ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ပျံလွှားစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၄ ရက်က ကျုံဒိုးမြို့မှတစ်ဆင့် နွားခြံကုန်းနဲ့ အင်းကြီးရွာသို့ တပ်မ ၄၄ နဲ့ တပ်မ ၅၅ ပူးပေါင်းစစ်ကြောင်းဟာ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေက လက်ဦးမှုရယူတိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ သေဆုံးမှုများခဲ့ပြီး ဒဏ်ရာရရှိသူ ၇ ယောက်ရှိခဲ့ကာ လာရာလမ်းအ တိုင်း ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဟာ လေကြောင်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တဲ့အတွက် ပြည်သူများအနေနဲ့ ဘေးလွတ်ရာသို့ ရှောင်တိမ်နေထိုင်ကြဖို့ ပျံလွှားစစ်ကြောင်းက တိုက်တွန်း နှိုးဆော်ထားပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲအတွင်း ဒရုန်းတွေကို ပိုမိုအသုံးပြုလာတဲ့အတွက် တော်လှန်ရေးရဲ ဘော်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်နိုင်ဖို့နဲ့ ဒရုန်းတွေကို အနှောက်အယှက်ပြုပြန်လည်တိုက်ခိုက် နိုင်ုဖိ့ Jammer ဝယ်ယူနိုင်ရေး ပြည်သူများအနေနဲ့ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံ ထားပါတယ်။

Video – ပျံလွှားစစ်ကြောင်း

0 Shares:
You May Also Like
Read More

ဗမာ့တပ်တော် အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

ဗမာ့တပ်တော် အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၃/၂၀၂၂၅) ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ စွယ်တော်ကုန်းဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် KNLA နဲ့ PDF ပူးပေါင်းတပ်တွေ အောင်ပွဲခံ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ စွယ်တော်ကုန်း ဗျူဟာစခန်းကို အောက်တိုဘာ ၁၇ ရက်က KNLA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အောင်ပွဲနဲ့ ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူတွေက သောင်းသောင်းဖြဖြကြိုဆိုခဲ့ ကြတယ်လို့ သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ် အထကကျောင်းထဲ စုဝေးနေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးသီးတွေကြဲ ချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်  အထကကျောင်းထဲ စုဝေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်န ဝါရီ ၂၈ ရက်က ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF)  အဖွဲ့ထံက သိရပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း သံပုံးတီးသပိတ်ပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ်မှာ နိုဝင်ဘာ ၇ ရက် မနေ့ညပိုင်းက သံပုံးတီးသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ဗကသ ကျောင်းသားဟောင်းများ၊ သမိုင်းသစ် စစ်ဘေးသင့် ကူညီထောက်ပံ့ရေးအဖွဲ့က ပြည်သူလူထုနဲ့အတူပူးပေါင်းပြီး မိုးကုတ်မြို့နဲ့အတူ အရာတော်မြို့နယ်ရှိကြောင်း ပြသနေတဲ့အနေနဲ့ သံပုံးတီးသပိတ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ယနေ့ နေ့လယ် မိုးကုတ်မြို့ ဘုရားငါးဆူကို စစ်ကော်မရှင် ဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဘုရားငါးဆူအနီးကို အကြမ်းဖက်စစ်ကော်မရှင်က ဒီနေ့ အောက်တိုဘာ ၂၁ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကရင်ပြည်နယ်အတွင်း နှစ် ၄၀ ကြာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခလယ်ဒေးစခန်းကို KNLA တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်က ထိုင်း-မြန်မာ နယ်စပ်အနီးရှိ ခလယ်ဒေးစစ်တပ်စခန်းကို မတ်လ ၂၅ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။