တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက အကြမ်းဖက်စစ်တပ် ယာယီတပ်စခန်းတွေကို သွားရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ Launglone Peninsula Force- LPF တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက် မနက်ပိုင်းက ရေဖြူမြို့နယ်၊ ပယကျေးရွာ၊ ရွှေမိုးညိုဘုရားအနီးတပ်စွဲထားတဲ့ အကြမ်းဖက်ယာယီတပ်စခန်း ၃ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်နက်တည်း ပြောက်ကျားဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“ပယရွာ ရွှေမိုးညိုစေတီနားက ဂိတ်နဲ့ အနီးနား ၂ နေရာကို သွားပစ်ခဲ့တာပါ။ တစ်ရွာတည်းမှာ သူတို့က နေရာ ၆ ခုလောက် တပ်စွဲနေတာလို့ ပြောရမယ်။ တစ်နေရာကို အင်အား ၂၀ လောက် ရှိပါတယ်။ ပြောက်ကျားဝင်ပစ်ခဲ့တဲ့ သဘောပါ။  မျက်မြင်တွေပြောပြချက်အရ ၆ ယောက် သေတယ်လို့ သိရတယ်” လို့ Launglone Peninsula Force- LPF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီလိုမျိုး တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်နေချိန် စစ်ကောင်စီရဲ့ အုန်းပင်ကွင်းရွာအခြေစိုက် မောရဝတီ ရေတပ်စခန်းဌာနချုပ်ကနေ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ကူပေးခဲ့ပေမယ့်  အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ Launglone Peninsula Force- LPF က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်တပ်စခန်း ဝင်ရောက်တိုက်ခိုက်မှုကို ဒေါနတပ်ရင်း တပ်ခွဲ (၇) LPFနဲ့ အတူ တပ်ခွဲ (၆) – ဝေဟင်၊  ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေဖြူပကဖ) ၊ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း – T1 ၊ ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) သာဂရစစ်ကြောင်း၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ နဲ့  ရွှေဘီလုံး အဖွဲ့တွေ  ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း အထက်ပါဂိတ်စခန်းတွေကို စစ်ကောင်စီက အင်အားတွေ ထပ်မံဖြည့်တင်းထားတယ်လို့  သိရပါတယ်။

“အဲ့ဒီဘက်ရွာတွေက ပင်လယ်ကမ်းရိုးတန်းရွာတွေပါ။ အခု အင်အားတွေလည်း ထပ်ဖြည့်ထားတယ်။  ကျောက်ထရံရွာနားက ကမ်းမှာလည်း စစ်သင်္ဘော ၃ စင်း ကပ်ထားပါတယ်” လို့ Launglone Peninsula Force- LPF တာဝန်ရှိသူက ပြောပါတယ်။

ဒီလိုမျိုး စစ်ရေးတင်းမာမှုတွေကြောင့် အရပ်သားတွေအနေနဲ့လည်း စစ်ကောင်စီတပ်စခန်းတွေနဲ့ နီးနီးကပ်ကပ်နေရာတွေဆီ သွားလာနေထိုင်တာမျိုးတွေ မပြုလုပ်ကြဖို့ Launglone Peninsula Force- LPF က  အသိပေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက် စစ်အာဏာရှင်လက်ထက် ကျောင်းတွင်းအကြမ်းဖက်မှုများ ပိုမိုဖြစ်ပေါ်လာ၊ “ကျမတို့ခေတ်က အဲ့လိုအခြေအနေတွေနဲ့ မကြုံခဲ့ရဘူး။ ကလေးတွေက စရိုက်ကတော့ အစုံရှိကြတယ်။ ဆိုးကြတယ်။ မရိုင်းကြဘူး”

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ မတရားအာဏာလု အုပ်ချုပ်နေတဲ့ လက်ရှိအချိန်မှာ  ကျောင်းသားကျောင်းသူအချင်းချင်း အကြမ်းဖက်မှုတွေ ပိုမိုကျယ်ပြန်လာတယ်လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
Read More

ရွှေဘိုမှာ တော်လှန်ရေးရဲဘော်တွေကို ခရစ္စမတ်လက်ဆောင်တွေပေး (ဓာတ်ပုံသတင်း)

ရွှေဘိုမှာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို သပိတ်အင်အားစုတွေက ခရစ္စမတ် လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။
Read More

မင်းဘူးခရိုင် PDF အမှတ် ၅ တပ်ရင်းမှ ကျဆုံးရဲဘော်များကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြု (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ဝါတွင်းကာလမှာ ကျဆုံးရဲဘော်တွေကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ နေအိမ်အများအပြား မီးလောင်ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဇုန် ၃ က ထုတ်ပြန်ထားပါတယ်။
Read More

ရှေ့တန်းကနေ ပြန်လာတဲ့ အင်းတော်ကြီး PDF က တော်လှန်ရေးရဲဘော်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အင်းတော်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IDG PDF) က ရဲဘော်တွေ ရှေ့တန်းကနေ ပြန်လာချိန် ပြည်သူတွေ ကြိုဆိုနေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်ဖြင့် ပစ်ခတ်တားဆီးခဲ့မိကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်း ဝန်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်မိုးပေါ်ထောင်ကာ ပစ်ခတ် တားဆီးခဲ့ရတယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ဒီနေ့မှာ ဝန်ခံပြောဆိုလိုက်ပါတယ်။