မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေ ရက်ဆက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီက စစ်ဘေးရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ စစ်ဘေး​ရှောင် ၂ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကမ္မဒေသ တော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က ကမ္မစစ်ဘေးရှောင်တွေရှိနေတဲ့ ကျေးရွာ ဘုန်းကြီးကျောင်းတစ်ခုကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၂ ယောက် သေဆုံးခဲ့ပြီး ကလေးငယ်တွေအပါအဝင် အရပ်သား ၁၄ ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစုက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကစလို့ ကမ္မဒေသတွင်းက ကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ရှိနေတာဖြစ်ပြီး စစ်ကောင်စီက မြေပြင် စစ်ကြောင်း အဆင်ပြေပြေ ရွေ့လျားနိုင်ဖို့ အခုလို လုပ်ဆောင်နေတာလို့လည်းသိရပါတယ်။

စစ်ကောင်စီအနေနဲ့ ဇွန်လ ၆ ရက်နေ့ကစလို့ ၁၈ ရက်နေ့အထိ Y12 လေယာဥ်နဲ့ လေကြောင်းတိုက်ခိုက်မှုအကြိမ် ၈၀ လုပ်ဆောင်ပြီး ၁၂၀ မမ ဗုံးသီး ၁၇၈  လုံးအထိ ကြဲချတိုက်ခိုက်ခဲ့သလို ပါရာမော်တာနဲ့လည်း ၁၂၀ မမ ဗုံးသီး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒရုန်းအသုံးပြုပြီး ၁၆ကြိမ်အထိတိုက်ခိုက်ခဲ့ကြောင်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက် နေ့လယ်ပိုင်းကလည်း ကမ္မဒေသအတွင်းက ကျေးရွာတွေကို ဂျက်ဖိုက်တာ ၄ စီးနဲ့အတူ အတွဲလိုက်ဗုံးသီး ၃ လုံးနဲ့ ရော့ကတ် ၁၀ လုံး တပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့် သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေအပြင် ကျောင်းကန်ဘုရားတွေနဲ့ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးပြီး မွေးမြူရေးတိရစ္ဆာန်တွေဖြစ်တဲ့ ဆိတ်နဲ့ နွား များစွာလည်း သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကြောင်းဟာ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်က အရပ်သား ၁၅ ယောက်ကျော်ကိုလည်း ဓားစာခံလုပ် ဖမ်းဆီးခေါ်ဆောင်ခဲ့သလို ရွှေလှံရွာ၊ ရိုးဇရပ်ရွာနဲ့ ကမ္မချောင်းရွာတို့အရောက်မှာ ဖမ်းဆီးထားတဲ့ အရပ်သား ၃ ယောက်ကို သတ်ဖြတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေကြေပျက်စီးမှုများ (ဓာတ်ပုံ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု)

0 Shares:
You May Also Like
Read More

မင်းလှတွင် စစ်ကောင်စီ ဖမ်းဆီးထားသူ ၉ ဦး ၁၀ ရက်ဝန်းကျင် ကြာသည်အထိ ပြန်မလွတ်သေး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံ ၉ ယောက်ကို ဖမ်းဆီးထားပြီး ၁၀ ရက်ဝန်းကျင်ကြာတဲ့တိုင်အောင် ပြန်မလွှတ်ပေးသေးဘူးလို့ မင်းလှ ပကဖ ထံက သိရပါတယ်။
Read More

တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ပူးပေါင်းရန် MDY PDF ဖိတ်ခေါ်၊ အမှန်တကယ် စစ်တိုက်ရန် တပ်ဆင်ပံ့ပိုးနိုင်ရေး အပြည့်အဝ တာဝန်ယူသည်ဟု ဆို

တော်လှန်စစ် ဆင်နွှဲချင်တဲ့ မိတ်ဆွေရဲဘော်တွေကို တစ်ဦးတစ်ယောက်ချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းတွင် မင်္ဂလာဆောင် နေအိမ်ကို စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းရွာမှာ မင်္ဂလာဆောင် ကျင်းပနေစဉ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မန္တလေး ဂရိတ်ဝေါဟိုတယ်အတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ထုတ်ယူခွင့်မပြုသည့်အပေါ် ဝေဖန်တောင်းဆိုမှုများ မြင့်တက်နေ

ငလျင်ဒဏ်အပြီး တစ်ပတ်နီးပါးရှိလာချိန် ဟိုတယ်အတွင်း ကျန်ရစ်တဲ့ ပိတ်မိနေသူတွေကို  ကယ်ဆယ်ရှာဖွေခွင့် ကန့်သတ်ပိတ်ပင်ထားတဲ့ မန္တလေး ဂရိတ်ဝေါဟိုတယ်အပေါ်  ကျန်ရစ်တဲ့ မိသားစုဝင်တွေက ငိုယိုအကူညီတောင်းခံနေကြကြောင်း သိရပါတယ်။ 
Read More

နိုင်ငံတဝန်း ဇူလိုင်လအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၅၄ ဦး သေဆုံးဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်၊ ဂျပန်လှိုဏ်ဂူစခန်းမှ ထွက်ပြေးသွားသည့် တပ်မ ၇၇ တပ်မမှူးကို အရှင်ဖမ်းမိ

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း နောက်ဆုံးလက်ကျန် ဂျပန်လှိုဏ်ဂူစခန်းကနေ စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ တပ်မမှူး အောင်သက်ဦးနဲ့အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကသာမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။