အစ္စရေးနိုင်ငံနဲ့ အီရန်နိုင်ငံတို့ကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၅ ရက်မြောက်မှာတော့ အီရန်နိုင်ငံက အပစ်ရပ်ဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို ချက်ချင်း အပစ်အခတ်ရပ်စဲဖို့အတွက် အိုမန်၊ ကာတာနဲ့ ဆော်ဒီအာရေးဗီယားတို့ ဖိအားပေးဖို့ အီရန်နိုင်ငံက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်အနေနဲ့ အီရန်နိုင်ငံကလည်း နျူကလီးယား စေ့စပ်ညှိနှိုင်းမှုအတွက် လိုက်လျောညီထွေရှိမှုကို ပြသမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

အစ္စရေးရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကြောင့် အီရန်နိုင်ငံရဲ့ အကြီးဆုံး ယူရေနီယံ သန့်စင်ရေး စက်ရုံ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေး အကြီးအကဲက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဇွန်လ ၁၆ ရက် မနေ့က အီရန်နိုင်ငံမြို့တော် တီဟီရန်မှာ နိုင်ငံပိုင်သတင်းဌာနက Live လွှင့်နေချိန် အဆောက်အဦးကို ဒုံးကျည်ထိမှန်ပြီး သတင်း‌ကြေညာနေတဲ့ အမျိုးသမီးဟာ စတူဒီယိုထဲကနေ ထွက်ပြေးခဲ့ရသလို သတင်းဌာနက ဝန်ထမ်းအများအပြားလည်း သေဆုံးခဲ့တယ်လို့ အီရန်အစ္စလာမ်သတင်းဌာနနက်ဝပ်က ဆိုပါတယ်။

အစ္စရေးစစ်တပ်ကတော့ အဆိုပါ အဆောက်အအုံဟာ အီရန်လက်နက်ကိုင် တပ်ဖွဲ့တွေ အသုံးပြုတဲ့ ဆက်သွယ်ရေးစင်တာတစ်ခုလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း သူ့ရဲ့ Truth လူမှုကွန်ရက်ပေါ်ကနေ ဇွန်လ ၁၆ ရက်ညပိုင်းမှာ “တီဟီရန်မှာ နေထိုင်သူတိုင်း ချက်ချင်းရွှေ့ပြောင်းဖို့ လိုတယ်” လို့ သတိပေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်ကို ရောက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အင်တာပိုအား NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာန တိုက်တွန်း

ဘန်ကောက်ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့အတွက်  နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ရဲအဖွဲ့ (အင်တာပို) အတွင်းရေးမှူးချုပ်ရုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့  ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက စာပေးပို့လိုက်ပါတယ်။
Read More

အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာ့အရေး ဦးစားပေးဆောင်ရွက်မယ်လို့ မလေးရှားပြော

မလေးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အဓိကစိန်ခေါ်မှုတွေအတွက် အဖြေရှာဖို့နဲ့ ဘယ်အဖွဲ့ဝင်နိုင်ငံကိုမှ ချန်လှပ်မထားစေရေး ဦးစားပေးလုပ်ရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က ပြောဆိုထားတယ်လို့ Khmer Times သတင်းက ဇန်နဝါရီ ၁၀ ရက်မှာ ဖော်ပြပါတယ်။ 
Read More

စစ်အုပ်စု၏ ရွေးကောက်ပွဲအတုကို လက်မခံဖို့ အပါအဝင် အချက် ၅ချက်ကို ကိုရီးယားလွှတ်တော်တွင် NUG တောင်းဆို

မြန်မာပြည်သူတွေဟာ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ထားကြပြီးဖြစ်တာကြောင့် အဆိုပါ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အပါအဝင် အချက် ၅ ချက်ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ကိုရီးယားလွှတ်တော်မှာ မနေ့က ‌တောင်းဆိုလိုက်ပါတယ်။
Read More

လူထုထံအာဏာပြန်အပ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောဆို၊ လွှတ်တော်ဖျက်သိမ်းပြီး ၂ လအတွင်း ရွေးကောက်ပွဲလုပ်ဖွယ်ရှိ

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်းဗီရာကူလ်ဟာ ကြာသပတေးနေ့ ဒီဇင်ဘာလ ၁၀ ရက်ညက သူ့ရဲ့လူမှုကွန်ရက်မှာ “လူထုထံ အာဏာပြန်အပ်မယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
Read More

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကုလစင်မြင့်မှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ကုသလမဂ္ဂမှာ ဆက်လက် ရပ်တည်ခွင့်ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။