မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကိုင်းထောက်ကန်ရွာကို ဝင်ရောက်လာတဲ့ စစ်အုပ်စု မိုင်းဆွဲပစ်ခတ်ခံရတဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၁၄ ရက် မနက် ၇ နာရီလောက်မှာ ကုန်းကြီးရွာဘက်ကနေ အင်အား ၆၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်အုပ်စုဟာ ကိုင်းထောက်ကန်ရွာထဲကို ဝင်ရောက်ချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ အဲဒီနောက် အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးကာ ၁၁ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့လာမှာကို ကြိုသိလို့တော့မဟုတ်ဘူး။ ကျနော်တို့နဲ့ နီးတဲ့ရွာဆိုတော့ မိုင်းကိုပတ်ပတ်လည်ကာထားတာ.. အဲ့မိုင်းတိုးတယ်။ သေဆုံးတာက မိုင်းကွဲပြီး သေဆုံးတာ ပါတယ်။ ပြီးတော့ ပစ်ခတ်မှုမှာ သေဆုံးတာ ပါတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူး”လို့ မကွေးခရိုင် တပ်ခွဲ (၁) အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက ရွာထဲက နေအိမ် ၃ လုံးနဲ့ ဖောကားတစ်စီးကို မီးရှို့ဖျက်ဆီးကာ ဖမ်းဆီးထားတဲ့ ရွာသား ၂ ယောက်ထဲက ၁ယောက်ကို သတ်ခဲ့ပြီး ၁ ယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီ ၂ ယောက်က ပစ္စည်းယူရင်းကျန်နေခဲ့တာ။ အသတ်ခံရတဲ့ရွာသားက သူတို့မျက်နှာကို မှတ်မိလို့ဆိုပြီးတော့ သတ်လိုက်တာ၊ တစ်ယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်”လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ကိုင်းထောက်ကန်ရွာကတဆင့် ကျွဲတပ်ရွာထဲကို ပြန်လည်ထွက်ခွာသွားပေမယ့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကိုင်းထောက်ကန်ရွာ ဒေသခံတွေကတော့ ရွာထဲကို ပြန်လည်နေခိုင်းခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ တပ်ခွဲ (၁) အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့၊ ချောက်မြို့နယ် ပကဖ၊ မကွေးတိုင်းရင်း (၁)နဲ့ ချောက်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကိုင်းထောက်ကန်ရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားပုံ (ဓာတ်ပုံ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့)

0 Shares:
You May Also Like
Read More

မန်တုံမြို့နယ်နှင့် နမ္မတူမြို့နယ်တွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်ပိုင်ရှင်များကို ထောက်ပံ့ကြေးများ ပေးအပ်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မန်တုံမြို့နယ်နဲ့ နမ္မတူမြို့နယ်မှာ အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်ပိုင်ရှင်တွေ ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ဦး လက်နက်နှင့်တကွ တောင်သူကြီးများအဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထွေအုပ်ရုံးမှ လက်နက်ကြီးရမ်းပစ်လို့ ၈နှစ် ကလေးငယ် သေဆုံး၊ ၁၄ နှစ် သမီး လက်မောင်း ထိခိုက်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

တောကျွဲအင်းမြို့  အကြမ်းဖက်စစ်တပ် စခန်းများအား PDF သိမ်းပိုက်ထား

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း ဘေးမှာရှိတဲ့ တောကျွဲအင်းမြို့က အကြမ်းဖက်စစ်တပ်စခန်း အားလုံးကို သိမ်းပိုက်ထားတယ်လို့  တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ရင်းတစ်ခုက မောင်းကို အတည်ပြု ပြောဆိုပါတယ်။
Read More

ရေးမြို့နယ်တွင် စစ်တပ်ကင်းပုန်းများကို ဒရုန်းဖြင့်တိုက်ခိုက်ရာ သေဆုံးမှု ရှိနိုင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာလမ်းဆုံအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကင်းပုန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ထုတ်ပြန်ပါတယ်။
Read More

KNDF အမှတ် (၁၅) တပ်ရင်း ၃နှစ်ပြည့် အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF အမှတ်(၁၅)တပ်ရင်းအနေနဲ့ အောက်တိုဘာလ (၂၈) ရက်မှာ ကျရောက်ခဲ့တဲ့ (၃) နှစ်ပြည့်အခမ်းအနားကို မြေပြင်အခက်အခဲ အခြေအနေ အမျိုးမျိုးကြောင့် ဒီဇင်ဘာလ (၂၈) ရက်မှာမှ ကရင်နီပြည်နယ် မြေပြင်တစ်နေရာမှာ ပြုလုပ်နိုင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။