မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ တရားရင်ဆိုင်နေရတဲ့ CCTV ရုပ်သံဖိုင်ကို ဂါဒီယန်းသတင်းမှာ ဖော်ပြလာပါတယ်။

မှတ်တမ်းဖိုင်ဟာ ၂၂ ရက် သြဂုတ် ၂၀၂၂ က တရားခွင်အတွင်း CCTV ဖိုင်ဖြစ်ပြီး ဦးဟင်နရီဗန်ထီးယူကို သက်သေအဖြစ် စစ်ဆေးနေတာကိုလည်း ဗီဒီယိုဖိုင်အတွင်း တွေ့မြင်ရပါတယ်။

Video – Guardian News

0 Shares:
You May Also Like
Read More

မြင်းမူမြို့နယ် မြောင်လမ်းခွဲမှာ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို Shar Htoo Waw နည်းပညာသုံး fixed wings ဒရုန်း ၅ စီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းလမ်းခွဲ(ခေါ်) မြောင်လမ်းခွဲမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို စက်တင်ဘာ ၂၈ ရက်က Shar Htoo Waw နည်းပညာသုံး fixed wings ဒရုန်း ၅ စီးနဲ့ ဗုံးသီး ၉ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့ထံက သိရပါတယ်။
Read More

ကရင်နီပြည်နယ်အတွင်း ခက်ခက်ခဲခဲသင်တန်းရောက်ခဲ့ကြတဲ့ နေပြည်တော် PDF ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်နေတဲ့ မှတ်တမ်းပုံရိပ် (ရုပ်/သံ)

ကရင်နီပြည်နယ်အတွင်း နေပြည်တော် PDF ရဲဘော်တွေရဲ့ ခက်ခက်ခဲခဲစစ်ရေးလေ့ကျင့်သင်ကြားနေတဲ့ မှတ်တမ်းပုံရိပ်တွေကို အော်ပရေးရှင်း စစ်တောင်းမှ ထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ ဆက်ကြေးကောက်နေတဲ့ ဂိတ်စခန်းတွေကို ၅ ရက်တာ တိုက်ခိုက်မှု စစ်သားအများအပြားသေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာ တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ ဆက်ကြေးကောက်နေတဲ့ ဂိတ်စခန်းတွေကို ၅ ရက်တာအတွင်း ဒရုန်းနဲ့ ၅၂ ကြိမ် ဗုံးသီးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Dragon Squad - TNI ထံက သိရပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ တပခ ဝန်းထဲ ထိရောက်ပေါက်ကွဲခဲ့တယ်လို့  Brave Warriors For Myanmar (BWM) က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

မြိတ်မြို့ဘက်မှ တနင်္သာရီဘက် မောင်းနှင်လာသည့် အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်းအတွင်း မြိတ်မြို့ဘက်ကနေ တနင်္သာရီဘက် မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်တွင် ပြည်သူပိုင်ပစ္စည်များ ခိုးယူနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၆ ဦး သေ၊ အယောက် ၃၀ ခန့် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ ပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ နွေဦးအောင်ပွဲ(တော်လှန်ရေးအင်အားစု) က သတင်းထုတ်ပြန်ထားပါတယ်။