ဇွန်လ ၁၉ ရက် မနက်ဖြန်မှာ ကျရောက်မယ့် ဒေါ်‌အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့ဆုတောင်းမှာ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လေ၊ စစ်ကောင်စီက မုန်းတီးလေဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

“မေတ္တာဆိုတာ အသွားအပြန် ရှိတယ်ဆိုတဲ့ စကားလိုပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူအပေါ်ထားတဲ့ မေတ္တာကို ပြည်သူက တုန့်ပြန် ရောင်ပြန်ဟပ်ခဲ့တာပဲ ဖြစ်ပါတယ်။ မနာလို ဝန်တိုစိတ် အင်မတန်ကြီးပြီး ပြည်သူကို ရန်သူလို မှတ်ယူလေ့ရှိတဲ့ စစ်အုပ်စုကတော့ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လေ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးလေ ဖြစ်ပါတယ်”လို့ ဦးရည်မွန်က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီရဲ့ လူမဆန်မှုကို သိထားပြီးဖြစ်တဲ့အတွက် သနားငဲ့ညှာမှုမျိုးကို မျှော်နေမှာမဟုတ်ဘဲ သူမျှော်လင့်နေတာဟာ ပြည်သူ့တော်လှန်ရေးရဲ့ အောင်ပွဲပဲဖြစ်တယ်လို့ ဆိုပါတယ်။

”အသက်(၈၀)ပြည့် မင်္ဂလာမွေးနေ့မှာ အမေဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ပါစေ၊ ဘုန်းကြီးပါစေ၊ သူချစ်တဲ့ ပြည်သူတွေနဲ့ ကျန်းကျန်းမာမာ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်” လို့ ဦးရည်မွန်က ပြောကြားခဲ့ပါတယ်။

Video – Ministry of Defence – National Unity Government of Myanmar

0 Shares:
You May Also Like
Read More

ဖျာပုံမြို့ Black Dragon Force Pyapon UG ခေါင်းဆောင် ရဲဘော်စံလင်းစံ ရဲ့ ၁နှစ်ပြည့် သတိရအောက်မေ့ခြင်းအဖြစ် မြပုလဲစစ်ဆေးရေးဂိတ်အား ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းမပေါ်က မြပုလဲစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၂၉ ရက် မနေ့က ဒရုန်းနဲ့  M9၊ ERO၊ Drop Bombနဲ့ လက်လုပ် အီနာဂါဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ 5/ Commando Force အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ် သေ့ဘောဘိုးစခန်းမကျစေရေး လက်နက်ကြီးနဲ့ ‌လေကြောင်းပစ်ကူပေးပြီး အပြင်းအထန် ခုခံတိုက်ခိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘောဘိုးစခန်းမကျစေရေး စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေပေးနေပြီး အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ပခုက္ကူခရိုင် Local တပ်ရင်း (၁) အပတ်စဥ် (၂) စစ်သင်တန်းလေ့ကျင့်ရေးနှင့် သင်တန်းဆင်းပုံရိပ်များ (ရုပ်/သံ)

ပခုက္ကူခရိုင် Local တပ်ရင်း (၁) အပတ်စဥ် (၂) စစ်သင်တန်းလေ့ကျင့်ရေးနဲ့ သင်တန်းဆင်းပုံရိပ် မှတ်တမ်းရုပ်သံဖိုင်ကို Earthquake People’s Defence Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ၃ ထပ်တိုက်တစ်လုံး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျ (ရုပ်/သံ)

မန္တလေးမြို့ ၂၆ လမ်း ၈၀x ၈၁ လမ်းမှာ ဧပြီ ၁၅ ရက် မနေ့ညနေပိုင်းက လေပြင်းများတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၃ ထပ်တိုက်တစ်လုံး ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ရှမ်းတောင်-ကရင်နီ ရှေ့တန်းတွင် စစ်ရေးလှုပ်ရှားနေသည့် ရဲဘော်များ (ရုပ်/သံ)

ရှမ်းတောင်-ကရင်နီ ရှေ့တန်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ရှမ်းတောင်၊ကရင်နီစစ်တိုင်း၊ ဗျူဟာ - ၁၁၊ ကရင်နီစစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

အခြေခံစစ်ပညာသင်တန်းတက်ရောက်နေကြတဲ့ Northwest Plains Revolutionary Forces ရဲဘော်တွေ ရုပ်သံထုတ်ပြန် (ရုပ်/သံ)

Northwest Plains Revolutionary Forces ရဲ့ အပတ်စဉ်(၅) အခြေခံစစ်ပညာသင်တန်းတက် ရောက်နေတဲ့ ရဲဘော်တွေကို စစ်ရေးလေ့ကျင့်နေတဲ့ ပုံရိပ်ရုပ်သံမှတ်တမ်းဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။