နိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အယောက် ၁၀၀ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဇွန်လ ၁၇ ရက်အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး (၄၇) ယောက်နဲ့ အမျိုးသား (၅၃) ယောက် စုစုပေါင်း အရပ်သား အယောက် (၁၀၀) သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၈) ယောက် ပါဝင်ပြီး မကွေးတိုင်းမှာ (၁၆) ယောက် သေဆုံးခဲ့ကာ သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး ပဲခူးတိုင်းမှာ (၁၃) ဦး သေဆုံးခဲ့ကာ ဒုတိယသေဆုံးမှုအများဆုံး ဒေသဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

ဇွန်လ ၁၄ ရက်ကလည်း ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့ အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၂၆၄) ခြေလျင်တပ်ရင်းက အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျောက်တံခါးမြို့နယ်၊ တောင်ခင်ကျေးရွာအုပ်စုရှိ နွားရေးချောင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား ၁ ယောက် ကျည်စထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာလုမှု စတင်ချိန်ကစလို့ ဇွန်လ ၁၇ ရက် ဒီနေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူစုစုပေါင်း (၆၈၀၇) ယောက် ရှိပြီဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံး ဖွဲ့စည်းပုံပျက်အောင် တိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ပြည်သူတွေ ကြိုဆို

ဘုတလင်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက သပြေညိုနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

“ရိုးသားစွာတော်လှန်ကြပါ၊ အောက်ခြေရဲဘော်များ၏ အရှက်၊ ဂုဏ်သိက္ခာ၊ အသက်တွေ ချမနင်းကြပါနဲ့” ဟု သေတမ်းစာချန်ကာ မင်းဘူးခရိုင် အမှတ် ၃ တပ်ရင်း ယာယီတပ်ရင်းမှူး အဆုံးစီရင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ အမှတ် (၃) တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူး ဟိုးကြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
Read More

ဖားကန့်နယ်ထဲမှာ ၂ လအတွင်း စစ်ကောင်စီတပ်သားတွေ ရဲ့ လက်ချက်ကြောင့် အရပ်သားသေဆုံးသူ ၃၉ ဦးအထိ ရှိလာ…

“ ဒီနေ့ လမ်းဆုံမှာ ပစ်ခတ်ခံရတယ်အသံကြားမှ သွားကြည့်တော့ ဆေးသမားတစ်ယောက်ကလှဲနေပြီးပေါ့ သေဆုံးပြီးတော့လှဲနေပြီးပစ်သွားတဲ့ကျည်ခွံလည်းတွေ့တယ်ဘယ်လိုပုံစံဖြစ်သွားလဲဆိုတော့မသဲကွဲလိုက်ကြဘူး လမ်းဘေးက ဆေးသမားတွေကိုအခုပစ်တာ စုစုပေါင်းဆိုရင် ၁၀ ယောက်လောက်ရှိပြီး ဘယ်သူပစ်လဲဆိုတာအခုချိန်ထိမသိသေးဘူး ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်နှင့် နောင်ချိုမြို့နယ်များမှာ အပစ်ရပ်ထားသည့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဟု MDY-PDF ထုတ်ပြန်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွေမှာ ယာယီအပစ်ရပ် ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ချင်းတွင်းမြစ် ရေဘေးသင့် ပြည်သူများကို မင်းကင်းမြို့နယ် ပကဖ စားနပ်ရိက္ခာ ကူညီထောက်ပံ့

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ရေဘေးသင့်နေတဲ့ ကျေးလက်နေ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်းကင်းမြို့နယ် ပကဖ အဖွဲ့က စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးနေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ရေစကြိုတွင် PDF စခန်းကို အကြမ်းဖက်စစ်တပ် မီးရှို့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိ​မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ပြည်သူ့အားမာန် PDF တပ်ဖွဲ့ရဲ့စခန်းတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တဲ့ အတွက် သိန်းရာဂဏန်း တန်ဖိုးရှိ ခဲယမ်းနဲ့ အသုံးအဆောင်တွေ မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ အဖွဲ့ တာဝန်ခံ ကိုကျီးကန်းက မောင်းကို ပြောပါတယ်။