စစ်ရေးစစ်ရာ အပြိုင်အဆိုင်ပြင်းထန်နေကြတဲ့ အစ္စရေးနဲ့ အီရန်တို့အကြားက ပဋိပက္ခဟာ အရှိန်မြင့်တက်လာရာကနေ ပဉ္စမမြောက်နေ့မှာတော့ တိုက်ခိုက်မှုအသစ်တဖန် ထပ်မံဖြစ်ပွားခဲ့ပါတယ်။ 

အီရန်ရဲ့ ဒုတိယအကြီးဆုံး စစ်ရေးခေါင်းဆောင်လည်းဖြစ်၊ လက်ရှိအချိန်အထိ ရက်ပိုင်းမျှသာ တာဝန်ယူထားရသေးတဲ့ စစ်ဦးစီးချုပ်အသစ် (စစ်တွင်းကာလ စစ်ဦးစီးချုပ်) Ali Shadmani ကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ 

ယင်းမတိုင်မီ အီရန်ရဲ့ ယခင်စစ်ဦးစီးချုပ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က အစ္စရေးရဲ့ ကနဦး တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ 

အစ္စရေးရဲ့ထုတ်ပြန်ချက်အရ အီရန်မှာ စိမ့်ဝင်နေတဲ့ ၎င်းတို့အထူးထောက်လှမ်းရေးတပ်တွေရဲ့ သတင်းပေးပို့ချက်အရ Ali Shadmani ကို အစ္စရေးလေတပ်က ဂျက်ဖိုက်တာတွေနဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရတာပါ။ 

တချိန်တည်းမှာပဲ အစ္စရေး-အီရန်အရေး ကနေဒါမှာ ကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးကနေ ပြန်ရောက်လာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း “အပစ်အခတ်ရပ်စဲရေးထက် ပိုကောင်းတာကို ရှာနေတယ် … တကယ့်အဆုံးသတ်ကိုပါ၊ အပစ်ရပ်ရုံမဟုတ်တဲ့ အဆုံးသတ်တခုပါ” လို့ အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

အစည်းအဝေးအပြီး ပူးတွဲကြေညာချက်ထဲမှာတော့ သူနဲ့ အခြား G7 ခေါင်းဆောင်တွေက အစ္စရေးရဲ့ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ထောက်ခံအတည်ပြု ပြောဆိုထားကြပြီး အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုတွေရဲ့ “အဓိကအရင်းအမြစ်” ဖြစ်တယ်လို့ ဆိုထားကြပါတယ်။ 

ပဋိပက္ခတွေ ပိုပြင်းထန်လာတာနဲ့ အမျှ တရုတ်ကလည်း ၎င်းနိုင်ငံသားတွေကို အစ္စရေးကနေ အမြန်ထွက်ခွာဖို့ ဒီကနေ့ပဲ တိုက်တွန်းထားပါတယ်။ 

အစ္စရေးနဲ့ အီရန် နှစ်ဖက်လုံးအနေနဲ့ တရုတ်နိုင်ငံသားတွေ ထွက်ခွာနိုင်အောင် ကူညီပေးဖို့ကိုလည်း ပေကျင်းက တိုက်တွန်းထားပါသေးတယ်။ 

ပြီးခဲ့တဲ့ သောကြာနေ့မှာ အစ္စရေးက အီရန်ကို စတင်ဗုံးကြဲခဲ့ပြီးနောက် ပဋိပက္ခအတွင်း  လူပေါင်း ၂၂၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင်သတင်းက ကြေညာထားသလို အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် အစ္စရေးမှာလည်း အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ပါတယ်။

ကိုးကား – NBC News/ Israel-Iran Live/ IDF says it killed Iran’s new wartime chief of staff

0 Shares:
You May Also Like
Read More

MNDAA နဲ့ မြန်မာစစ်တပ် အပစ်ရပ်သဘောတူညီမှုစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးကြောင်း တရုတ်နိုင်ငံခြားရေး ပြော

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ မြန်မာစစ်တပ်တို့ဟာ စနေနေ့က စတင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ် ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အချိန်မတိုင်မီ တရားဝင်မှုပေးခြင်းမှ ရှောင်ကြဥ်ရန် အာဆီယံဥက္ကဋ္ဌ သတိပေး

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုက အဆင့်ဆင့်ခွဲပြီး ကျင်းပနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အလျင်စလို အသိအမှတ်ပြုတာမျိုး၊ တရားဝင်မှု ပေးအပ်တာမျိုးကို ရှောင်ကြဉ်ကြဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က သတိပေးပြောကြားလိုက်ပါတယ်။
Read More

BGF မှ စောချစ်သူနှင့် သူ၏တပ်ဖွဲ့ဝင်အချို့ကို  အမြန်ဆုံး ဖမ်း၀ရမ်းထုတ် အရေးယူပေးဖို့ ထိုင်းကို JFM တောင်းဆို

ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဆက်စပ်ပြီး နာမည်ကြီးနေတဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင် စောချစ်သူ အပါအဝင် သူ့ရဲ့ တပ်ဖွဲ့ဝင်တချို့ကို ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ဖို့ လုပ်ဆောင်နေမှုအပေါ်  ကြိုဆိုကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်မှာ စျေးရောင်းနေသည့် မြန်မာအလုပ်သမား ၇ ဦး တိုင်ကြားချက်အရ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်မှာ စျေးရောင်းနေတဲ့ မြန်မာအလုပ်သမား ၇ ယောက်ကို ထိုင်းအာဏာပိုင်တွေက တိုင်ကြားမှုတွေအရ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြထားပါတယ်။ 
Read More

အင်ဒိုနီးရှားမှာ ခရီးသည်တင်သင်္ဘော မီးလောင်မှုဖြစ်ပွားပြီး ၅ ယောက် သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ခရီးသည်တင် ၂၈၀ ‌ကျော် လိုက်ပါစီးနင်းလာတဲ့ သင်္ဘော ၁ စီး မီးလောင်မှုဖြစ်ပွားပြီး လူ ၅ ယောက်ခန့် သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

စစ်အုပ်စုရွေးကောက်ပွဲ အာဆီယံက လေ့လာသူ စေလွှတ်ဖွယ်မရှိကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြော

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေအတွက် အာဆီယံအဖွဲ့ကြီးက လေ့လာသူတွေ စေလွှတ်ပေးဖို့ သဘောတူလိမ့်မယ်လို့ မထင်ကြောင်း အောက်တိုဘာလ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။