အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ မတရားစစ်အာဏာသိမ်းမှုကို ပြည်သူတွေနဲ့အတူ ဆန့်ကျင်နေတဲ့ အနုပညာရှင် ၁၃ ယောက်ကို စစ်ကောင်စီက နိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်ကြောင်း စစ်တပ်လော်ဘီ တယ်လီဂရန်ချန်နယ်တွေမှာ ဖြန့်ဝေနေကြပါတယ်။

‌နွေဦးတော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ တော်လှန်အနုပညာရှင်တွေဖြစ်ကြတဲ့ အဆိုတော် ဖြူဖြူကျော်သိန်း၊ ဒါရိုက်တာ ဏကြီး (ခ) ဉာဏတင်ဦး၊ ဒါရိုက်တာ ကိုပေါက် (ခ) အောင်မင်းနိုင်၊ အဆိုတော် လင်းလင်း (ခ) ထွေးလင်းကို၊ အဆိုတော် ချမ်းချမ်း (ခ) ချမ်းမြငြိမ်း၊ သရုပ်ဆောင် ပိုင်ဖြိုးသု၊ သရုပ်ဆောင် မြတ်နိုးအေး၊ အဆိုတော် အာဇာနည် (ခ) ဇာနည်မျိုးညွန့်၊ သရုပ်ဆောင် ခါရာ၊ သရုပ်ဆောင် ဇင်ဝိုင်း (ခ) ဌေးလွင်၊ သရုပ်ဆောင် အောင်မြင့်မြတ်၊ အဆိုတော် ဝင်းနိုင်စိုးနဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟ တို့ကို မြန်မာနိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

အထက်ပါ အနုပညာရှင် ၁၃ ယောက်ဟာ ပြည်ပကို တရားမဝင် ထွက်ခွာကာ မြန်မာနိုင်ငံရဲ့အကျိုးကို ထိခိုက်အောင် လုပ်ဆောင်နေတာကြောင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဉပဒေပုဒ်မ ၆၇ အရ ဖွဲ့စည်းတဲ့ ဗဟိုအဖွဲ့က ပုဒ်မ ၆၈ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ ပုဒ်မ ၁၆ နဲ့အညီ နိုင်ငံသားအဖြစ်ကနေ ရပ်စဲခဲ့တယ်လို့ စာထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အထက်ပါကိစ္စနဲ့ အလားတူ ကျူးလွန်သူတွေကိုလည်း ဆက်လက်ပြီး စိစစ်ဖော်ထုတ်အရေးယူသွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံတွင် မဲရုံစောင့်နေသည့် ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်မှာ မဲရုံလုံခြုံရေးစောင့်နေတဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Twenty-One Guerilla Force တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရှိအောင် လုပ်ဆောင်မည်ဟု NUG အသိပေး

ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရရှိအောင် လုပ်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေအပါအ၀င် တော်လှန်ရေးအင်အားစုတွေနဲ့ အညာဒေသမှာ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်မယ်လို့ BPLA အသိပေး

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က အညာဒေသမှာ အခြေစိုက်တဲ့အခါ NUG ကာကွယ်ရေး၀န်ကြီးဌာန လက်အောက်ခံ PDF တပ်ဖွဲ့တွေအပါအ၀င် တခြားသော အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးကို အောင်မြင်အောင် ဆောက်ရွက်မယ်လို့ BPLA  ရဲ့ တပ်ဖွဲ့ကွပ်ကဲရေးမှူး မောင်ဆောင်းခက ပြောကြားလိုက်ပါတယ်။
Read More

လောင်းလုံး မြို့မရဲစခန်းနှင့် စ.ရ.ဖရုံး ဒရုန်းဖြင့် ၃ ရက် ဆက်ဗုံးကြဲခံရပြီး ဒုရဲအုပ်အပါ ၆ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မ ရဲစခန်းနဲ့ စ.ရ.ဖ ရုံးတွေကို ၃ ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒုရဲအုပ်အဆင့်ရှိသူ အပါအဝင် ၆ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ သွားတယ်လို့ လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ ( L.L.S.B.F) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စဉ့်ကူးမှာ ကျေးရွာစာသင်ကျောင်းကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး (၁၀)လုံး ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။