အာဏာသိမ်းစစ်ကောင်စီကနေ မတရား ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ရက် မနက်ဖြန်ဆိုရင် အသက် ၈၀ ပြည့်ပြီဖြစ်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ပြည်သူလူထုကြားမှာ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်တိုက်တွန်းထားပါတယ်။

လူထုခေါင်းဆောင်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အတွက် “၈” ဂဏန်းပါတဲ့ လှုပ်ရှားမှုမျိုးစုံကို လက်ရှိမှာ လုပ်ဆောင်နေကြသလို မနက်ဖြန် မွေးနေ့မှာ ပန်းသပိတ်နဲ့ အပြာရောင်အင်္ကျီ ဝတ်ဆင်လှုပ်ရှားမှုတွေ လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

စစ်တပ်ထောက်ခံသူတွေကတော့ အထက်ပါ လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို စောင့်ကြည့်ဖမ်းဆီးကာ ထိထိရောက်ရောက် အရေးယူဖို့ သူတို့ရဲ့ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာ ရေးသားနေကြပါတယ်။ ပန်းပန်တာ၊ အင်္ကျီအပြာဝတ်တာက တခြားနေ့တွေမှာ သာမန်ကိစ္စဖြစ်ပေမယ့် မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ လုပ်ဆောင်ရင်တော့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ‘ထောင်ထမင်းစားဖို့ ပြင်ထားကြ’ ဆိုတာမျိုးတွေ ခြိမ်းခြောက်ရေးသားထားတာ တွေ့ရပါတယ်။

တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့အတွက် မွေးနေ့ဆုတောင်းရုပ်သံ ၈ သောင်းနဲ့ ဂင်းနစ်ချိန်တင်ဖို့ ကြိုးပမ်းမှုဟာ သတ်မှတ်အရေအတွက် ပြည့်မြောက်သွားပြီဖြစ်တယ်လို့ ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီက ဒီနေ့မှာ ကြေညာလိုက်ပြီး ဆုတောင်းရုပ်သံတွေ ဆက်လက်ပေးပို့ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့် မွေးနေ့တွင် ပြည်သူအချို့ ပန်းသပိတ် လုပ်ဆောင်ခဲ့စဉ် (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

နောင်ချိုကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ထပ်မံလာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကလေးမြို့ မော်လိုက်ထောင်တွင် အကျဥ်းသားများကို ချနင်းကာ ထောင်အာဏာပိုင်များ စီးပွားရှာကြမ်းနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်အကျဥ်းထောင်မှာ ထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းအဆင့်ဆင့်က အကျဥ်းသားတွေရဲ့ လုပ်အားအပေါ် ခေါင်းပုံဖြတ်အမြတ်ရှာရင်း လာဘ်စားမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

မကွေးတိုင်းတွင် ၂၀၂၅ ခုနှစ် ၄ လတာအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ဦး သေဆုံးခဲ့

မကွေးတိုင်းအတွင်း ဇန်နဝါရီလ အစကနေ ဒီနေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံတစ်ဝန်းမှာ ရေဘေးကြောင့် သေဆုံးရသူ ၃၆၀ ကျော်သွားပြီလို့ ကုလ ထုတ်ပြန်


စက်တင်ဘာလ အစောပိုင်းကာလကစတင်ကာ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုတွေကြောင့်  သေဆုံးရသူ ၃၆၀ ကျော်သွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက တက္ကသိုလ်လေ့ကျင့်ရေးတပ်တွေကို စစ်သင်တန်းပေးနေ

ပြည်နယ်နဲ့တိုင်း အသီးသီးက တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တွေကို စစ်ကောင်စီက စစ်သင်တန်းပေးနေတယ်လို့ သူ့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

တောင်ဒဂုံတွင် ဆိုင်ကယ်နှင့်ထွက်လာသည့် ပျူစောထီးများ ဗုံးပစ်တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာ ဆိုင်ကယ်နဲ့ထွက်လာတဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို လက်လုပ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးပြီး ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ မြို့ပြကြွက်ကွန်ရက်တာဝန်ရှိသူက မောင်းကို ပြောပါတယ်။