ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အုမ္မတီးနဲ့ ရေမောင်းတန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ (၁၆)ရက် မနေ့က အုမ္မတီးနဲ့ ရေမောင်းတန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ TNLA တို့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၉)လုံး၊ ဒရုန်းနဲ့ ဗုံး (၂၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ပန်ကုန်းကျေးရွာဘက်ကိုလည်း တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်တပ်က ပြည်သူလူထုကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁၅)ရက်က လက်ပန်ကုန်းကျေးရွာ၊ အုမ္မတီးကျေးရွာနဲ့ ရေမောင်းတန်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လက်နက်ကြီး (၉)လုံး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံး (၃၇)လုံးနဲ့ ဗုံး (၃၅)လုံးကိုလည်း လာရောက်ကြဲချခဲ့တယ်လို့ သိရပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ ထိုးစစ်ဆင်တာတွေ ပြုလုပ်မှာမဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလကို (၁)လ သက်တမ်းထပ်တိုးထားချိန် စစ်ကောင်စီတပ်က အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်း

ဂျပန်နိုင်ငံရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

၁၈ မိုင် စစ်ကောင်စီစခန်းကုန်းကို သိမ်းပိုက်ခဲ့တဲ့ PDF တွေကို ပြည်သူတွေက ကြိုဆို (ဓာတ်ပုံသတင်း)

စလင်းမြို့က ၁၈ မိုင် စစ်ကောင်စီစခန်းကုန်း သိမ်းပိုက်နိုင်ခဲ့တဲ့ PDF တွေကို ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တယ်လို့ ပခုက္ကူခရိုင် အ မှတ်(၁၅)တပ်ရင်းက ဒီနေ့ ဧပြီလ ၁၄ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

KIO နဲ့ NUG တို့တည်ထောင်ထားတဲ့ တက္ကသိုလ်ကနေ ဘွဲ့ရရှိသူ ၅၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO တို့ ပူးပေါင်း တည်ထောင်ထားတဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် KSCU မှ ဘွဲ့ရရှိသူ ၅၀၀ ကျော်အထိ ရှိသွားပြီဖြစ်ပါတယ်။
Read More

ရခိုင်စစ်ပွဲအတွင်းကနေ လက်နက်နဲ့အတူ ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ် ပြန်ဖမ်းမိ

ရခိုင်ပြည်နယ် ဂွမြို့တိုက်ပွဲထဲကနေ သေနတ် ၂ လက်နဲ့အတူ ဧရာဝတီတိုင်းထဲ ထွက်ပြေးသွားတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ပြန်လည်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ဖျာပုံထောင်မှာ ထောင်ဝင်စာ ၇လကြာ ပိတ်ပင်ခံခဲ့ရတဲ့ နိုင်ကျဉ်းတချို့ အင်းစိန်ထောင် ပြောင်းရွှေ့ခံရပြီးနောက်ပိုင်းမှာလည်း ၇ လ ကြာတဲ့အထိ ထောင်ဝင်စာတွေ့ခွင့် မရသေး

ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ ထောင်ဝင်စာ ၇လကြာ ပိတ်ပင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား တချို့ဟာ အင်းစိန်ထောင်ကို ပြောင်းရွှေ့ခံရပြီးနောက် တိုက်ပိတ်ခံရကာ ထောင်ဝင်စာတွေ့ခွင့် မရကြသေးဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။
Read More

သံလွင်တံတား (မော်လမြိုင်) မှာ လက်နက်တွေ ဖမ်းဆီးရမိ ဟုဆို

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်တံတားက စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းသယ်ဆောင်လာသူ ၁ ယောက်ကို ပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ် ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။