ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း အပါအဝင် အရာရှိနဲ့ တပ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့သာယာဝတီခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ (၁၆)ရက် ညနေပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ မင်းလှမြို့နယ် ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုတွေ များခဲ့တာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်ခံရတာကြောင့် အရပ်သားသေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၁၆ရက် ညနေပိုင်းမှာ မင်းလှမြို့နယ်၊ ထောက်ကြန့်အုပ်စု၊ ဆင်အိုင်ချောင်းပေါက်ရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား(၆၀)ခန့်ပါ ခလရ (၁) လက်အောက်ခံ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်တွေကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ရင်း ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂)ရဲ့ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်းနဲ့အတူ သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်းရဲ့ တပ်ခွဲ(၆)/ဧရာညီနောင်PDF ၊ MDF (Special Force) နဲ့ Asho Chin Defense Force(ACDF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့​တာ ဖြစ်ပါတယ်။

(၄၅)မိနစ်ကြာ ထိတွေ့မှုဖြစ်ပြီးတဲ့​နောက်မှာတော့ စစ်အုပ်စုဘက်က အထိနာသွားကာ နေရာကနေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သာယာဝတီခရိုင် အမှတ် (၃)တပ်ရင်းက ဆိုပါတယ်။

အဲ့ဒီနေ့ ညနေပိုင်းမှာပဲ မင်းလှမြို့နယ်အပိုင်၊ ရန်ကုန်-ပြည်လမ်းပိုင်းပေါ်က စစ်ကွင်းတာဆုံံ ရဲကင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေသွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုမှာလည်း စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားပြီး နာရီဝက်အကြာ ဆင်အိုင်ချောင်းပေါက်ရွာကနေ စစ်ကူရောက်လာတဲ့ အင်အား ၂၀ ကျော်ပါ စစ်ဖောကား ၁ စီးကိုလည်း ရှမ်းတောရွာအနီးမှာ တော်လှန်ရေးတပ်တွေ အသင့် ပိတ်ဆို့တိုက်ခိုက်တဲ့အတွက် ကား ၁ စီးလုံးပျက်စီးသွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ယောက်နီးပါးထိခိုက်သွားခဲ့တယ်လို့လည်း သိရပါတယ်။

မင်းလှမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က ခရိုင်ရဲမှူးအဆင့်၊ မြို့မရဲစခန်းမှူးနဲ့ ဗိုလ်မှူးအဆင့် အရာရှိတွေ အပါအဝင် အယောက်၂၀နီးပါး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အရပ်သား၊ စစ်ဘက်၊ ဆေးဘက်သတင်းရင်းမြစ်တွေရဲ့ပြောကြားချက်အရ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း နဲ့ အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တို့လည်း သေဆုံးခဲ့ကြောင်း၊ ဒီအချက်တွေအပေါ် အတည်ပြုနိုင်အောင် ကြိုးစားနေကြောင်း ဆိုပါတယ်။

ထိတွေ့တိုက်ပွဲတွေကနေ ခဲယမ်းတွေအပါအဝင် ဖုန်း (၂) လုံး နဲ့ စကားပြောစက်ကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့သလို တပ်ဖွဲ့ဝင်၂ ယောက်လည်း (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ကိုယ်စီရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က ဇွန်လ၁၇ ရက်နဲ့ ဒီနေ့ ဇွန်လ ၁၈ ရက်တွေမှာလည်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေရှိနေတယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲတွေနဲ့အတူ ဇွန်လ ၁၇ ရက် မနက်အစောပိုင်းက ပစ်ခတ်လိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး​ကြောင့် ဂန့်ဂေါ်ပင်အုပ်စု၊ ဖားလေးကွင်းမြောက်စုရွာနေ အသက် ၈၀ ကျော်အရွယ် အငြိမ်းစားကျောင်းဆရာမကြီးဆိုသူ ခြေထောက်ပြတ်ဒဏ်ရာနဲ့အတူ နေရာတင်သေဆုံးသွားပြီး ကျန် အမျိုးသမီး ၁ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ရန်ကုန်-ပြည်လမ်းပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေချိန် ဇွန်လ ၁၆ ရက် ညနေပိုင်းကလည်း ပြည်မြို့ဘက်ကနေ မောင်းနှင်လာတဲ့ အိမ်စီးကား၁စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သား ၃ ယောက် သေဆုံးကာ ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

” ဇွန်လ ၁၇ရက် မနေ့က နေ့လယ်လည်း စမ်းတောင်ကွေ့ရွာကို စခ​တွေလက်နက်ကြီးပစ်ပါတယ်။ အခု ဒီနေ့ဇွန် ၁၈ လည်း ထိတွေ့မှုကရှိတယ်။ အသေးစိတ်မသိရသေးဘူး” လို့ စစ်ရေးသတင်းရင်းမြစ်​က မောင်းကို ပြောပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေ တင်းမာမူတွေကြောင့် မင်းလှမြို့နယ်အတွင်းက အခြေခံကျောင်းတွေ ယာယီပိတ်ထားရတယ်လို့လည်း သိရပါတယ်။
အရပ်သားတွေအနေနဲ့ သာယာဝတီခရိုင်အတွင်းက စစ်ကောင်စီတပ်၊ ရဲစခန်း၊ ထွေအုပ်ရုံး၊ ရဲကင်းစခန်းနဲ့ လမ်းပိုင်းကင်းစခန်းတွေအနီးမှာ ဆိုင်ခန်းဖွင့် ဈေးရောင်းတာ ၊ အိမ်ဆောက်နေထိုင်တာနဲ့ အချိန်ကြာမြင့်အောင် ရပ်တန့် စကားပြောဆိုတာတွေမလုပ်ကြဖို့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က ထုတ်ပြန်တဲ့ နယ်မြေလုံခြုံရေးသတိပေးချက်တွေကိုလည်း အလေးအနက်ထားလိုက်နာကြဖို့ သာယာဝတီခရိုင်အမှတ် ၃တပ်ရင်း က တိုက်တွန်းထားပါတယ်။

မင်းလှမြို့နယ်အတွင်း တိုက်ပွဲများမှ သိမ်းဆည်းရရှိသော စစ်အင်္ကျီများနှင့် သာယာဝတီခရိုင်အမှတ် ၃ တပ်ရင်း တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း)

0 Shares:
You May Also Like
Read More

အိန္ဒိယနှင့် မလေးရှား ကူညီကယ်ဆယ်ရေးအဖွဲ့များ အသီးသီး ပြန်လည်ထွက်ခွာ

မြန်မာ့ငလျင်ဘေးအတွက် ရောက်ရှိလာတဲ့ အိန္ဒိယနဲ့မလေးရှားနိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပြန်လည်ထွက်ခွါသွားပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

စစ်အုပ်စု မတရားဖမ်းဆီးထားသည့် သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ သတင်းထောက် မထက်ထက်ခိုင်နှင့် အဆိုတော် သံသာဝင်းတို့ ပြန်လည်လွတ်မြောက်လာ

အကြမ်းဖက်စစ်အုပ်စု မတရားဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲက ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ သတင်းထောက် မထက်ထက်ခိုင်နဲ့ အဆိုတော် သံသာဝင်းတို့ အကျဥ်းထောင်တွေကနေ  ပြန်လည်လွတ်မြောက်လာကြောင်း သိရပါတယ်။
Read More

ပြည်မှာ လူနာစောင့် အမျိုးသား၂ ယောက်ကို စစ်တပ်က စစ်မှုထမ်းဖို့ လာရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်မြို့၊ ကုတင် ၅၀၀ ဆေးရုံမှာ လူနာစောင့်နေတဲ့ အမျိုးသား ၂ ယောက်ကို စစ်တပ်က စစ်မှုထမ်းဖို့အတွက် လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀…
Read More

ငလျင်ဘေးသင့်နေချိန် အတင်းကျပ်စုဆောင်းထားသည့် တပ်သားများဖြင့် စစ်ကောင်စီ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၂) ဖွင့်လှစ်

နိုင်ငံတစ်၀န်း ငလျင်ဘေးသင့်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ရမယ့်အစား အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၂) ဖွင့်ပွဲကို တိုင်းစစ်ဌာနချုပ် အသီးသီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

သာယာဝတီခရိုင် အမှတ်-၃ တပ်ရင်းရဲ့ အပတ်စဉ် (၂) အခြေခံစစ်သင်တန်း ပုံရိပ်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ်-၃ တပ်ရင်းရဲ့ အခြေခံ စစ်သင်တန်းအပါတ်စဉ် (၂) သင်တန်း ဓာတ်ပုံမှတ်တမ်းတွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၄၄ ဦးရှိပြီး ၇၀၀ ကျော် ဒဏ်ရာရကာ သေဆုံးဒဏ်ရာရသူ ဆက်လက်တိုးမြှင့်နိုင်ဟု စစ်ကောင်စီ ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ပြင်းထန်တဲ့ ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ယောက်ရှိပြီး ဒဏ်ရာရသူ  ၇၃၂ ယောက်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ ဝါဒဖြန့်ရုပ်သံကတဆင့် ဒီနေ့ မတ်လ ၂၈ ရက် ညပိုင်းမှာ ပြောကြားပါတယ်။