မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းရှိ ကပစ ၂၄ နဲ့ ဆိပ်ဖြူမြိုနယ်ရှိ ကပစ-၂၁ သို့ သွားမယ့် စစ်ယာဉ် တန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲကာကွယ်လျက်ရှိတယ်လို့ သိရပါတယ်။

ဇွန်လ ၁၈ ရက် ဒီနေ့ မနက်အစောပိုင်းမှာ ကမ္မ-ရေပြာလမ်းပိုင်းမှာ စစ်ယာဉ်တန်းကို ကာကွယ်ဖို့ Y-12 ယာဉ်နဲ့ ဗုံး ၇ကြိမ်၊ ဗုံးသီး အလုံး ၂၉ လုံး ကြဲချခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်ယာဉ်တန်း ကပစ-၂၄ သို့ မရောက်စေရေး တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက် ခိုက်နေပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။ 

Video-အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်

0 Shares:
You May Also Like
Read More

စစ်ကောင်စီ လေကြောင်းက ကြဲချခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီး ပြည်သူတွေအနီးနားမှာ ရှိနေတဲ့အတွက် Tiger Dragon Revolution Force သွားရောက်တူးဖော်ရှင်းလင်းပေး (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ကြဲချခဲ့ပြီး မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ ဗုံးသီးဟာ ပြည်သူတွေနဲ့ နီးစပ်တဲ့နေရာမှာ ရှိနေတာကြောင့် P 29909 - Southern Eagle PDF တပ်ရင်း၊ တပ်ခွဲ (၃) (Tiger Dragon Revolution Force) တပ်ဖွဲ့က သွားရောက်တူးဖော် ရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မာနယ်ပလောဒေသ ပြန်လည်ရရှိခြင်းအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး၏ ပြောကြားချက် (ရုပ်/သံ)

''ယနေ့ကျွန်တော်တို့ ဌာနချုပ်ကြီးကို ပြန်လည်ရယူတဲ့နေရာမှာ သွေးနဲ့ ချွေးနဲ့ အသက်နဲ့ ပေးဆပ်ရ တာ ဂုဏ်သိက္ခာနဲ့ ကမ္ဘာကျော်တဲ့ ဌာနချုပ်ကြီးကို ကျွန်တော်တို့ သမိုင်းမှတ်တိုင်အရ အကောင်းဆုံး ပြန်လည်ကာကွယ်နိုင်တဲ့ အခွင့်အလမ်းလက်ထဲ ပြန်ရောက်လာတယ်လို့ ကျွန်တော်တို့ ပြောချင်တယ်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဌာနချုပ်ဟောင်း ကြီးကို ပြန်လည်ရရှိတယ်လို့လည်း ပြောချင်ပါတယ်"
Read More

ပုလဲမြို့ပေါ်မှာ တိုက်ပွဲကြား ပိတ်မိနေတဲ့ ပြည်သူ ၂၀၀ ကျော်ကို ကယ်ထုတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးတွေ ကြဲချနေတဲ့ကြားက မြို့အတွင်း ပိတ်မိနေတဲ့ ပြည်သူ ၂၀၀ ကျော်ကို ဒီနေ့ နိုဝင်ဘာ ၁၃ ရက်မှာ ကျားသစ်နက်တပ်မတော် စစ်ဦးစီး ကိုကိုနိုင်  ဦးဆောင်ကာ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲပြင်းထန်တဲ့ ပုလဲမြို့ပေါ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ရှိနေပြီး အရပ်သားတွေကို တော်လှန်ရေးတပ်တွေ ဘေးလွတ်ရာ ပို့ဆောင်ပေးနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး  စစ်ကောင်စီတပ်က မြို့မကျရေး လေကြောင်းကနေ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ဒီဇင်ဘာ ၂၂ ရက်မှာ ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
Read More

မြိုင်မြို့နယ် ကန်နီပျူစခန်းကို ဒရုန်းနဲ့ အီနာဂါဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ကန်နီပျူစခန်းကို ဒီဇင်ဘာ ၂ ရက် မနေ့နေ့လယ်ပိုင်းက Fixed Win Drone တွေနဲ့ အီနာဂါဗုံးသီးအလုံး ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Victor Hidden Forces အဖွဲ့ထံက သိရပါတယ်။