုပ်/သံ)

KNU တပ်မဟာ (၁) နယ်မြေက စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်လိုက်ပါတယ်။