ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ အရုပ်ဆိုင်ရွာကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ယောက် သေဆုံးသွားတယ်လို့ ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၆ ရက်နေ့က အရုပ်ဆိုင်ရွာကို စစ်ကြောင်းထိုးပြီး လူသားတံတိုင်းခံကာ ပြန်လာတဲ့ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ကု သစ်ပုတ်အုပ်စု နွားသိုးရွာနဲ့ နွေးတောင်ရွာကြားမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သူတို့က အရုပ်ဆိုင်ရွာသူရွာသားတွေကို လူသားတံတိုင်းခံပြီး ထွက်လာတဲ့ စစ်ကြောင်းပါ။ အဲဒီစစ်ကြောင်းကို ကျနော်တို့က တိုက်ခိုက်ခဲ့တာပါ။ အရင်ဆုံး စနိုက်ပါနဲ့.. နောက်တော့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ“ လို့ ၃၆၀၁ တပ်ရင်းရဲ့ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က မောင်းကို ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရသွားတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။



“သူတို့က စနိုက်ပါနဲ့ ပစ်ခံလိုက်ရတဲ့ အလောင်းတွေကို မီးရှို့သွားတယ်။ ဒဏ်ရာရသူတွေကိုလည်း ပြန်ခေါ်သွားတယ်။ ပေါက်ခေါင်းဘက်ကို ပြန်ဆုတ်သွားတယ်ပေါ့နော်” လို့ ရဲဘော် Shadow က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့ သေဆုံးအလောင်းတွေကို နွားသိုးရွာနဲ့ နွေးတောင်ရွာက အိမ်တွေပေါ် တင်ပြီး မီးရှို့ခဲ့တာကြောင့် ပြည်သူပိုင် နေအိမ် ၉လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာအမှတ် (၂၁) လက်အောက်ခံ (၃၆၀၁) တပ်ရင်း Sniper အဖွဲ့နဲ့အတူ တပ်ရင်းစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လူထုအုပ်ချုပ်ရေးမှာ လူထုမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့မရနိုင်ဘူးလို့ SNLD သတိပေး

တိုင်းပြည်အတွက် လိုအပ်နေတဲ့ လူထုအုပ်ချုပ်ရေးမှာ လူထုမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ ရမှာ မဟုတ်ကြောင်း  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် - SNLD က ထုတ်ပြန်ပါတယ်။
Read More

အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တပ်ခွဲမှူး ကျဆုံး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းမှာ စစ်ဆင်ရေးဖော်ဆောင်မှု ၆ ကြိမ် ပြုလုပ်ခဲ့

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်တိုင်းမှာ ဇန်နဝါရီလအတွင်း စစ်ဆင်ရေးဖော်ဆောင်မှု ၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network - RSN က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အထက်ခပေါင်းဆည်ရေလွှဲ တမံစခန်းကို PDF များဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၁၁ ဦး သေပြီး စခန်းနှင့် လက်နက်ခဲယမ်းများကို PDF ရရှိ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ကအကြမ်းဖက်စစ်အုပ်စုရဲ့ အထက်ခပေါင်းဆည် ရေလွှဲတမံစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ၁၁ ယောက် ထက်မနည်း ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ A.D.G Brothers တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် – (၂) သင်တန်းဆင်းပွဲ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် - (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ်အတွင်း စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွား၊ စစ်ကောင်စီတပ်သား (၇၃) ယောက် သေဆုံး…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၇၃) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။