ဧရာဝတီတိုင်းစစ်ဌာနရဲဘော်တွေက ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အထိမ်းအမှတ် မေမေနေကောင်းလား သီချင်းကို သီဆိုဂုဏ်ပြုခဲ့ကြပါတယ်။

”ဖျားနာနေတဲ့နိုင်ငံကြီး ကျန်းမာရေးပြန်ကောင်းဖို့ လိုအပ်နေတဲ့အထဲ မေမေနေကောင်းပေးဖို့ အရေးကြီးလှပါတယ်။ ဒီနိုင်ငံကို ချစ်စိတ်နဲ့ အနီးဆုံးမှာနေထိုင်ဖို့ ရုန်းကန်ခဲ့ပေမယ့် ရင်သွေးနဲ့အမေကြား၊ လူထုနဲ့ မေမေကြား စ_စ်အာဏာရှင်က ပိုင်းခြားထားခဲ့တယ်။ ဒါပေမယ့် နှလုံးသားရဲ့ အနီးဆုံးမှာ အမြဲအတူတူပါပဲ။ မွေးနေ့တွေအလီလီကြား ၈၀ ပြည့် မိုင်တိုင်ခရီးမှာ အမေအို ကျန်းမာပါစေ။ ဒီမိုကရေစီဆိုတဲ့ လွတ်လပ်ခြင်းတရားနဲ့အတူ အမေ သက်တော်ရာကျော်ရှည်ပါစေ”လို့ ဧရာဝတီတိုင်းစစ်ဌာနရဲ့ Facebook စာမျက်နှာမှာ ရေးသားမျှဝေခဲ့ပါတယ်။

Video – ဒို့ပြန်လာပြီ ဧရာဝတီ

0 Shares:
You May Also Like
Read More

ဖျာပုံမြို့ Black Dragon Force Pyapon UG ခေါင်းဆောင် ရဲဘော်စံလင်းစံ ရဲ့ ၁နှစ်ပြည့် သတိရအောက်မေ့ခြင်းအဖြစ် မြပုလဲစစ်ဆေးရေးဂိတ်အား ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းမပေါ်က မြပုလဲစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၂၉ ရက် မနေ့က ဒရုန်းနဲ့  M9၊ ERO၊ Drop Bombနဲ့ လက်လုပ် အီနာဂါဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ 5/ Commando Force အဖွဲ့ထံက သိရပါတယ်။
Read More

ဇရပ်ကြီးမြို့အနီး ဒိုးတန်းကျေးရွာက အရပ်သားနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးက ဒိုးတန်းကျေးရွာ အရပ်သားပြည်သူနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၀ ရက်က ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖထံက သိရပါတယ်။
Read More

တောင်ငူမြို့နယ် ပဒဲကျေးရွာအနီး အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာအနီး အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားတွေ ပြန်လည်ဆုတ်ပြေးသွားတယ်လို့ ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို အောက်တိုဘာ ၃ ရက်က Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းထံက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ် ပထမဆုံးရက်မှာ MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ကို ဇန်နဝါရီ ၁ ရက် ည ၁၁ နာရီခွဲဝန်းကျင်အချိန်မှာ အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
Read More

လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်တပ်စခန်းနဲ့ စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၀ ‌ထက်မနည်းသေဆုံးပြီး လက်နက် ၈လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း အခိုင်အမာတပ်စွဲထားတဲ့ စစ်တပ်စခန်းနဲ့ စစ်ကူစစ် ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ထက်မနည်းသေဆုံးပြီး လက်နက် ၈ လက် သိမ်း ဆည်းရရှိခဲ့တယ်လို့ KNDF မှ သတင်းထုတ်ပြန်ထားပါတယ်။